Thursday, November 16, 2017

ပါရမီဒီပနီ အနှစ်ချုပ် - ၃




အမေး - ၅။ သဗ္ဗညုဗောဓိဆု၊ ပစ္စေကဗောဓိဆု အစရှိသော ဆုတစ်မျိုးမျိုးကို တောင်းကုန်သော အလောင်းအလျာတို့သည် ဗျာဒိတ်ရသောအခါမှ စ၍ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။ သို့မဟုတ် ဗျာဒိတ်မရဘဲ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်သလော။

အဖြေ - ၅။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝကတို့သည် ဗျာဒိတ်မရဘဲ ပွင့်ရိုး ကျွတ်ရိုး မရှိပေ။ ဗျာဒိတ်ရမှ ပါရမီတို့ကို ဖြည့်၍ ပွင့်ကုန် ကျွတ်ကုန်၏။ ပကတိသာဝကတို့သည်ကား ဗျာဒိတ်ရသည်လည်း ရှိ၏။ ဗျာဒိတ်မရသည်လည်း ရှိ၏။

အမေး - ၆။ ဗောဓိဆု တစ်ခုခုအတွက် ဗျာဒိတ်ရပြီးသော အလောင်းအလျာတို့သည် ဗျာဒိတ်ခံထားသည့် ဗောဓိမှ အခြားသော ဗောဓိဆု တစ်ခုခုကို တောင့်တသေးသလော။ အခြားဆုကို မတောင့်တတော့ပြီလော။

အဖြေ - ၆။ ဗျာဒိတ်ရပြီးသော သဗညု ဘုရားလောင်းတို့သည် အခြားသော ဗောဓိများကို အိပ်မက်မှာပင် ယူလိုစိတ် မရှိတော့ပေ။

ဘုရားလောင်းတို့ ၀ိပဿနာတရား အားထုတ်သောအခါ အနုလောမဥာဏ်ရလျှင် ရပ်တန့်ကြ၏။ မဂ်ဖိုလ်ရရန် အားမထုတ်တော့ပေ။ သာဝကအဖြစ် ကျွတ်တမ်းမ၀င်ပေ (အနုလောမဥာဏံ အာဟစ္စ တိဋ္ဌန္တိ။ မဂဖလတ္ထံ ၀ါယမံ န ကရောန္တိ။ ဃဋိကာရသုတ် အဋ္ဌကထာ)။ အနုလောမဥာဏ်၊ ဂေါတြဘူဥာဏ်ရလျှင် ရပ်တန့်ကြကုန်၏ (အနုလောမဂေါတြဘုံ အာဟစ္စ ထပေန္တိ။ ပဏာသအဋ္ဌကထာ၊ ပုဂလပညတ်အဋ္ဌကထာ)။ အနုလောမဥာဏ်၏ အနီးအပါး၊ ဂေါတြဘူဥာဏ်၏ အနီးအပါးဖြစ်သော သင်္ခါုပေက္ခာဥာဏ်အထိ ဆိုက်ရောက်ကြ၏ (အနုလောမဂေါတြဘူသမီပံ။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ)။ သင်္ခါုပေက္ခာဥာဏ်တိုင်အောင် ဥာဏ်ရှစ်ပါး ရ၏။ ကိုးခုမြောက် သစ္စာနုလောမိကဥာဏ် မရတော့ပေ (သင်္ခါုပေက္ခာဥာဏန္တိ အဋ္ဌဥာဏာနိ ပါပုဏိ။ န၀မံ သစ္စာနုလောမိကမေ၀ အပဋိလဒပုဗံ။ ဇိနာလင်္ကာရဋီကာ)။

ပစ္စေကဗုဒါ လောင်းလျာတို့သည် သာသနာတော်တွင်း ကြုံကြိုက်သောအခါ မဂ်ဖိုလ်ရလိုစိတ်ဖြင့် အားထုတ်ကြသေး၏။ သို့သော် နိယတဗျာဒိတ်၏ အာနုဘော်ကြောင့် မဂ်ဖိုလ် မရနိုင်ပေ (သာဝကတ္တံ န ၀ဇန္တိ။ ပစ္စေကဗုဒအပဒါန်)။

အရှင်ဒဗအလောင်း စသည်ကဲ့သို့ ဗျာဒိတ်ရပြီးသော သာဝကတို့သည်လည်း တစ်ပါးသော ဗောဓိများ ယူလိုစိတ် ဖြစ်ကြသေး၏။ သို့သော် မရနိုင်ပေ (ပဗတသိခရံ အာုဟိတွာ . . . . . သမဏဓမ္မံ အာရဘိံသု။ ထေရဂါထာအဋ္ဌကထာ)။

အမေး - ၇။ ဗောဓိဆု တစ်ခုခုကို မရည်မှတ်ဘဲ မဂ်ဖိုလ်နိဗာန်ကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သူသည် အဘယ်ဗောဓိဖြင့် တရားထူးရသနည်း။

အဖြေ - ၇။ သမ္မာသမောဓိဆု၊ ပစ္စေဗောဓိဆု၊ အဂသာဝကဗောဓိဆု၊ မဟာသာဝကဗောဓိဆုတို့ကို လိုလားတောင့်တမှသာလျှင် သက်ဆိုင်ရာဆုကို ရနိုင်၏ (ဆန္ဒတာ)။ မဂ်ဖိုလ်နိဗာန်ကိုသာ တောင့်တ၍ ၀ိဝကုသိုလ် ပြုဆည်းပူးသူသည် ၀ိသေသဆု တစ်ခုခုကို တောင့်တခြင်း မရှိသောကြောင့် ဗျာဒိတ်ဝိသေသကို မရနိုင်။ ဗောဓိတစ်ခုခုဖြင့် ပွင့်ခြင်း ကျွတ်ခြင်းငှာ မထိုက်။ ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။

ဤနေရာဝိ၀ကုသိုလ်ကို ကာလကြာမြင့်စွာ ပြုလုပ်ပြီးဖြစ်လျှင် ပါရမီထုထည် ကြီးမားလှသောကြောင့် အလိုရှိရာ ဗောဓိ တစ်ခုခုဖြင့် ကျွတ်နိုင်သင့်သည် မဟုတ်လောဟု မေးဖွယ် ရှိ၏။

ဗောဓိတစ်ခုခုဖြင့် မကျွတ်သင့်ဟုသာ ဖြေရမည်။ ဗောဓိတစ်ခုခု၏ ဂုဏ်ကျေးဇူးကို မသိ၊ သက္ကာယဒိဋ္ဌိ အထုံဝါသနာ အားကြီးသဖြင့် စွန့်ခြင်းကြီး ငါးမျိုးကဲ့သို့သော ခက်ခဲသည့် ပါရမီ အမှုတို့ကို မပြုကျင့်ဝံ့၊ ပါရမီဖြည့်ရာ ကာလတို့ကို ကြာလွန်းသည်ဟု ထင်၍ ကြောက်ရွံ့သည်။ ထို့ကြောင့် ပြုသောကုသိုလ်မှာ အစွမ်းသတ္တိ ညံ့သည်။ မည်မျှပင် ကာလကြာသော်လည်း ကြီးမားသော ပါရမီထုထည် ဖြစ်မလာပေ။ ထို့ကြောင့် ပကတိသာဝက အဖြစ်ဖြင့်သာ ကျွတ်တမ်းဝင်ရ၏။

ဗောဓိဆုထူး တစ်ခုခုကို မတောင့်တ၀ံ့ကုန်သူတို့သည် ကျွတ်လွတ်ချိန် မနှောင့်နှေးရအောင် ၀ိဝကုသိုလ် ပြုဆည်းပူး၍ ကြုံကြိုက်ဆဲ ဘုရားသာသနာတွင်းပင် ကျွတ်လွတ်ရေးအတွက် ဆောလျှင်စွာ အားထုတ်သင့်ကြ၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

No comments:

Post a Comment