Sunday, March 21, 2021

ပိတောက်တွေတောင် သိနေအုံးတော့

 Mar 2, 2021


-----
(တောင်သူလယ်သမားနေ့)
"လုပ်စမ်းပါ အရှင်ဘုရားရယ်။ ကဗျာဆန်ဆန် ပြောရရင် ပိတောက်တွေတောင် သိနေပြီ။ လမ်းပေါ်ထွက်ခိုင်းတာ မဟုတ်ပါဘူး။ အရှင်ဘုရား အနေနဲ့ လမ်းပေါ်ထွက်လို့လည်း မသင့်တော်ပါဘူး။ မီဒီယာခေတ်မှာ . . . အရှင်ဘုရား စတေးတပ်စ်တွေ တင်နေကျပဲ . . . စာအရေးအသား ကောင်းပါတယ်။"
"ကဲ . . . ငါ မေတ္တာရပ်ခံစာ ပို့လိုက်ပါပြီတဲ့ . . . မင့်အဖေက ဖတ်မှာလား။ ငါ ဆဲမိတော့မယ်။"
"သူ့အပိုင်းနဲ့သူပေါ့ ဘုရား။ ဘုရားချွတ်လို့တောင် မကျွတ်မှန်း သိတာပေါ့။ အရှင်ဘုရား တာဝန်ကျေတာပေါ့။ ကမ္ဘာကလည်း သိသွားတာပေါ့။"
"မင့်အဖေ ယုတ်မာနေတာ ကမ္ဘာက မသိဘဲနေမလား။ ကမ္ဘာကြီးက မအတော့ဘူးကွ။"
"သိပေမယ့် သက်သေလိုတာပေါ့ ဘုရား။ လက်ဂျတမေစီ ဘာညာတွေက ရှိသေးတာ . . .။ ဘာပဲဖြစ်ဖြစ် . . . အောက်ထစ်ဆုံး တပည့်တော်တို့ . . . အားရှိတာပေါ့။"
"အားရှိချင်ရင် ငှက်ပြောသီး စားကွာ။ မင့်ကလေးတွေ အတွက်ပါ ယူသွား။ ဆန္ဒပြသွားတဲ့ မင့်မိန်းမ ပြန်လာရင် စားဖို့အတွက်ပါ ယူသွား။"
"အဲ . . . အဲ့လိုပြောတာ မဟုတ်ဘူး ဘုရား"
"တော်ကွာ . . .။ ငါ ဒီလောက် အမဘူး။ မင်း သွားတော့ကွာ။ ငါ လိုင်းသုံးလိုက်အုံးမယ်။ အားတာ မဟုတ်ဘူး။ ခုမှ ရက်လည်ဆွမ်းသွပ်က ပြန်လာတာ။ မင်းမြင်တဲ့အတိုင်းပဲ။ သင်္ကန်းရုံတောင် မဖျက်ရသေးဘူး။"
"မှန်ပါ . . .။ အရှင်ဘုရားနဲ့ တပည့်တော်နဲ့ friend ဖြစ်ပြီးသားနော်။ အရှင်ဘုရား ဝေါပေါ်ကနေ တင်လိုက်ဘုရား။ အမှန်တရား အကြောင်း၊ သစ္စာလေးပါး. . . ဓမ္မပဒ ဘာညာဘာညာ . . . တစ်ခုခုပေါ့။ တရားသဘောနဲ့ ကပ်ပြီး ထိထိမိမိလေး။ အရှင်ဘုရားပဲ . . . အောင်ဘု ငါးကန်လုပ်တုန်းက ပါဏာတိပါတ . . . သမ္မာအာဇီဝ . . . တရားတွေ စောင်းဟောလို့ အောင်ဘုနဲ့ စကားများရသေးတာ။ အခု ဒီကောင်တွေ လူသတ်နေကြတာ။ ရိုက်နှက် လုယက် အိမ်ထဲထိ ဝင်ပြီးတော့တောင် ယုတ်မာနေကြတာ . . .။ ရေးတင်လိုက်ဘုရား တပည့်တော် ရှဲလိုက်မယ်။ တစ်ခါတည်း တပည့်တော်နဲ့ . . . တက်တွဲလိုက်လည်း ရတာပဲ"
"မင်းကွား . . . ငါ့လာကြပ်နေပြန်ပြီ။ ဖေ့ဘွတ်တင်ပြီး . . . မင့်အိမ်လာ ပုန်းအိပ်နေရမယ့် သဘော။ လျှစ်စစ်ဥပဒေ ထုတ်ထားတာ မင်းလည်း သိသားပဲ။ ဟား ဟား ဟား။ ဒီမယ့် ဟေ့ကောင် . . . နိုင်ငံရေး ကင်းတယ်။ ငါက . . . လျှပ်စစ်ဥပဒေနဲ့ အရေးယူခံရမှာစိုးလို့ ရေနွေးတောင် လျှပ်စစ်နဲ့ မတည်တော့ဘူး။ သဘောက်ပေါက်။"
"ငှင့်"
-----
crd: ဧဝံ မေ သုတံ

No comments:

Post a Comment