Tuesday, March 7, 2017

ချစ်သူ့လက်ဆောင်

(Feb 14, 2017)

ထိုအမျိုးသမီးသည် ချစ်သူများနေ့ ညနေစောင်း၌ ခဏတာ အိပ်ပျော်သွားပြီး နိုးလာသည်နှင့် လင်ဖြစ်သူထံသို့ ဝမ်းသာအားရ သွားပြောသည်။

"သိပ်အံ့သြစရာ ကောင်းတာပဲ ကိုရယ်။ ချစ်လေ ခဏ အိပ်ပျော်သွားတာ အိပ်မက် မက်တယ် သိလား။ ဘာအိပ်မက်လဲ ကို့ကို ချစ် ပြောပြမယ်။ ခဏ နားထောင်နော်။ ချစ် အိပ်မက်ထဲမှာလေ . . . ကိုက ချစ်အတွက် ချစ်သူများနေ့လက်ဆောင် ပလက်တီနမ် ဆွဲကြိုးလေး ဝယ်ပေးတာ . . . သိလား။ ချစ်လေ . . . အရမ်းပျော်တာပဲ ကိုရယ်။ အဲ့ဒါ . . . ချစ် ခုနိုးနိုးချင်း ကို့ကို လာပြောတာ။ ချစ် အိပ်မက်ရဲ့ အဓိပ္ပာယ်က ဘယ်လိုလဲ မသိဘူးနော်။ အိပ်မက်ဆိုတာ မှန်တတ်သလား မသိဘူးနော်။"

"အင်း . . . ချစ် အိပ်မက်ရဲ့ အဓိပ္ပာယ်လား။ ချစ် သိနိုင်အောင် ကို ကူညီမယ်လေ။ ခဏစောင့်။ ကို ဈေးဘက် သွားလိုက်အုံးမယ်။ ချစ်အတွက် ကို လက်ဆောင်သွားဝယ်မယ်။"

"ကျေးဇူးပါ ကို။"

လင်ဖြစ်သူသည် လက်ဆောင်ပစ္စည်း ဝယ်ယူပြီး ဆိုင်မှာပင် ပါဆယ်ထုပ်ခဲ့သည်။ ချက်ချင်း အိမ်ပြန်လာပြီး လက်ဆောင်ထုပ်ကို မယားထံ ပေးလိုက်သည်။ လင်ရော မယားပါ ပြုံးပျော်နေကြသည်။
ထိုအမျိုးသမီးသည် လက်ဆောင်ထုပ်ကို အိပ်ခန်းထဲ ယူသွားပြီး ဝမ်းသာအားရ ဖွင့်ကြည့်သည်။ သူရသည့် လက်ဆောင်ပစ္စည်းအတွက် မျှော်လင့်ခဲ့သလောက် မပျော်ရပေ။ ချစ်သူများနေ့ လက်ဆောင်ပစ္စည်းမှာ စာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်၏ အမည်မှာ . . .
"အိပ်မက်တိတ္ထုံကျမ်း - အိပ်မက်များကို ဖွင့်ဆိုခြင်း" ဟူ၏။



----- http://www.india.com/buzz/valentines-day-jokes . . . . .

No comments:

Post a Comment