Wednesday, March 15, 2017

အမျိုးသားရေးသင်္ကန်း (ပရိက္ခာရစောဠအဓိဋ္ဌာန်)


ဟောဒီ မွေးနေ့လက်ဆောင်က တစ်ရက်နောက်ကျပြီးမှ ရောက်လာပါတယ်။ တကယ်က ကိုယ့်ဟာကိုယ်ပေးတဲ့ လက်ဆောင်ပါ။ တစ်နည်း ပြောရရင် အဇ္ဈတ္တ အမျိုးဘာသာသာသနာချစ်စိတ်ကို အနုနည်းနဲ့ မြှင့်တင်လိုက်တာပါ။ 

ဒါက ဒီလို။ ဗုဒ္ဓဂယာသွားရင်း ဗာရာဏသီမှာ သတိထားမိခဲ့တယ်။ ဒီက မြန်မာဘုန်းဘုန်းတွေ ဝတ်ရုံတော်မူကြတဲ့ ခြုံထည်ဆိုတာကို ဗာရာဏသီ ကုလားမကြီးတွေ ခြုံနေကြတာ။ တံဆိပ်က အသောက (Ashok)။ မြန်မာ ဘုန်းဘုန်းခြုံထည်အစ ဗာရာဏသီ ကုလားမတွေက။ ရင်းမြစ် မဟုတ်တောင်မှ အကြောင်းခံ မကင်းလှ။ ထူးဆန်းလှတာတော့ မဟုတ်ပေမယ့် ခြုံရတာ ရှက်သလိုလို ခံစားမိလို့ အဲ့လို ခြုံထည်ကို တတ်နိုင်သလောက် ရှောင်ခဲ့တယ်။ ရိုးရိုးသင်္ကန်း ခြုံပြန်တော့ သိပ်အဆင်မပြေ။ နှစ်ထပ်သင်္ကန်း ကျပြန်တော့လည်း လေးလွန်းတယ်။

ဒါနဲ့ပဲ ကုလားမခြုံထည်နဲ့ ဆိုက်တူကိုက်တူ ကွက်နုပ် နှစ်ထပ်သင်္ကန်း ချုပ်ပေးဖို့ သင်္ကန်းဆိုင်မှာ အထူးမှာတယ်။ မရည်ရွယ်ပေမယ့် စောစောက ပြောခဲ့သလို တစ်ရက်နောက်ကျပြီး ရောက်လာပါတယ်။ အထူးချုပ်မို့ ဈေးနှုန်းတော့ နည်းနည်းပိုတယ်။ လက်ဆောင်ပစ္စည်း ဖြစ်နေလို့ ငွေကြေးတန်ဖိုးတော့ ဖွင့်မပြောသင့်ဘူး ထင်ပါတယ်။

မွေးနေ့ရှင် ကျန်းမာချမ်းသာပါစေကြောင်း။

:)
ရှင်အာစာရ

No comments:

Post a Comment