လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇသည် ရဟန်း(၈)၀ါ ရသောအခါ စံကျောင်းတိုက်၌ ပထမစာချ ဖြစ်ခဲ့သည်။ အရှင်ဉာဏဓဇ (၁၄)၀ါ ရသောအခါ စံကျောင်းဆရာတော် ဘုရားကြီး၏ အမေးပုစ္ဆာ (၂၀) ထွက်ပေါ်လာသည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သာဝကတို့၏ ပါရမီနှင့် စပ်လျဉ်း၍ အချက်ပေါင်း (၂၀)ကို ပါဠိဘာသာဖြင့် မေးခွန်းထုတ်ထားခြင်း ဖြစ်သည်။ အမေးပုစ္ဆာများ၏ အဆုံး၌ “ပညာမရှိသောသူတို့သည် ကုပ်၍ နောက်ဆုတ်ကြကုန်လော့။ အဘယ့်ကြောင့်ဆိုသော် ပထမတန်း သာသနာ့တံခွန်များသည် ဤပုစ္ဆာများကို ဖြေဆိုကြလိမ့်မည် ဖြစ်သောကြောင့်တည်း။”ဟု ပါရှိသည်။ ထိုအမေးတို့ကို အရှင်ဉာဏဓဇက ပါဠိဘာသာဖြင့် ဖြေဆိုခဲ့သည်။ ဤသည်ပင်လျှင် လယ်တီဆရာတော် အရှင်ဉာဏဓဇ၏ ပထမဆုံးသော လက်ရာ ပါရမီဒီပနီကျမ်းစာ ဖြစ်ပေသည်။
ပါရမီနှင့် စပ်လျဉ်း၍ ဖြေဆိုရာ၌ ကျမ်းဂန်အထောက်အထား ပြည့်စုံစွာဖြင့် အကျယ်တဝင့် ဖြေကြားထားသည်။ သာမန်စာဖတ်သူတို့အတွက် ကျယ်လွန်းသော ပါရမီဒီပနီကျမ်းမှ ကောက်နုတ်၍ အနှစ်ချုပ် ယူထားပါသည်။ အကျယ် သိလိုပါက ပါရမီဒီပနီ ကျမ်းစာကို ကြည့်ရှုရန် ဖြစ်ပါသည်။ သာမန်စာဖတ်သူတို့ ပါရမီနှင့် စပ်လျဉ်း၍ သိမှတ်နိုင်ကြပါစေကြောင်း။
-----
အမေး - ၁။ အသက်ရှည်ခြင်း၊ ဥစ္စာပေါခြင်း အစရှိသော လောကီချမ်းသာ၊ မဂ် ဖိုလ် နိဗ္ဗာန်ဟူသော လောကုတ္တရာချမ်းသာ ဤသို့သော ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာ ချမ်းသာကိုသာ ရသလော၊ ချမ်းသာနှစ်မျိုးလုံးကို ရသလော၊ ချမ်းသာနှစ်မျိုးလုံးကို မရဘဲ ရှိသလော။
အဖြေ - ၁။ လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ပြုအပ်သော ကုသိုလ်ကံသည် အဟောသိကံ (အကျိုးပေးခွင့် မရသောကံ) ဖြစ်မသွားလျှင် ချမ်းသာနှစ်မျိုးလုံးကို အကျိုးပေးနိုင်သည်။ အဟောသိကံ ဖြစ်သွားလျှင် လောကုတ္တရာ ချမ်းသာကိုသာ ပေးနိုင်၏။ မှန်၏။ လောကီအကျိုးကို ပေးရာ၌သာ အဟောသိကံ ဖြစ်နိုင်၏။ လောကုတ္တရာ အကျိုး၌ အဟောသိကံဟု မရှိပေ။
လောကုတ္တရာချမ်းသာကို ပေး၏ဟု ဆိုရာ၌ လောကုတ္တရာ တရားသည် ဒါနစသော လောကီကုသိုလ်၏ မုချအကျိုးမဟုတ်၊ အာနိသံသအကျိုးသာ ဖြစ်သည်။ လောကီကုသိုလ်သည် အားကြီးသော ကိလေသာကို အားနည်းအောင် ပြုနိုင်၏။ ထို့ကြောင့် မဂ်ဖိုလ်ရကြောင်း အားကောင်းသော အထောက်အပံ့ (ဥပနိဿယ) ဖြစ်၏။ ဤသို့ အထောက်အပံ့ ဖြစ်ခြင်းသည် အာနိသံသအကျိုး မည်၏။
အမေး - ၂။ လောကီချမ်းသာကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာ ချမ်းသာကိုလည်း ရသလော။
အဖြေ - ၂။ လောကီချမ်းသာကိုသာ တောင့်တ၍ ပြုအပ်သော ကုသိုလ်သည် မဂ်ဖိုလ်ရကြောင်း အားကောင်းသော အထောက်အပံ့ (ဥပနိဿယ) မဖြစ်။ လောကီစည်းစိမ်ကိုသာ ပေးနိုင်၏။
ဤနေရာ၌ လောကီချမ်းသာကို တောင့်တ၍ ပြုအပ်သော ကုသိုလ်သည် ပါရမီမမြောက်ဟု ဇိနာလင်္ကာရဋီကာ ဆို၏။ ပါရမီ မမည်သော်လည်း မေးခွန်းအစဉ်တည့်အောင် ထည့်သွင်း၍ ပါရမီဟူသော အမည်ဖြင့် မေးထားခြင်း ဖြစ်သည်။ တစ်နည်း - ပရမာနံ ပဏ္ဍိတာနံ ကမ္မံ ပါရမီ (မြတ်သော ပညာရှိတို့၏ အမှုကိစ္စသည် ပါရမီမည်၏) ဟူသော ပရိယာယ်စကားကြောင့် ပါရမီဟုပင် ခေါ်ဆိုနိုင်၏။
အမေး - ၃။ လောကုတ္တရာ ချမ်းသာကိုသာ တောင့်တ၍ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သောသူသည် လောကုတ္တရာ ချမ်းသာကိုသာ ရသလော၊ လောကီ ချမ်းသာကိုလည်း ရသလော။
အဖြေ - ၃။ အလွန်မြင့်မြတ်သော ဤကုသိုလ်သည် မဂ်ဖိုလ်ရကြောင်း အားကြီးသော အထောက်အပံ့လည်း ဖြစ်၏၊ မဂ်ဖိုလ်မရခင် ကာလ၌ ဘဝချမ်းသာ၊ ပစ္စည်းချမ်းသာကိုလည်း ပေး၏။
ဤကုသိုလ်မျိုးသည် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကုန်ခြင်းကို ပြုတတ်သော (ကမ္မက္ခယကရ) ကုသိုလ်ဖြစ်သောကြောင့် လောကုတ္တရာ အကျိုးကိုသာပေးသည်၊ လောကီအကျိုးကို မပေးဟု အချို့ဆရာတို့က ဆို၏။ အမှန်မှာ ကမ္မက္ခယကရ ကုသိုလ်ဟူသည်မှာ မဂ်စေတနာ၊ မဂ်ဉာဏ်များသာ ဖြစ်၏။ လောကုတ္တရာ ချမ်းသာကိုသာ တောင့်တ၍ ပြုအပ်သည့် ဤကုသိုလ်မျိုး မဟုတ်ပေ။
အထက်ပါ မေးခွန်းသုံးခုနှင့် ဆက်စပ်၍ ဖြစ်သင့်သည့် အောက်ပါမေးခွန်းကို စံကျောင်းဆရာတော်ဘုရားကြီး မမေးခဲ့ဘဲ အရှင်ဉာဏဓဇက ထည့်သွင်းပြီး အဖြေကိုပါ ပေးခဲ့သည်။
မေး။ ။ လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်ပါးတို့တွင် မည်သည့် ချမ်းသာကိုမှ မတောင့်တဘဲ ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်သူသည် လောကီချမ်းသာကိုသာ ရသလော၊ လောကုတ္တရာချမ်းသာကိုသာ ရသလော၊ ချမ်းသာနှစ်မျိုးလုံး ရသလော၊ ချမ်းသာနှစ်မျိုးလုံး မရသလော။
ဖြေ။ ။ ထိုကဲ့သို့ အမှတ်တမဲ့ ပြုအပ်သော ဒါနအစရှိသော ကုသိုလ်သည် လောကီချမ်းသာကိုသာ ပေးနိုင်သည်။ လောကုတ္တရာ ချမ်းသာကို မပေးနိုင်ပေ။
မိဘ သားသမီးတို့ အချင်းချင်း၌ ဖြစ်သော မေတ္တာစိတ်သည် တစ်စုံတစ်ခုသော ချမ်းသာကို တောင့်တ၍ ဖြစ်စေအပ်သော စိတ်မဟုတ်သော်လည်း စကြာမင်းစည်းစိမ်ကိုပင် ပေးနိုင်ကြောင်း စက္ကဝတ္တိသုတ် အဋ္ဌကထာ ဆို၏။ ထို့ကြောင့် တစ်စုံတစ်ခုသော ချမ်းသာကို မတောင့်တဘဲ ပြုအပ်သော ကုသိုလ်သည် အစွမ်းသတ္တိအားလျော်စွာ လောကီချမ်းသာ အမျိုးမျိုးကို ပေးနိုင်၏။
သံသာရဝဋ္ဋဒုက္ခတော . . . . သံသာရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရှင်ရဟန်း ပြုခဲ့ပြီး ရှင်ရဟန်းအကျင့် ကျင့်သုံးလျက် သင်္ကန်းချုပ်ခြင်းစသော အမှုကြီးငယ် ပြုလုပ်ရာ၌ မဂ်ဖိုလ်ကို အထူးမတောင့်တဘဲ အမှတ်တမဲ့ ပြုလုပ်ခြင်း ဖြစ်သော်လည်း မူလရည်ရွယ်ချက်ကြောင့် ဝဋ်ဆင်းရဲကင်းရာကို ရည်ရွယ်သည့် ၀ိဝဋ္ဋနိဿိတကုသိုလ်၌ သွင်းအပ်၏။
အချုပ်အားဖြင့် -
၁။ တစ်စုံတစ်ခုကို မတောင့်တဘဲ အမှတ်တမဲ့ ပြုအပ်သည့် ကုသိုလ်၊
၂။ လောကီသက်သက်ကိုသာ တောင့်တ၍ ပြုအပ်သည့် ကုသိုလ်၊
၃။ လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုးလုံးကို တောင့်တ၍ ပြုအပ်သည့် ကုသိုလ်၊
၄။ လောကုတ္တရာ ချမ်းသာသက်သက်ကိုသာ တောင့်တ၍ ပြုအပ်သည့် ကုသိုလ်
ဤလေးမျိုးတို့တွင် စတုတ္ထ ကုသိုလ်ကိုသာ ပြုအပ်၏။ စတုတ္ထကို မတတ်နိုင်မှ တတိယ၊ တတိယကို မတတ်နိုင်မှ ဒုတိယ၊ ဒုတိယကို မတတ်နိုင်မှ ပထမကို ပြုသင့်သည်။
:)
ရှင်အာစာရ

No comments:
Post a Comment