Sunday, February 13, 2011

Valentine's Day Photo Exhibition - ချစ်သူများနေ့ ဓာတ်ပုံပြပွဲ

သားနှင့်သမီးတို့၏ မင်္ဂလာဧည့်ခံပွဲသို့ ကြွရောက်ချီးမြှင့်ကြသော
ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား
လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါသည်။

မင်းပရိသတ်ဗိုလ်ပုံလယ်မှာ ရိုးရာမပျက် လက်ဆက်ထိမ်းမြား

စုလျားရစ်နွယ် ထုံးဆက်နှောင်တွယ်ချည်

အချစ်လမ်းဆုံးဖို့ဖန်

ညယံဖျော်ဖြေပွဲအပြီး
အနမ်းမဲ့နှုတ်ဆက်ခြင်း

တားမနိုင်ဆီးမရ ချစ်သူဆီကခွာ
လေ၏မြန်နှုန်းဖြင့် အချစ်နှင့် ဝေးရာသို့

ရက်လနှစ်ကြာ အချစ်များစွာ မျိုသိပ်ခဲ့ရရှာသည့်

ချစ်၍ခေါ်ရာ (၁)

ချစ်၍ခေါ်ရာ (၂)

ချစ်ရင်ခေါ်ပါ

မချစ်တတ်သူကြီး
အချစ်အကြောင်း ဆိုတာကို နှစ်ယောက်ထဲသာသိ

အချစ်အတု နဲ့ အချစ်အစစ်

ဘ၀ပေး၍ ချစ်ခဲ့ပါသည်
ချစ်ရသူအတွက် မြေတလင်း ရွှေခင်းဝယ်
ချစ်တယ် (၁)
ချစ်တယ် (၂)

ရည်ညွှန်း -
Wall Murals, Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495
14 Feb, 2011

8 comments:

  1. ဘ၀ပေး၍ ချစ်ခဲ့ပါသည်...အဲ့ဒီဇာတ်ကိုမသိဘူးခင်ညာ

    ReplyDelete
  2. နာမည်တော့ ကြားဖူးမှာပါ။
    “မပဋာ” နဲ့ “ကိုဒါသ”။
    ပဋာစာရီထေရီမကြီးရဲ့ စောစောပိုင်း ဘ၀ဇာတ်။

    ReplyDelete
  3. ဒီပုံလေးတွေ ကြည့်ပြီး သီတဂူ ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ တစ်ခု အမှတ်ရမိတယ်။ ဗုဒ္ဓတရားတွေက ခေတ်မှီဆဲပဲတဲ့။ လျော်ကန်တဲ့ တရားကို လျော်ကန်တဲ့နေရာမှ ချပြနိုင်ဖို့ပဲလိုတယ်တဲ့...။

    ဦးခိုက်ခဲ့ပါသည် ဘုရား

    ReplyDelete
  4. သတိတရား ရလိုက်ပါသည်။.

    ရှိခိုးဦးခိုက်ခဲ့ပါသည် ဘုရား

    ReplyDelete
  5. စာရေးဆရာ...ဇတ်ညွှန်းရေးဆရာ...ဒါရိုက်တာ
    အကယ်ဒမီ Mr.Mrt :)
    ပြောလို့ မရဘူး...နောက်ဘ၀ကျရင်သူကိုယ်တိုင်
    မင်းသားဖြစ်ရင်ဖြစ်အုံးမှာ :)

    ReplyDelete
  6. ခေတ်မီဆဲ ဗုဒ္ဓတရားတွေကို လျော်ကန်တဲ့အခါ သတိရအောင်။ သံဝေဂရအောင်။ အကယ်ဒမီ မရလည်း နေပါစေ။ ဓမ္မပူဇာရရင် တော်ရောပေါ့ :)

    ReplyDelete
  7. ဓမ္မပူဇာရမှ တပည့်တော်လည်း စားချင်တာ စားလို့ရမှာ :P

    ReplyDelete
  8. တရားထောက် ကပ္ပိယလား :)

    ReplyDelete