Sunday, March 21, 2021

ဝဋ်နာကံနာ သေးသစ္စာ

 Mar 1, 2021


-----
ရှင်းရှင်းလင်းလင်း မြင်သင့်ပြီ။ အားလုံးဟာ စနစ်ဆိုးရဲ့ သားကောင်တွေပါ။ အရပ်ဆယ်မျက်နှာက ကာယကံ၊ ဝစီကံ၊ မနောကံ စွမ်းအားတွေ ဖြစ်နိုင်သလောက် ညှစ်ထုတ်ပြီး စုစည်းအားမှာ ပါဝင်ရမယ့် အရေးပေါ် နောက်ဆုံးအချိန် ရောက်နေပြီ။ မငြင်းရဲလို့ အားမဖြည့်ရဲဘူး ဆိုရင်တောင် မြတ်သော ငြိမ်သက်ခြင်းဟာလည်း အားတစ်မျိုးပဲ။ ခုချိန်ထိ အကြောင်းပြချက် အမျိုးမျိုးနဲ့ စစ်အာဏာရှင် စနစ်ကိုမှ နှစ်နှစ်ကာကာ ဖြစ်နေနိုင်သေးတယ်၊ စနစ်ဆိုးကို ကံသုံးပါးနဲ့ ကာကွယ်နေနိုင်သေးတယ် ဆိုရင်တော့ သေချာတယ် . . . ဒါဟာ ဝဋ်နာကံနာပဲ။ နီးစပ်ရာ စစ်ဗိုလ် စစ်သားဆီက သေးတစ်စက်လောက် အသနားခံပြီး သေးသစ္စာသာ သောက်လိုက်တော့။ "ဖြစ်လေရာ ဘဝတိုင်း စစ်ကျွန်သာ ဖြစ်ရလိုပါ၏"လို့ ဆု‌တောင်း။ ရှင်းရှင်းလင်းလင်း လုပ်သင့်ပြီ။

No comments:

Post a Comment