Saturday, August 13, 2016

ပရိယတ္တိခေတ် အကျဉ်း

၁။ ဘုရားဟော ပါဝစနစကားမြတ် ပိဋကတ်တော်ကို နှုတ်ငုံဆောင်ခဲ့ကြသည်။

၂။ ထို့နောက် ပိဋကတ်ကို ပေထက်တင်၊ ကျောက်ထက်တင်ရာမှ စာရွက်ပေါ် ရေးသားပြီး ပရိယတ် ကျမ်းစာများ ဖြစ်လာသည်။

၃။ ကျမ်းစာများကို စာမေးပွဲ မပါဘဲ သင်ယူပို့ချခဲ့ကြသည်။

၎။ ထို့နောက် ကန့်ကွက်မှုအချို့ ရှိခဲ့သော်လည်း ပိဋကတ်ဆိုင်ရာ ပရိယတ္တိ စာမေးပွဲစနစ် ပေါ်ပေါက်လာခဲ့သည်။

၅။ လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး မဖွံ့ဖြိုးခင်က ပရိယတ် ပညာရေး အားကောင်းခဲ့သည်။

၆။ ထို့နောက် လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး တိုးတက်လာပြီး ပရိယတ် ပညာရေးမှာ အားနည်းလာခဲ့သည်။

၇။ လူတို့၏ ဝိဇ္ဇာသိပ္ပံ ပညာရေး ဆက်လက်တိုးတက်ရန် ရှိနေပြီး ပရိယတ် ပညာရေး ပို၍ အားနည်းမည့် အလားအလာ ရှိနေသည်။

၈။ ကန့်ကွက်မှုများ အကြားမှ ပေါ်ပေါက်ခဲ့သော ပရိယတ် ပညာရေး စာမေးပွဲစနစ်ကို လောကီပညာရေးနှင့်ယှဉ်၍ ပြုပြင်ပြောင်းလဲရန် ထောက်ခံမှုများ နှင့် ကန့်ကွက်မှုများအကြား စကားသံများ ရှိနေသည်။

No comments:

Post a Comment