Saturday, August 13, 2016

သာသနာ



"သီလပွဲကုသိုရှင် ဦးကြိုင်၊ + ဒေါ်ခင်တိုး မိသားစုနှင့်တကွ ကုလဝံသဓမ္မာရုံမှာ ဥပုသ်သီတင်းသီလ စောင့်သုံးဖို့ စုဝေးကြတဲ့ ဒကာဒကာများ အခုလို ကုသိုလ်ကောင်းမှု ပြုနိုင်ကြတာဟာ သာသနာတော်နဲ့ ကြုံကြိုက်တဲ့ အတွက်ကြောင့်ပဲ။
သာသနာ ဆိုတာက အဆုံးအမ။ ကျောင်း ကန် ဘုရား စေတီတွေ ပေါများနေရုံ သက်သက်နဲ့ သာသနာ ထွန်းကားတာ မဟုတ်သေးဘူး။ ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာသူတွေ ပေါများမှ သာသနာ ထွန်းကားတာ။
ဘုရားစကား၊ သံဃာတော်တွေ ဟောကြားတဲ့ တရား၊ လူကြီးမိဘ ဆရာသမားတွေရဲ့ အဆုံးအမ။ အဲ့ဒါတွေ လိုက်နာရင် လိုက်နာသူမှာ သာသနာ တည်တာပဲ။ မလိုက်နာနိုင်ရင် သာသနာ ကွယ်တာပဲ။
မိဘက သားသမီးကို ဆုံးမတယ်။ အိပ်ယာဝင်ရင် ဘုရားရှိခိုးရတယ် . . . ဆုံးမလိုက်တော့ အဲ့ဒါ သာသနာပဲ။ ကောင်းရာလမ်းညွှန်ပေးတာ ဆုံးမပေးတာဟာ သာသနာပြုတာပဲ။ မိဘဆုံးမတဲ့အတိုင်း သာသမီးက ဘုရားရှိခိုးတယ် . . . အဲ့ဒါ သာသနာ ထွန်းကားနေတာပဲ။ ငယ်ရာက ကြီးလာတဲ့အထိ ဝတ်မပျက် ဘုရားရှိခိုးတယ် . . . သာသနာ တည်နေတာပဲ။ ဆုံးမတဲ့ မိဘတွေ မရှိတော့တဲ့ အချိန်ထိ ဝတ်မပျက်ဘူး . . .။ သာသနာ . . . အဆုံးအမ . . . တည်တံ့နေတာ။ ပျက်တဲ့အချိန် သာသနာကွယ်တာပဲ။
မြတ်စွာဘုရား မရှိတော့ပေမယ့် အဆုံးအမ တရားဓမ္မ သာသနာက ရှိနေသေးတယ်။ ကိုယ့်သန္တာန်မှာ သာသနာရောက်ဖို့လိုပါတယ်။ အနုအရင့် အကျင့်အမျိုးမျိုး ကျင့်သုံးနိုင်အောင် ကိုယ့်အောက်က မျိုးဆက်ကို ဆုံးမဖို့လည်း လိုပါတယ်။ သာသနာပြုကြပါ။"

:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)

No comments:

Post a Comment