“ကြောင်ကြီးရဲ့ မြီးတံတို၊
အဆီကို စားပါလို့ အသားကိုမျို။
ကြောင်အိုပေမှေး၊
အိပ်ပါတော့လေး။”
ဒီသားချော့တေး ဒီအတိုင်း အတိအကျ ဟုတ်ချင်မှ ဟုတ်မှာပါလို့ ယူဆမိရာကနေ . . . ထုံးစံအတိုင်း မူကွဲတွေ ရှိမယ်လို့ စဉ်းစားမိပြီး ကွဲတတ်တဲ့ မြန်မာ့သဘာဝက စိတ်ထဲ ရောက်လာပါတယ်။ ရှိပါစေတော့။ ပြောချင်တာက တစ်ခြားပါ။
ငယ်ငယ်က တော်တော်လေး အရွယ်ရောက်တဲ့ထိ အမေ ချော့သိပ်တဲ့ သီချင်းကတော့ “ကြောင်ကြီးရဲ့ မြီးတံတို၊ အဆီကို စားပါလို့ အသားကိုမျို"။ ဒီလောက်ပါပဲ။ သားချော့တေး တိတိကျကျကိုတော့ အမေ မရဘူး ထင်ပါတယ်။ "အိပ်ပါတော့ လေး"လို့တော့ အဆုံးသတ်ပါတယ်။ သား အိပ်ပျော်သွားရင် ပြီးတာပါပဲ။ ဒါမှ အမေလည်း အိမ်အလုပ် လုပ်လို့ရမှာ။
တေးသံစဉ်မှာ စီးမျောပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိမှာပါ။ သားကို အမေတာဝန်ယူ ချော့သိပ်ခဲ့ရတဲ့ နေ့ရက်တွေက နည်းတာမှ မဟုတ်တာ။ အမေ့တေးရဲ့ အဓိပ္ပာယ်ကို ခံစားကြည့်တဲ့ အခါလည်း ရှိတာပေါ့။ မီးဖိုချောင်ထဲမှာ ကြွက်ချောင်းနေတဲ့ ကြောင်ကြီးကို အမေ့တေးက ပြတယ်။ မြီးတံတို တဲ့။ ဆိုးပေပေကြောင်ကြီး ရန်ဖြစ်ရင်း တိုက်ရင်းခိုက်ရင်း ကိုက်ရင်း အမြီးပြတ်သွားတာနေမှာ။ ကြောက်စရာ ကြောင်မိုက်ကြီးပဲ။ ဟုတ်တယ် တဲ့။ အဆီးကို စားတာတဲ့။ အသားကို မျိုတာတဲ့။ မဝါးဘဲ မျိုတာလား မသိ။ ကြောင်ကြီး မသိအောင် တိတ်တိတ်လေး အိပ်နေတာပဲ ကောင်းပါတယ်။ ကြောက်စရာကြီး။ အသံတောင် မထွက်ရဲတော့ဘူး။ မျက်လုံးတွေ လေးလာပြီ။
အခု ပြန်စဉ်းစားတော့ ဒီသားချော့တေးကို သားခြောက်တေးလို့ မြင်မိတယ်။ ပြေပြစ်တဲ့ အမေ့ သံစဉ်လေး ရှိနေလို့ တော်ပါသေးရဲ့။ ငယ်ငယ်ကတည်းက အခြောက်ခံခဲ့ရတဲ့ သားတွေလား။ ဖြစ်နိုင်တာပေါ့။ လူကြီးတွေကိုတောင်မှ နတ်ပြည်နဲ့မြှောက် ငရဲနဲ့ခြောက်လို့ မှတ်ချက်ချတဲ့ ဘာသာရေးစကား ရှိသေးတာ။ နိုင်ငံရေး ခြောက်လုံး။ စီးပွားရေး ခြောက်လုံး။ ဘာညာဘာညာ ခြောက်လုံး။ အာဏာသိမ်းလိုက်ရမလား။ ခွဲထွက်လိုက်ရမလား။ မဲမရအောင် လုပ်ပြမယ်။ သနပ်ခါး မမွှေးအောင် လုပ်ပြမယ်။ ကိုယ်ဖျောက်လိုက်ရမလား။ အသေထွက် အရှင်ထွက် ထွက်ပြလိုက်ရမလား။ ခြောက်လုံးပြူး များစွာ။ ကြောက်စရာ။ ဟုတ်လား။ ကြောက်ရမှာလား။ ဒါလည်း ထားပါတော့။ ပြောချင်တာက တစ်ခြားပါ။
*****
အင်း . . . သူတို့သားကို သူတို့ချော့ပုံကကျတော့ တစ်မျိုး။
"Twinkle, Twinkle Little Star
How I Wonder What You Are
Up Above the World So High
Like a Diamond in the Sky"
သံစဉ်ကတော့ သူ့အချိုနဲ့ သူပေါ့။ သူတို့လည်း အမေပဲလေ။ သီချင်းကို သားသားက ခံစားနိုင်မယ် ဆိုရင်တော့ အိပ်တော့မယ့် သားသားရဲ့ စိတ်က ကြယ်ကလေးတွေဆီ ရောက်သွားတာပေါ့။ သူတို့ ကမ္မဝါဒီလို့ တံဆိပ်ကပ်တာ မခံရပေမယ့် ကံကောင်းကြတယ်နော်။ သားသားက မေ့မေ့တေးသံမှာ နစ်ဝင်ရင်း မေးခွန်းထုတ်တယ်။ မှိတ်တုတ်မှိတ်တုတ်နဲ့ ဘာကောင်တွေလဲကွ။ ဟာဟ။ ကမ္ဘာ့အထက် အမြင့်ကြီးမှာပါလား။ တော်တော်ဟုတ်တဲ့ ကောင်တွေပဲ။ ငွှင်းငွှင်း။ ဟား ဟုတ်ပြီ။ စိန်ပွင့်လေးတွေပါကွာ။ ငိငိ။ တော်ဘီကွာ။ ငါ အိပ်လတ်အူးမယ်။
:)
ရှင်အာစာရ

No comments:
Post a Comment