Friday, February 2, 2024

ကုသိုလ်လည်းရ ဝမ်းလည်းဝ (၂)

အရာရာမှာ အကြောင်းရင်း ရှိပါတယ် -


နည်းနည်းလေး သတိစိုက် ကြည့်လိုက်တာနဲ့ပဲ ကိုယ့်ပေါင်မုန့် ဘယ်ကလာတယ် ဆိုတာကို မှန်မှန်ကန်ကန် သိနိုင်ပါတယ်။ ပေါင်မုန့်ဟာ သူ့အလိုလို ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ပေါင်မုန့်ဟာ ဂျုံခင်းတွေ၊ အားစိုက်ရတဲ့ အလုပ်တွေ၊ မုန့်ဖုတ်သူတွေ၊ တင်သွင်းသူတွေ၊ ရောင်းချသူတွေဆီကနေ လာတာပါ။ တကယ်တော့ ပေါင်မုန့်ဟာ . . . ဒီထက်ပိုပါသေးတယ်။ ဂျုံခင်းက မိုးတိမ်တွေနဲ့ နေရောင်ခြည် လိုပါတယ်။ ဒါ့ကြောင့် ဒီပေါင်မုန့်တစ်ချပ်မှာ . . . နေရောင်ခြည် ပါပါတယ်၊ မိုးတိမ် ပါပါတယ်။ စိုက်ပျိုးသူ တောင်သူရဲ့ လုပ်အား ပါပါတယ်၊ ဂျုံမှုန့်ရချိန်မှာ ခံစားရတဲ့ ပျော်ရွှင်မှု ပါပါတယ်၊ မုန့်ဖုတ်သမားရဲ့ ကျွမ်းကျင်မှု ပါပါတယ်။ အဲ့ဒီနောက် . . . အံ့ဩစရာ . . . ဒီပေါင်မုန့် ဖြစ်လာပါတယ်။ ဒီပေါင်မုန့်ကိုယ့်လက်ထဲရောက်လာနိုင်ဖို့အတွက်စကြဝဠာတစ်ခုလုံးပေါင်းစည်းညီညွတ်လိုက်ရပါတယ်။ဒီလိုမြင်နိုင်တဲ့ဉာဏ်အလင်းရရှိဖို့ခက်ခက်ခဲခဲပင်ပင်ပမ်းပမ်းတွေအများကြီးလုပ်နေဖို့မလိုပါဘူး။စိုးရိမ်တာတွေ၊စဉ်းစားတာတွေ၊အစီအစဉ်ချတာနေနဲ့အတူပျံ့လွင့်နေတတ်တဲ့စိတ်ကိုရပ်တံ့လိုက်ဖို့ပဲလိုပါတယ်။

Ref: "Mindful Eating" from "How to Eat" by Thich Nhat Hanh

No comments:

Post a Comment