Wednesday, March 15, 2017

မွေးနေ့ အတွေး (ရာဟုလာ မှ ရာဟုလာသို့)



၁။ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းမြေအလှူခံခဲ့သည့်ရက်မှ စတင်ရေတွက်လျှင် ငါးနှစ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်သော ရာဟုလာ ဓမ္မသင်တန်းကျောင်း (စိုင်ပြင်ရွာ၊ ဒီပဲယင်းမြို့နယ်)ကို ရာဟုလာ ဓမ္မဝိနယ အကယ်ဒမီ အဖြစ် မြှင့်တင်ရန်၊

၂။ ၁၃၇၉ ခုနှစ် ဝါတွင်းအမီ (၂)နှစ်သင် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်ပြီး
- ဓမ္မ ဝိနယ (ဗုဒ္ဓဘာသာ ဘာသာရပ်ခွဲများ)
- ဘာသာစကား (ပါဠိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ)
- အထွေထွေ (သင်္ချာ၊ ကွန်ပျူတာ စသည်) ဘာသာရပ်များ သင်ကြားပေးရန်၊


၃။ ဓမ္မာစရိယဘွဲ့ တစ်ခုခု နှင့် သာမဏေကျော်ဘွဲ့ တစ်ခုခု ရရှိပြီးသည့် သက်တော် (၃၀)နှင့်အောက် ရှင်ရဟန်းများကို သင်တန်းသားအဖြစ် လက်ခံရန်၊

၎။ ၁၃၇၉ခုနှစ်၊ ကဆုန်လ တစ်လအတွင်း သင်တန်းသား လျှောက်လွှာများ ခေါ်ယူရန် နှင့်

၅။ ၁၃၇၉ ခုနှစ်၊ နယုန်လဆန်း (၁)ရက်၌ သင်တန်းများ စတင်ရန်
ကြံနေမိသည်။

No comments:

Post a Comment