Sunday, August 21, 2016

ဂျော်နီရဲ့ နိုင်ငံရေးအမြင်

ကျောင်းစာ စိတ်ဝင်စားသူ မူလတန်း ကျောင်းသားလေး မောင်ဂျော်နီသည် ညစာစားပြီသည်နှင့် မအိပ်သေးဘဲ သူ့အဖေကို စာမေးလေ့ရှိသည်။ ကျောင်းမှာ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့သည့်စာကို သူ့အဖေက ရှင်းပြရသည်။
"ဖေဖေ ရှင်းပြပါ။ ဒီနေ့ ကျောင်းမှာ သင်ရတဲ့ နိုင်ငံတော်အစိုးရအကြောင်း သိပ်နားမလည်ဘူး။"

ဖခင်ဖြစ်သူသည် ခဏကြာအောင် စဉ်းစားပြီး ရှင်းပြသည်။
"ဥပမာကွာ . . . ဖေဖေတို့ မိသားစုက နိုင်ငံတစ်ခု ဆိုပါစို့။ ဖေဖေက သမ္မတ၊ မေမေက လွှတ်တော်၊ သားက ပြည်သူ၊ အိမ်ဖော်မလေးက အလုပ်အင်အားစု၊ သားရဲ့ညီလေးက တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ ရှင်းပြီလား။"

"သိပ်မရှင်းသေးဘူး ဖေဖေ။"

"ပြန်စဉ်းစားရင်း နားလည်လာမှာပါ။ ဒီနေ့တော့ အိပ်ကြစို့နော်။ သားက လိမ္မာတယ်။ ဂွတ်နိုက်။"

မောင်ဂျော်နီ စဉ်းစားရင်း အိပ်ပျော်သွားပြီး ညီလေး၏ ငိုသံကြောင့် လန့်နိုးလာသည်။ ညီလေးသည် ပုခက်ထဲ၌ ရှူးရှူးများ ရွှဲရွှဲစိုနေ၏။ ညီလေးအတွက် မောင်ဂျော်နီ ဘာမှမလုပ်တတ်ပေ။ မိဘများကို နှိုးမှဖြစ်တော့မည်။ မိဘများ၏ အခန်းသို့ သွားသည်။ မေမေ အိပ်မောကျနေသည်။ မောင်ဂျော်နီ မနှိုးရဲပေ။ ဖေဖေလည်း အခန်းထဲမှာ မရှိ။ ညီလေး၏ ငိုသံ ပို၍ ကျယ်လာသည်။ အိမ်ဖော်ကို အကူအညီတောင်းရမည်။ အိမ်ဖော်၏ အခန်းသို့ သွားသည်။ မောင်ဂျော်နီ အံ့သြသွားသည်။ ဖေဖေသည် အိမ်ဖော်နှင့် ဖောက်ပြန်နေ၏။ သို့သော် အသိတစ်ခု ရလိုက်သည်။ ဖေဖေ ရှင်းပြသည့် ကျောင်းစာကို နားလည်သွားပြီး မှတ်ချက်ချလိုက်သည်။ 

"သမ္မတဟာ အလုပ်အင်အားစုကို အဓမ္မကျင့်နေတယ်။
လွှတ်တော်ဟာ အိပ်မောကျနေတယ်။
ဘယ်သူမှ ပြည်သူကို ဂရုမစိုက်ဘူး။
တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရှူးရှူးတွေ စိုနေတယ်။"


-----
Ref:
"A LESSON IN GOVERNMENT"
@
jokes.cc.com

No comments:

Post a Comment