"ကိုရင် အသစ်လေးတွေကို သာသနာ့ အမည်၊ ဘွဲ့အမည် ပေးအပ်တယ်။
ရှင်မည်ခံတယ်ဆိုတာဟာ မနေ့က ပြောခဲ့တဲ့အတိုင်း ကိုရင်လေးတွေကို
အကြောင်းပြုပြီး ကုသိုလ်ပွားကြတာပါပဲ။
ဦးတူးမောင်ထွန်းတို့
ဒေါ်မြင့်မြင့်မော်တို့၊ မိဘတွေ ကုသိုလ်ရဖို့၊ ကိုရင်လေးတွေ ကုသိုလ်ရဖို့။
ကိုရင်လေးတွေ သာသနာ့ဘောင်မှာ နေနိုင်ရင် နေနိုင်သလောက် ကုသိုလ်ပွားနေဖို့
လိုတယ်။ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေလို ကိုရင်လေးတွေ။
ဒီနေ့ခေတ် ပြောနေကြတာက . . . ကလေးတွေ သာသနာရေးနဲ့ ဝေးလာတယ်။ ကိုရင် မဝတ်ချင်ကြတော့ဘူး။ ဒီလို မျိုးဆက်သစ်
ပြဿာအတွက် လူကြီးတွေမှာ တာဝန်ရှိတယ်။ လူအိုတွေ အသုံးမကျရင်၊
ဘုန်းကြီးအိုတွေ အချိုးမပြေရင် မျိုးဆက်သစ်တွေရဲ့ အခြေအနေက ပိုဆိုးလာဖို့ပဲ
ရှိတယ်။
သာသနာတော်ကို
ကလေးတွေ အထင်မကြီးရင် ခက်ပြီ။ ဆိုပါစို့ ဒီကိုရင် အသစ်လေးတွေ
ရာဟုလာကျောင်းမှာ နေကြတော့ သာသနာ့ထုံးစံအတိုင်း ဆွမ်းခံကြွကြရမယ်။
ရာဟုလာမှာ ရှိနှင့်တဲ့ ကိုရင်တွေ ဆွမ်းခံထွက်တဲ့ ဆွမ်းခံတန်းက ကျက်သရေ
မရှိတဲ့ ဆွမ်းခံတန်း ဖြစ်နေရင် ကိုရင်အသစ်လေးတွေက ဆွမ်းခံတန်းထဲ
ဘယ်ဝင်ချင်ပါ့မလဲ။ လက်ရှိ ကိုရင်တွေက လေးစားစရာ၊ ကျက်သရေ ရှိနေမယ်ဆိုရင်
ဒီကိုရင်တွေနဲ့ အတူနေရတာ ပျော်စရာ ဖြစ်နေမှာပေါ့။ အဲ့ဒါပဲ။ သာသနာတော်
ကျက်သရေ ရှိနေအောင် ဆရာဒကာ သာသနာပြုကြရတယ်။
ဘုန်းကြီးချင်း တစောင်စောင် ဖြစ်နေမယ်ဆိုရင်၊ လူနဲ့ဘုန်းကြီး အပြန်အလှန် နားလည်မှု မရှိဘူးဆိုရင် သာသနာ အိုကြီးကို မျိုးဆက်သစ်တွေက ဘယ်လို မြင်မလဲ။
မျိုးဆက်သစ်တွေ သာသနာ့အမွေ လိုလိုချင်ချင် လိုချင်တတ်လာကြဖို့အတွက် သာသနာတော်ကြီး ကျက်သရေရှိအောင် လုပ်ကြရမယ်။"
:)
ရှင်အာစာရ

No comments:
Post a Comment