Friday, January 6, 2017

နောက်ဆက်တွဲ စာမျက်နှာ (Dec 5, 2016)


စာမျက်နှာ တစ်ချို့
တုံးလုံးပက်လက်
အမှတ်တရ ဓာတ်ပုံတွေ
အအေးမိ နှာစေး
ချောင်းဟွတ်သံ တစ်ချို့
နွမ်းလျစွာ အားတင်း
ခြေလှမ်းတွေ တုံ့နှေး
အနှိပ်သည်ဆီ ဖုန်းဆက်
ဆရာဝန်ဆီ ချီတက်
ရွာဦးကျောင်း ပြန်လှည့်
စာသင်ခန်း ပြန်ငဲ့
တောင်တန်းတွေ ပြန်ကျော်
ပြန်ဆင်း ပြန်တက်
ပြန်ဝင် ပြန်ထွက်
ရယ်သံတွေ မတက်ကြွ
သီချင်းသံတိတ်
စောင်းသံတိတ်ထိ မအိပ်ကြသေး။


:)
ရှင်အာစာရ

(မန်း နပသ ပုလဲရတု အလွန်)

No comments:

Post a Comment