Friday, January 6, 2017

အနုမောဒနာ (နပသ ပုလဲရတု)

((Dec 4, 2016 ၊ နပသ ပုလဲရတု)
 
ရေစက်မချခင် ဝမ်းသာစကား အနုမောဒနာ။ ကျမ်းစာထဲက ယူတာမဟုတ်ဘူး။ ရင်ထဲကယူတာ။
ပုလဲရတု ကျင်းပဖို့ ဆွေးနွေးကြတော့ စာတမ်းဖတ်ပွဲ လုပ်ချင်တယ်၊ ပညာရေးဖိုရမ် လုပ်ချင်တယ်၊ မဂ္ဂဇင်းလုပ်ချင်တယ် တင်ပြကြတယ်။ လုပ်ချင် လုပ်ကြ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ကြ။ တစ်ခြား တက္ကသိုလ်တွေ ဖိတ်မနေနဲ့။ တပည့်တော်က စိုးရိမ်လို့ ပြောခဲ့တာ။ အခုမှ စလုပ်ကြတာ အတွေ့အကြုံ မရှိတော့ အဆင်မပြေရင် အထုပ်ဖြေပြသလို ဖြစ်မှာစိုးလို့။ တကယ်လုပ်တော့ အဆင်ပြေတယ်။ နှစ်ရက် စာတမ်းဖတ်ကြတော့ သဘာပတိတွေကလည်း ဒီတက္ကသိုလ်က၊ စာတမ်းဖတ်ကြတာလည်း ဒီတက္ကသိုလ်က၊ မေးခွန်းတွေမေး ဆွေးနွေးကြတာလည်း ဒီတက္ကသိုလ်က ဦးဇင်းတွေပဲ။ ဒီလောက်ဆိုရင် နိုင်ငံတကာနဲ့ ယှဉ်လို့ရပြီ။ နိုင်ငံတကာ ပွဲတွေလည်း ဒီလောက်ပဲရယ်။ သိပ်အထင်မကြီးနဲ့။
နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်နေတာပဲမို့ ပုလဲရတုမဂ္ဂဇင်း ကုန်ကျစရိတ်နဲ့ ချင့်ချိန်ဖို့ ပြောခဲ့တာ။ အဆင်ပြေတာပဲ။
ပညာရေးဖိုရမ် ဆွေးနွေးကြတော့လည်း ဦးဇင်းလေးတွေ တက်တက်ကြွကြွ ဆွေးနွေကြတာ။ တစ်နာရီကနေ အချိန်တိုးပြီး နှစ်နာရီ။ မပြီးနိုင်လို့ နှစ်နာရီခွဲနဲ့ မနည်း ဖြတ်လိုက်ရတယ်။

တပည့်တော် ဝမ်းသာတယ်။ ငါ့လူတွေ ဟန်ကျနေပြီ။ ထင်ထားတာထက် အများကြီး သာတယ်။ တပည့်တော် ခိုင်းရုံခိုင်းရတာတောင် ဒီလောက် ဝမ်းသာရင် ကိုယ်တိုင် လုပ်ရတဲ့ အရှင်ဘုရားတို့ ဝမ်းသာကြမှာပဲ။
ဒီတက္ကသိုလ်ကြီးကို ဦးဆောင်တည်ထောင်တော်မူခဲ့တဲ့ မင်ကွန်းဆရာတော်ကြီးနဲ့ ထောက်ပံ့လှူဒါန်းတဲ့ ဒကာဒကာမတွေရော၊ ဒီကျောင်းတိုက်ရဲ့ မူလအလှူရှင် စုဖုရားလတ် နဲ့ သီပေါမင်းတို့ကိုပါ အစထားပြီး အမျှဝေကြမယ်။
(မန်း နပသ မော်ကွန်းထိန်း ဆရာတော်)
"ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" (သုံးကြိမ်)

No comments:

Post a Comment