Showing posts with label 07. Joke - ၿပံဳးစရာ. Show all posts
Showing posts with label 07. Joke - ၿပံဳးစရာ. Show all posts

Monday, March 23, 2020

ပုံမဲ့ကာတွန်း (၄၉)

ကာတွန်းဘုန်းကြီး။ ။ "ဟဲ့ ကိုရင် ဆော့လှချည်လား။ ဘာတွေ လုပ်နေတာလဲ။"
ကာတွန်းကိုရင်။ ။ "ဗိုင်းရပ်က ရန်ကုန် ရောက်လာပြီတဲ့ ဘုရား။ ရန်ကုန်က ရထားတွေပေါ်မှာတောင် ကာကွယ်ဆေး ဖျန်းနေကြပြီ ဘုရား။"

ကာတွန်းဘုန်းကြီး။ ။ "ဟား . . . နင်က ဘယ်ကဆေး ရလို့လဲ။"

ကာတွန်းကိုရင်။ ။ "သူတို့လည်း တပည့်တော်လိုပဲ ရေထည့်ဖျန်းတာပါ ဘုရား။"

Tuesday, October 3, 2017

မှန်သော သစ္စာ


သူသည် ပြောစရာ ရှိပြီဆိုလျှင် ဘယ်သူ့ကိုမှ၊ ဘာကိုမှ မငဲ့မကွက်ဘဲ မှန်ရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သောကြောင့် တစ်ရွာလုံးက သူ့ကို ဦးသစ္စာဟု ခေါ်ကြသည်။ ဦးသစ္စာ၏ အမှန်စကားများကို သည်းမခံနိုင်သည့် အခါတိုင်း ရွာသူရွာသားတို့သည် ဦးသစ္စာကို ရွာ့အပြင်သို့ နှင်ထုတ်လေ့ ရှိကြ၏။ မှန်ရာကို ပြောမိသဖြင့် ရွာ့အပြင် တဲလေးမှာ နေရသည့် အတွေ့အကြုံသည် ဦးသစ္စာအတွက် ရိုးအီနေပြီ ဖြစ်၏။ ထိုသို့ ရွာ့အပြင်မှာ နေရသည့် အခြေအနေများမှာ ယာယီသာ ဖြစ်ပြီး ရက်အနည်းအငယ်၊ သို့မဟုတ် တစ်လနှစ်လ ကြာသောအခါ ဦးသစ္စာ ရွာထဲ ပြန်ရောက်လာသည်ချည်းသာ ဖြစ်၏။ ရွာသူရွာသားများကလည်း ဦးသစ္စာ ရွာထဲ ပြန်လာတိုင်း လက်ခံကြသည်ချည်းသာ ဖြစ်၏။
ယခုလည်း ရွာ့အပြင် တဲလေးမှာ ဦးသစ္စာ ရောက်နေပြန်သည်။ တောသွားတောလာ၊ ဈေးသွားဈေးလာ ခရီးကြုံသူတို့ ဦးသစ္စာဆီ ဝင်လာပြီး ဦးသစ္စာနှင့် စကားစမြည် ပြောလေ့ရှိကြ၏။

“ဦးသစ္စာကြီး ရွာ့ပြင် ရောက်လာပြန်ပြီလား။ ဒီတစ်ခါ ဘယ့်သူ့အကြောင်း ဘယ်လိုအမှန်တွေ ပြောမိလို့ နှင်ထုတ်ခံရတာလဲ။”

“ဘယ်သူ့အကြောင်းမှ ငါမပြောဘူး။ ဘယ်သူကမှ ငါ့ကို နှင်ထုတ်တာလည်း မဟုတ်ဘူး။ ငါ့ဟာငါ ထွက်လာတာ။”

“ဘာဖြစ်လို့ ထွက်လာရတာလဲ။ အေးပါဗျာ . . . တစ်နေ့နေ့ ရွာထဲ ပြန်သွားပေါ့။”

“ရွာထဲ မပြန်တော့ဘူးကွာ။ ဒီတစ်ခါ ငါ့အကြောင်း၊ ငါ့မိသားစုအကြောင်း အမှန်တွေချည်းပဲ တစ်ရွာလုံးက ပြောနေကြတယ်။ မကြားချင်လို့ ငါ့ဟာငါ ထွက်လာတာ။ လုံး၀ မကြားချင်ဘူး။ သွားကွာ။ မင်းလည်း သွားတော့။”

:)
ရှင်အာစာရ

Friday, June 16, 2017

ချေပဂိုး

မောင်ပဉ္စင်းသည် အလွတ်ကန်တင်ဘောဖြင့် ကစားကွက်ဖော်ရန် ကြိုးစားရာ ရဟန်းဒကာကြီးက ဇွတ်ဝင်၍ . . .

"ဟလိုး။"

"ဟ လို့ . . ဝို . . . .။ မင်္ဂလာပါ . . .။ မယ်တော်ကြီး နေ ကောင်း . . လား . . . . .။"

"မယ်တော်ကြီး မဟုတ်ဘူး။ မင့်အဖေ။ အဖေ နေကောင်းတယ်။ ငါ့သား နေကောင်းရဲ့လား။ ငါ့သား ဘာလိုလို့လဲ။ ငါ့သား လိုတာရှိရင် အဖေ့ကို ပြော။ . . . . . ဟလိုး။ ငါ့သား အဖေပြောတာ ကြားလား။"

(ဧဝံ မေ သုတံ)

Tuesday, March 7, 2017

ပုံမဲ့ကာာတွန်း - ၄၈

ကာတွန်းဘုန်းကြီး - ၁။ "မောင်အာရေ . . . တို့ကတော့ ခြေဥ မပြင်ချင်ဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ . . .။"

ကာတွန်းဘုန်းကြီး - ၂။ "ဘာပဲဖြစ်ဖြစ် . . . ခြေဥ မပြင်ချင်ရင် လက်ဥ ပြင်ပါ ဘုရား . . . _/\_ . .။"

ချစ်သူ့လက်ဆောင်

(Feb 14, 2017)

ထိုအမျိုးသမီးသည် ချစ်သူများနေ့ ညနေစောင်း၌ ခဏတာ အိပ်ပျော်သွားပြီး နိုးလာသည်နှင့် လင်ဖြစ်သူထံသို့ ဝမ်းသာအားရ သွားပြောသည်။

"သိပ်အံ့သြစရာ ကောင်းတာပဲ ကိုရယ်။ ချစ်လေ ခဏ အိပ်ပျော်သွားတာ အိပ်မက် မက်တယ် သိလား။ ဘာအိပ်မက်လဲ ကို့ကို ချစ် ပြောပြမယ်။ ခဏ နားထောင်နော်။ ချစ် အိပ်မက်ထဲမှာလေ . . . ကိုက ချစ်အတွက် ချစ်သူများနေ့လက်ဆောင် ပလက်တီနမ် ဆွဲကြိုးလေး ဝယ်ပေးတာ . . . သိလား။ ချစ်လေ . . . အရမ်းပျော်တာပဲ ကိုရယ်။ အဲ့ဒါ . . . ချစ် ခုနိုးနိုးချင်း ကို့ကို လာပြောတာ။ ချစ် အိပ်မက်ရဲ့ အဓိပ္ပာယ်က ဘယ်လိုလဲ မသိဘူးနော်။ အိပ်မက်ဆိုတာ မှန်တတ်သလား မသိဘူးနော်။"

"အင်း . . . ချစ် အိပ်မက်ရဲ့ အဓိပ္ပာယ်လား။ ချစ် သိနိုင်အောင် ကို ကူညီမယ်လေ။ ခဏစောင့်။ ကို ဈေးဘက် သွားလိုက်အုံးမယ်။ ချစ်အတွက် ကို လက်ဆောင်သွားဝယ်မယ်။"

"ကျေးဇူးပါ ကို။"

လင်ဖြစ်သူသည် လက်ဆောင်ပစ္စည်း ဝယ်ယူပြီး ဆိုင်မှာပင် ပါဆယ်ထုပ်ခဲ့သည်။ ချက်ချင်း အိမ်ပြန်လာပြီး လက်ဆောင်ထုပ်ကို မယားထံ ပေးလိုက်သည်။ လင်ရော မယားပါ ပြုံးပျော်နေကြသည်။
ထိုအမျိုးသမီးသည် လက်ဆောင်ထုပ်ကို အိပ်ခန်းထဲ ယူသွားပြီး ဝမ်းသာအားရ ဖွင့်ကြည့်သည်။ သူရသည့် လက်ဆောင်ပစ္စည်းအတွက် မျှော်လင့်ခဲ့သလောက် မပျော်ရပေ။ ချစ်သူများနေ့ လက်ဆောင်ပစ္စည်းမှာ စာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်၏ အမည်မှာ . . .
"အိပ်မက်တိတ္ထုံကျမ်း - အိပ်မက်များကို ဖွင့်ဆိုခြင်း" ဟူ၏။



----- http://www.india.com/buzz/valentines-day-jokes . . . . .

Thursday, September 1, 2016

အကြောပြင်သည်

အနာတစ်မျိုး ဆေးဆယ်မျိုးဟု ဆို၏။ ရောဂါတစ်ခု ပျောက်ကင်းရေးအတွက် ဆေးမျိုးစုံ ရှိသည်။ ထို့အတူပင် ဆေးကားတစ်မျိုး အနာဆယ်မျိုးဟုလည်း ဆိုရမည် ဖြစ်၏။ ဆေးတစ်မျိုးက ရောဂါများစွာကို ပျောက်ကင်းစေနိုင်၏။ ထို့သို့ အပြန်အလှန် တွေးယူခဲ့ရ၏။
ထို့ပြင် သမားတော် ဆရာဇီဝကအတွက် ဆေးဘက်မဝင်သည့် နွယ်မြက်သစ်ပင်ဟူ၍ မရှိကြောင်း ကြားဖူးသည့် ပုံပြင်ဖြင့်လည်း ဆွဲယူတွေးဆခဲ့ရ၏။ 

"ဘုန်းဘုန်း ဘာဖြစ်တာလဲ။"

"ညာဘက် ခြေသူကြွယ် ထုံနေလို့ပါ။ တစ်လလောက် ရှိပြီ။"

မြန်မာသမားတော်သည် အကြောဖွင့်ပေးသည် ဆို၏။ ညာဘက်ခြေသူကြွယ် အဖျားကို အထက်အောက် ဖိ၍ တအားနှိပ်၏။ စူးစူးရှရှ နာကြင်သောကြောင့် စူးစူးဝါးဝါး အော်ဟစ်ရသည်။ သို့သော် အခြားသော ခြေဖမိုး နှိပ်ချက်များ မနာကြင်လှပေ။ မျက်စိမှိတ်သွားရုံလောက်သာ နာကြင်၏။ ခြေကျင်းဝတ်ကို လိမ်၍ချိုးလိုက်ခြင်းသည် နောက်ဆုံးကုသချက် ဖြစ်၏။ ချွတ်ကနဲ အသံမြည်သွားသည်။

"ခြေသူကြွယ်ကို စမ်းကြည့်ပါအုံး ဘုရား . . .။"

"အင်း . . . သိပ် မထုံတော့သလိုပဲ။"

"ခြေကျင်းဝတ်မှာ အကြောလိမ်နေတာပါ ဘုရား။ လေဖြတ်ချင်လို့ ထုံတာမျိုး မဟုတ်ပါဘူး။"

"ဟူးးးးးး။"

"ဘုန်းဘုန်း ဒီဆေးလိမ်းရမယ်။ တစ်ပတ် . . . သနပ်ခါးနဲ့ သွေးလိမ်း။ ခြေဖမိုးကို ရေနွေးအဝတ် ကပ်ပေး။ ပြီးမှ ဆေးလိမ်း။ တစ်ရက် တစ်ခါ . . .။"

မြန်မာသမားတော်၏ နှိပ်ချက်များ မည်မျှ စွမ်းသည် ဖြစ်စေကာမူ၊ လိမ်းဆေးနှင့် ပတ်သက်၍ မည်သို့ တွေးယူသည်ပင် ဖြစ်စေကာမူ ဆေးနာမည်ကိုကြည့်၍ တုန်လှုပ်စွာ ပြုံးမိခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။

:)
ရှင်အာစာရ
(ခေတ္တ အမရပူရ)

Sunday, August 21, 2016

ပုံမဲ့ကာတွန်း - ၄၇

ကာတွန်းမေမေ။   ။ "ဟဲ့ သားလေး . . . ရှစ်နာရီ ထိုးပြီ။ ဘုန်းကြီးကျောင်း မသွားဘူးလား။ ဘဘုန်းကျောင်းမှာ ဆွမ်းခံကျောင်းသား မရှိဘူးလေကွယ်။"

ကာတွန်းသားသား။   ။ "မသွားချင်ဘူးဗျာ . . .။ ဆွမ်းခံတော့ . . . ကြက်သားတွေ ၀က်သားတွေ . . . အများကြီးရတာ။ ဆိပ်သားရော . . . ငါးတွေရော အများကြီးပဲ။ စားတဲ့ခါကျတော့ သားတို့လည်း မစားရဘူး။"

ပွတ်ရခြင်း အကျိုး

"ဟဲ့ မောင်မောင်ကဲ။ ပွတ်လှပါလား။"

"မှန်ပါ။ အမ်ပီတီနဲ့ ချိတ်ဆက်ထားလို့ပါ ဘုရား။"

"နင်သာ စူဠပန်လို ပါရမီရှိရင် ကျွတ်တမ်းဝင်လောက်ပြီ။ နင့်ပွတ်အားမျိုးနဲ့ဆို အိုကေပဲ။"

"မှန်ပါ။ ရဇောဟရဏံနဲ့ မချိတ်ဆက်ရသေးလို့ပါ ဘုရား။"

ဂျော်နီရဲ့ နိုင်ငံရေးအမြင်

ကျောင်းစာ စိတ်ဝင်စားသူ မူလတန်း ကျောင်းသားလေး မောင်ဂျော်နီသည် ညစာစားပြီသည်နှင့် မအိပ်သေးဘဲ သူ့အဖေကို စာမေးလေ့ရှိသည်။ ကျောင်းမှာ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့သည့်စာကို သူ့အဖေက ရှင်းပြရသည်။
"ဖေဖေ ရှင်းပြပါ။ ဒီနေ့ ကျောင်းမှာ သင်ရတဲ့ နိုင်ငံတော်အစိုးရအကြောင်း သိပ်နားမလည်ဘူး။"

ဖခင်ဖြစ်သူသည် ခဏကြာအောင် စဉ်းစားပြီး ရှင်းပြသည်။
"ဥပမာကွာ . . . ဖေဖေတို့ မိသားစုက နိုင်ငံတစ်ခု ဆိုပါစို့။ ဖေဖေက သမ္မတ၊ မေမေက လွှတ်တော်၊ သားက ပြည်သူ၊ အိမ်ဖော်မလေးက အလုပ်အင်အားစု၊ သားရဲ့ညီလေးက တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ ရှင်းပြီလား။"

"သိပ်မရှင်းသေးဘူး ဖေဖေ။"

"ပြန်စဉ်းစားရင်း နားလည်လာမှာပါ။ ဒီနေ့တော့ အိပ်ကြစို့နော်။ သားက လိမ္မာတယ်။ ဂွတ်နိုက်။"

မောင်ဂျော်နီ စဉ်းစားရင်း အိပ်ပျော်သွားပြီး ညီလေး၏ ငိုသံကြောင့် လန့်နိုးလာသည်။ ညီလေးသည် ပုခက်ထဲ၌ ရှူးရှူးများ ရွှဲရွှဲစိုနေ၏။ ညီလေးအတွက် မောင်ဂျော်နီ ဘာမှမလုပ်တတ်ပေ။ မိဘများကို နှိုးမှဖြစ်တော့မည်။ မိဘများ၏ အခန်းသို့ သွားသည်။ မေမေ အိပ်မောကျနေသည်။ မောင်ဂျော်နီ မနှိုးရဲပေ။ ဖေဖေလည်း အခန်းထဲမှာ မရှိ။ ညီလေး၏ ငိုသံ ပို၍ ကျယ်လာသည်။ အိမ်ဖော်ကို အကူအညီတောင်းရမည်။ အိမ်ဖော်၏ အခန်းသို့ သွားသည်။ မောင်ဂျော်နီ အံ့သြသွားသည်။ ဖေဖေသည် အိမ်ဖော်နှင့် ဖောက်ပြန်နေ၏။ သို့သော် အသိတစ်ခု ရလိုက်သည်။ ဖေဖေ ရှင်းပြသည့် ကျောင်းစာကို နားလည်သွားပြီး မှတ်ချက်ချလိုက်သည်။ 

"သမ္မတဟာ အလုပ်အင်အားစုကို အဓမ္မကျင့်နေတယ်။
လွှတ်တော်ဟာ အိပ်မောကျနေတယ်။
ဘယ်သူမှ ပြည်သူကို ဂရုမစိုက်ဘူး။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရှူးရှူးတွေ စိုနေတယ်။"


-----
Ref:
"A LESSON IN GOVERNMENT"
@
jokes.cc.com

Thursday, July 7, 2016

ဘီလူး


နာရီပြန် (၂)ချက်ထိုးသည်ထိ ချွေးစို့နေသည်။ ပုံမှန် ပတ်ဝန်းကျင် အခြေအနေမှာ ရာသီဥတု အပူကင်းပြီ ဖြစ်၍ အေးအေးဆေးဆေး အိမ်မောကျရမည့် အချိန်ဖြစ်သော်လည်း ကြောက်စိတ်ကြောင့် အိပ်မရဘဲ ချွေးပျံနေသည်။ ညနေက ပြောစကားကို ပြန်၍ သတိရမိခြင်းကြောင့် ကြောက်အား ပိုမြင့်လာပြီး ချွေးထွက်များလာပြန်သည်။

“တပည့်တော်တို့ ငယ်ငယ်ကဆိုရင် သာသနာ့တက္ကသိုလ်က ကိုင်းတောကြီး။ ဘယ်သူမှ မ၀င်ရဲဘူး။ တပည့်တော်တို့ ကလေးတွေတောင် အတုမရှိထဲမှာပဲ ကစားကြတာ။ မီးလောင်ငုတ် ကျောင်းတိုင်တွေကို . . . တိုင်မှတ်တမ်း ခွေးရူးလိုက်ကြတာ။ ကိုင်းတောထဲတော့ မ၀င်ရဲကြဘူး။”

ရှေးယခင်က ကင်းဆိတ်ရာဒေသ ဖြစ်ခဲ့သည်ဟူသော အသိက ပစ္စက္ခ စည်ပင်မှုကို သိမ်ငယ်စေသည်။ မီး မပျက်ဘဲ အပြင်မှာ လင်းထိန်နေသော်လည်း အခန်းထဲမှာ ချောက်ချားနေသည်။ ခွေးများ သံရှည်ဆွဲ၍ အူခြင်းသည် နာနာဘာဝ မြင်ရခြင်း သင်္ကေတသာ ဖြစ်ရမည်။ အခန်းထဲမှာ လှောင်အိုက်နေပြီဖြစ်သော်လည်း ACကို ဖွင့်လိုက်လျှင် အပြင်က ပန်ကာလည်သွားမည် ဖြစ်သောကြောင့် ငြိမ်၍သာ အိုက်နေသင့်တော့သည်။ မှန်ပြတင်း ခန်းဆီးလိုက်ကာကြားမှ အပြင်သို့ ချောင်းကြည့်ရန် စိတ်ကူးလိုက်သေးသည်။ ခွေးများ ၀ိုင်းအူနေကြသည့် အကောင်းကြီးကို ကြည့်လိုက်ချင်သည်။ ခန်းဆီးစကို ဟလိုက်မည် စိတ်ကူးပြီးမှ ဖွင့်မကြည့်ရဲဘဲ ငြိမ်နေလိုက်သည်။ ဖြူဖြူအကောင်းကြီး ဖြစ်ချင်ဖြစ်မည်။ မည်းမည်းကြီးလည်း ဖြစ်နိုင်သည်။ ၀ိုင်းအူနေသည့် ခွေးများကို မထီလေးစား လုပ်နေမည့် အကောင်ကြီး လမ်းလျှောက်နေခြင်း ဖြစ်လိမ့်မည်။ ၀ိုင်းအူနေသည့် ခွေးများ နေရာ ရွေ့ရွှေ့သွားသည်။

ရနာပုံခေတ်က မင်းညီမင်းသားများကို ကွပ်မျက်ပြီး မြှုပ်နှံရာ သုဿာန်ဟု မှတ်သားဖူးသည့် နေရာဆီမှာလည်း ခွေးများ အူနေကြသည်။ ခွေးချင်း ချိတ်ဆက်မိခြင်း ဖြစ်နိုင်သည်။ နာနာဘာဝချင်း ချိတ်ဆက်မိခြင်းလည်း ဖြစ်နိုင်သည်။

ကြောက်တတ်သည့် ခွေးတစ်ကောင်းက အခန်းဘေး အပြင်နံရံကို လာကပ်၍ တဖြီးဖြီး မာန်ဖီနေသည်။ သူ့မှာ နောက်ကျောလုံနေပုံရသည်။ သူ့ကို ချောက်ထုတ်လိုက်လျှင် ဟိုအကောင်ကြီးက ကိုယ့်ကိုပါ သတိထားမိလိမ့်မည် ဖြစ်သောကြောင့် မာန်ဖီနေသည့် ခွေးကို သည်းခံပြီး ငြိမ်နေလိုက်ရသည်။ သေချာအောင် မီးပိတ်လိုက်သည်။ သတ္တိခဲ ခွေးတစ်ကောင်က တ၀ုတ်ဝုတ် ဟောင်ရင်း တဇွတ်ထိုး ၀င်သွားပုံရသည်။ သို့သော် ဂိန်ကနဲ တစ်ချက်အော်ပြီး ရပ်သွားသည်။ မာန်ဖီသံ ကြားနေရသည်။ ဟိုအကောင်ကြီးက မျက်လုံးပြူးပြလိုက်ခြင်း ဖြစ်မည်။ ကြောက်ပြုံး ပြုံးမိသည်။

ခွေးအူသံ ခွေးဟောင်သံများ ရပ်သွားပြန်သည်။ တီးလုံးတိုက်ထားသကဲ့သို့ ရုတ်တရက် တစ်ပြိုက်နက်တည်း ငြိမ်ကျသွားခြင်း ဖြစ်သည်။ ဟိုအကောင်ကြီး ဖျပ်ကနဲ ကိုယ်ရောင်ဖျောက်လိုက်သောကြောင့် ခွေးအားလုံး မှင်တက်မိသွားခြင်း ဖြစ်နိုင်သည်။

“ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ”ကို သတိရမိပြီး ဂုဏ်တော်ပွားသည်။ အရဟံမှ စသော်လည်း ဘဂ၀ါထိ မဆုံးဘဲ အရဟံမှ ပြန်ပြန်စနေရသည်။ မိုးသာ မြန်မြန်လင်းစေချင်တော့သည်။

မိုးမလင်းခင် ခဏတော့ အိပ်ပျော်သွားသေးသည်။ ခွေးများကား တရုန်းရုန်းနှင့် အူနေဆဲ ဟောင်နေဆဲ ဖြစ်သော်လည်း ဆွမ်းစားကျောင်းမှ အရုဏ်ဆွမ်းပင့် တုံးခေါက်သံ ကြားလိုက်ရ၍ အားတက်လာသည်။ ခန်းဆီစကို ရဲရဲလှစ်၍ မှန်ပြတင်းမှ ကြည့်လိုက်ရာ ခွေးတစ်သိုက် ခွေးဇာတ်ခင်းနေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။ တဏှာဘီလူး ပူးဝင်အပ်သည့် ခွေးတို့ပေးတကား။

(ဖိုတို - ခွက်ဒစ် အင်တာနက်)

:)
ရှင်အာစာရ
ခေတ္တ မန္တလေး

Tuesday, May 24, 2016

ပုံမဲ့ကာတွန်း - ၄၆

ကာတွန်းလူ - ၁။ ငါတို့က လူ့အခွင့်အရေးကို အသက်နဲ့ ထပ်တူ တန်းဖိုးထားတာကွ။

ကာတွန်းလူ - ၂။ လူ့အခွင့်အရေး တန်ဖိုးကျသွားပါ့အုံးမယ် သယ်ရင်းရာ :) ။

ပုံမဲ့ကာတွန်း - ၄၅

ကာတွန်းလူ - ၁။ ။ ငါ့မိန်းမ တကယ်တော်တာ။ အပြစ်ကလေး တစ်ခုပဲ ရှိတယ်။ ကျန်တာတွေတော့ အကုန်တော်။ အကုန်ကောင်း။
ကာတွန်းလူ - ၂။ ။ အပြစ်တစ်ခုက . . . ဘာအပြစ်လဲ။
ကာတွန်းလူ - ၁။ ။ လင်ငယ်နေတာ။
(လေလုံး - ပုချွန်၊ စိုင်ပြင် ထံမှ)

Wednesday, April 27, 2016

ပုံမဲ့ကာတွန်း - ၄၄

ကာတွန်းဒကာ။   ။ "ကိုယ်တော်တို့ အေးတာပဲ။ ရွာထဲမှာ နာရေးရှိတဲ့ အခါမှ အသုဘရှု။ ကျန်တဲ့အချိန် စားလိုက် အိပ်လိုက်။"

ကာတွန်းဘုန်းကြီး။   ။ "ဟေ့ကောင်။ ငါ လုပ်မိတော့မယ်။ အပြောအဆို ဆင်ခြင်။ ဖုန်းဘေဖိုးရအောင် ဆွမ်းကျန်တာကို ထမင်းခြောက် လှန်းရသေးတယ်ကွ။ တစ်နေ့မှ မအားဘူး။"

Friday, April 8, 2016

ပုံမဲ့ကာတွန်း - ၄၃

ကာတွန်း​မေ​မေ။   ။ သား​ရေ . . . ​ကျောင်းသွား​တော့ ​လေကွယ်​။

ကာတွန်းသားသား။   ။ တွားဝူး ဂျာ။ ဆနဘဲ ပြဂျင်​ဒယ်​။

Sunday, February 7, 2016

ပုံမဲ့ကာတွန်း - ၄၂

ကာတွန်းလူ - ၁။   ။ "ငါတို့ ဆရာတော်က အမြဲတမ်း အမှန်တရားဘက်က ရပ်တည်တယ် ကွ။"

ကာတွန်းလူ - ၂။   ။ "ကြည်ညိုစရာ . . . အတုယူစရာပေါ့ ကွာ။"

ကာတွန်းလူ - ၁။   ။ "ခက်တာက . . . သူ ဘာလုပ်လုပ် သူ့ကိုယ်သူ မှန်တယ်ချည်းပဲ ထင်နေတယ်။ သူမှားနေလည်း ခပ်တင်းတင်းပဲ။ အင်း . . . . .။"

Friday, January 15, 2016

ပုံမဲ့ကာတွန်း - ၄၁

ကာတွန်းကျောင်းဆရာ - ၁။ ။ "ခုခေတ်က ကလေးဗဟိုပြု သင်ကြားနည်း ကျင့်သုံးတာဆိုတော့ သင်ကြားနည်းလေးတွေ ဆန်းသစ်လာပြီ ဆရာရေ"

ကာတွန်းကျောင်းဆရာ - ၂။ ။ "ခင်ဗျားတို့မြို့မှာ ခုမှ အသစ်အဆန်း လုပ်နေတာပါဗျာ။ ကျုပ်တို့ရွာမှာ ကလေးတွေကို ဗဟိုပြုရတာ ကြာလှပါပြီ။ ကျုပ်သင်တာတောင် နှစ်နှစ်ဆယ်ကျော်ပြီ။ ကလေးတွေ ကျောင်းမလာလို့ ကျောင်းပိတ်ရတာ ခဏခဏပဲ"

Sunday, January 10, 2016

ပုံမဲ့ကာတွန်း (၄၀)

ကာတွန်းကိုရင် - ၁။   ။ "ငါတို့ဆရာတော်က အမျှော်အမြင် အရမ်းကြီးတာကွ။"

ကာတွန်းကိုရင် - ၂။   ။ "ဘယ်လို ကြီးတာလဲဟ။"

ကာတွန်းကိုရင် - ၁။   ။ "ဒီလိုလေကွာ။ ငါတို့ ဆရာတော်က အမြဲပဲ . . .၊ ဘယ်သူက ဘာလှူမယ်၊ ဘယ်သူက ဘာလှူမယ် ဆိုတာကို မျှော်မျှော်ပြီး မြင်တတ်တယ်လေ။"

ကာတွန်းကိုရင် - ၂။   ။ "ဟင်း။ မှတ်တောင်ထားရအုံးမယ်။"


Wednesday, July 29, 2015

ပုံမဲ့ကာတွန်း - ၃၉


ကာတွန်းလူ - ၁။   ။ "ဘာတတ်လို့ ဘာသင်မှာလဲ။"

ကာတွန်းလူ - ၂။   ။ "တတ်တယ်ပဲ ထားပါတော့။ သင်မှာတဲ့လား။"

ကာတွန်းလူ - ၃။   ။ "တတ်တတ် မတတ်တတ် သင်စရာ မလိုဘူးလေ။ အက်ဒမင် အက်ဒမင် . . . ငွင်းငွင်း။"

ကာတွန်းလူ - ၄။   ။ "အက်ဒမင်ဆိုတာ အလှူခံတာကို ပြောတာလား။"

ကာတွန်းကြွက်။   ။ "အောင်မငီး !!!!!"

Thursday, June 11, 2015

ပုံမဲ့ကာတွန်း (၃၈)

ကာတွန်းလူ - ၁။ "ဟာကွာ . . . အနှပ်ခံလိုက်ရပြီ။"

ကာတွန်းလူ - ၂။ "ဘယ်လိုဖြစ်တာလဲ ဟ။"

ကာတွန်းလူ - ၁။ "free downloadဆိုလို့ ဒေါင်းလိုက်တာ ရှိတဲ့ဘေလ် ကုန်သွားပြီ။"

Wednesday, May 27, 2015

ပုံမဲ့ကာတွန်း (၃၇)


ကာတွန်း အန်တီ။   ။ “သားသားက အစိုးရစစ် စာမေးပွဲ အောင်တယ်နော်။ တော်လိုက်တာ။ ဒီနှစ် ငါးတန်းတက်ရတော့မယ်။”

ကာတွန်း သားသား။   ။ “ဟုတ်ကဲ့။ ဒါနဲ့ . . . ပြည်သူ့လွှတ်တော် ညီလာခံမှာ အမတ်ကြီးတွေ ဖြေရတာတွေက သားသားတို့လို အစိုးရစစ်ပဲလား။”

ကာတွန်း အန်တီ။   ။ “. . . . .”