ရာဟုလာကျောင်းတိုက်မှာ ဒကာ ဒကာမတွေ စုပေါင်းပြီး ကထိန်အောင်ပွဲ ကျင်းပကြတာ ဝမ်းသာစရာ . . . အနုမောဒနာ။ အနုမောဒနာဆိုတာ ဝမ်းသာစရာ စကားပဲ။
ဘုရားရှင်ခေတ်ကတော့ ကထိန်ဆိုတာ ဘုန်းကြီးတွေရဲ့ အလုပ်။ ဒကာဒကာမတွေနဲ့ သိပ်မဆိုင်ဘူး။ ဒကာဒကာမတွေရဲ့ သဒ္ဓါတရားကြောင့် ကထိန်မှာ ဒကာဒကာမတွေရဲ့ ပါဝင်မှု ထင်ရှားလာတာ။ ခုခေတ်ကျတော့ ဒကာဒကာမတွေက ဘုန်းကြီးတွေကို ကထိန်သင်္ကန်း လှူဒါန်းရုံတင် မကတော့ဘူး။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး။ ပစ္စည်းလေးပါး။ အသုံးအဆောင် ပစ္စည်း။ နဝကမ္မ ဝတ္ထုငွေ။ ကထိန်ကို အကြောင်းပြုပြီး လှူဒါန်းကြတာ။ လှူနိုင်တာ ဝမ်းသာစရာပဲ။
ဝမ်းသာစရာ အနုမောဒနာမှာ . . . ဝမ်းသာပုံတွေ အမျိုးမျိုး။ အဆင့်အမျိုးမျိုး။ တစ်ခုခု လက်ခံရရှိတယ်ဆိုရင် ဝမ်းသာကြတာ သဘာဝပဲ။ သာမန်စိတ်ထားနဲ့ သာမန်လူတွေ ဝမ်းသာကြတာ။ စိတ်နေစိတ်ထား အဆင်မြင့်တဲ့သူတွေက ပေးရလှူရတာကို ဝမ်းသာနိုင်တယ်။ ပေးနိုင်လှူနိုင်တာ ဝမ်းသာစရာ။ ဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်ပေးရတာ ဝမ်းသာစရာ။ အဲ့ဒီလို ဝမ်းသာနိုင်တယ်။ ဒီထက်ပိုပြီး မြင့်မြတ်တဲ့သူတွေကျတော့ ကိုယ်ရတာလည်း မဟုတ်ဘူး။ ကိုယ် လှူနိုင်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူများလှူတာ၊ သူများရတာကို မြင်ရကြားရရင် ဝမ်းသာတယ်။ မလွယ်ဘူးနော်။ သူတစ်ပါး ကုသိုလ်ပြုတာကို ဝမ်းသာနိုင်ဖို့ လိုတယ်။
ကိုယ်တိုင် ကုသိုလ်ပြုပြီး ဝမ်းသာနိုင်ပါစေ။ ကိုယ်မလုပ်နိုင်ပေမယ့် သူတစ်ပါး ကုသိုလ်ပြုတယ်လို့ ကြားရ သိရရင် ဝမ်းသာနိုင်ပါစေ။ ကိုယ်မရလည်း သူတစ်ပါး ရတာကို ဝမ်းသာနိုင်ပါစေ။ မအားလပ်လို့ ဝေယျာဝစ္စ ကိစ္စကြီးငယ် မဆောင်ရွက်နိုင်ရင်တောင်မှ သူတို့တော့ လုပ်နိုင်ပါပေတယ်ဆိုပြီး ဝမ်းသာနိုင်ပါစေ။
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:
Post a Comment