Showing posts with label 05. Quote - ဆိုစကား. Show all posts
Showing posts with label 05. Quote - ဆိုစကား. Show all posts

Saturday, August 13, 2016

စာသင်ခြင်း

"ဘာစာပဲသင်သင် စာသင်တယ်ဆိုတာ စာဖတ်ဖို့ပဲ။ စာဖတ်တော့ စာထဲကနေ စာရေးတဲ့သူရဲ့ အတွေးအခေါ် နဲ့ အတွေ့အကြုံ ရတာပေါ့။ သူ့အတွေးအခေါ် သူ့အတွေ့အကြုံကို ကိုယ့်အတွက် အသုံးချလို့ ရတယ်။ အဲ့ဒီမှာ ကိုယ့်အတွေးအခေါ် ကိုယ့်အယူအဆက မခိုင်မာဘူးဆိုရင် သူ့အတွေးအခေါ် သူ့အယူအဆက ကိုယ့်ကို လွှမ်းမိုးသွားမယ်။ သူတွေးတာခေါ်တာက မှားနေတယ်ဆိုရင် ကိုယ့်အပေါ် အမှားတွေ လွှမ်းမိုးသွားမယ်။ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အယူအဆ ခိုင်မာဖို့ လိုတယ်။ တပည့်တော်တို့ ဘုန်ကြီးတွေဆိုရင် ဘုန်းကြီး အတွေး ဘုန်းကြီး အယူအဆပေါ့။ အဓိက အားထားရာ ဖြစ်တဲ့ ဗုဒ္ဓစာပေ ပရိယတ္တိကို အခြေခံတဲ့ အတွေးအခေါ် အယူအဆ။ အဲ့ဒါ ခိုင်မာထားဖို့ ပရိယတ္တိ စာဝါတွေ တက်ရမယ်။ စာဝါပျက်လို့ မဖြစ်ဘူး။

စာဝါပြီးမှ အင်္ဂလိပ်စာ လာတက်တဲ့အခါ ဒီသင်တန်း နည်းနည်းနောက်ကျလည်း ရပါတယ်။ နောက်စာဝါ တက်ဖို့အတွက်လည်း ဒီအတန်းကို ငါးမိနစ် စောဆင်းပေးမယ်။

အင်္ဂလိပ်စာ ဖတ်နိုင်ပြီး အတွေးအခေါ် အယူအဆ နယ်ချဲ့နိုင်အောင် ကြိုးစားရင်း ပရိယတ္တိကို အခြေခံတဲ့ ကိုယ်ပိုင်အယူအဆ ခိုင်မာအောင် လုပ်ထားကြမယ်။"

:)
ရှင်အာစာရ
ခေတ္တ မန္တလေး
(ဗြဟ္မာမင်း ပညာဒါနအင်္ဂလိပ်စာ)

Friday, September 28, 2012

ကျောင်းဝတ် ကန်ဝတ်


“ဘုန်းဘုန်း ကျွေးတဲ့ ချိုချဉ် စားရင် ကျောင်းမှာ မြက်နှုတ်ရတယ်။
ဘုန်းဘုန်း ကျွေးတဲ့ ကွမ်းယာ စားတာ မြက်နှုတ်ရမယ်။”
-----
ရွှေရည်မိုးမြင့်
KG1, Rahula Dhamma School,
Sai Pyin Gyi, Dipeyin, Sagaing