Saturday, July 31, 2021

Block ကုသိုလ် ယူစေလို

 July 27, 2021


-----
ဒီအချိန်ဟာ စိတ်ဓာတ်အင်အား အရေးကြီးတဲ့ အချိန်ပါ။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မကြားချင်တဲ့သတင်းစကားတွေ၊ ဆန့်ကျင်ဘက် သတင်းစကားတွေ မြင်ရ ကြားရရင် စိတ်ဓာတ်အင်အား ထိခိုက်ပါတယ်။ မကြားချင် မမြင်ချင်တာတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ အားတက်စရာတွေနဲ့ပဲ မိတ်မပျက် နီးစပ်နေပါစေ။ စိတ်ဓာတ်အင်အား သန်မာနေမှ ဖြစ်မယ်။ 
 
အွန်လိုင်းမှာ၊ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ ကိုယ့်ကို စိတ်ဓာတ်ကျအောင် တမင်တကာ လုပ်တာတွေလည်း ရှိပါလိမ့်မယ်။ ဆန်ကျင်ဘက်တွေက ကွန်မင့်မှာ ဆန့်ကျင်ဘက် လာရေးတာလိုမျိုးထိ အခွင့်အရေး ယူတတ်ကြပါတယ်။ လာရေးတဲ့သူ ကိုယ်တိုင်က အပြည့်အဝ ယုံကြည်တာမျိုး မဟုတ်ဘဲ တမင်တကာ ထိုးနှက် တိုက်ခိုက်ဖို့၊ သူတို့ ရည်ရွက်ချက်အတိုင်း ရသလောက် ဝင်လုပ်ဖို့၊ မြင်ရဖတ်ရသူတွေ စိတ်ဓာတ်ကျစေဖို့ စိတ်ထိခိုက်စေဖို့ ဝင်ရေးတာမျိုးတွေ ရှိပါမယ်။ ကိုယ့်ဆီမှာ ဆန့်ကျင်ဘက် လာရေးရင် အမြန်ဆုံး remove လုပ်ပေးပါ။ စိတ်တူရာ မိတ်ဆွေတွေ မြင်မသွားကြရလေအောင် ကူညီပေးပါ။ Friend မဟုတ်လည်း Block သာ လုပ်ထားလိုက်ပါ။ Friend ဖြစ်ပြီးသားဆိုရင်တော့ Block ပြီး Unfriend ပါ လုပ်လိုက်ပါ။ သူ့ဆီက ရောက်ရောက်လာတတ်တဲ့ သတင်းစကားက ကိုယ့်အတွက် အဆိုးကြီးတော့ မဟုတ်ဘူး၊ အလှပုံတင်တာလိုမျိုး၊ အရေးကြီးကိစ္စတွေကို အရေးမစိုက်နိုင်ဘဲ အရေးမစိုက်ရဲဘဲ ပို့စ်တင်ရရင်ပြီးရော သဘောမျိုးရှိတဲ့ ပေါ့ပျက်ပျက် friend ဖြစ်နေပြီး လက်တွေ့ဘဝမှာ ကင်းမရတဲ့သူ ဖြစ်နေရင် Snooze လုပ်ထားလိုက်ပါ။
 
လုပ်နည်းတွေ မသိသေးရင်တော့ အဆင်ပြေသလိုသာ လေ့လာလိုက်ပါ။ ကိုယ့်အတွက်ရော မိတ်ဆွေတွေအတွက်ပါ စိတ်ဓာတ်အင်အား ထိပါးမှု လျော့နည်းပြီး စိတ်ဓာတ်အင်အားတွေ ပိုရလာပါလိမ့်မယ်။ ဘာသာရေးစကားနဲ့ ပြောရရင် ကုသိုလ်ရတဲ့ အလုပ်ပါ။ ကြိုးစား၍ ဆည်းပူးသမှု ပြုကြပါကုန်လော့။

No comments:

Post a Comment