(ပိုင်ဆိုင်မှု အဆက်)
ဒီလို ပိုင်ဆိုင်တဲ့ အမြင်ဟာ ဆင်းရဲဒုက္ခကို ဖန်တီးပါတယ်။ ငါ့အမေ ဘာမှ မဖြစ်ရဘူး။ တစ်ခြားသူရဲ့ အမေ ဖြစ်ချင်ရာဖြစ်။ ငါ့ ခန္ဓာကိုယ် ဘာမှ မဖြစ်ရဘူး။ သူတစ်ပါးရဲ့ ခန္ဓာကိုယ် ဖြစ်ချင်ရာဖြစ်။ ဒါဆိုရင် ဘာမှ ပြဿနာ မရှိဘူး။ ပိုင်ဆိုင်စရာတွေနဲ့ ပတ်သက်လို့လည်း အလားတူပါပဲ။ ဒါ ငါ့ခွက်။ ငါ့ခွက် ငါ့ပိုင်ရမယ်။ တစ်ခြားသူတွေရဲ့ခွက် ဖြစ်ချင်ရာဖြစ်ပါစေ။ ဒါဆိုရင် ဘာမှ ပြဿနာ မရှိဘူး။ တိရစ္ဆာန်တွေနဲ့ ပတ်သက်လို့တောင်မှ အလားတူ ခွဲခြားတာပါပဲ။ ဒါ ငါ့ကြောင်။ ဒါက ငါ့ အိမ်နီးချင်းရဲ့ကြောင်။ အိမ်နီးချင်းရဲ့ကြောင်က ငါ့ကြောင်ကို လာပြီး မတိုက်ခိုက်သင့်ဘူး။ ဘာလို့ တိုက်ခိုက်ရမှာလဲ။ စဉ်းစားသုံးသပ်စရာ မေးခွန်းတစ်ခုက . . . သေဆုံးချိန်မှာ ကျွန်တော်တို့ ပိုင်ဆိုင်တယ်လို့ ထင်ထားတာတွေ ဘာဖြစ်မလဲ။ တကယ်သာ ပိုင်ဆိုင်တယ်ဆိုရင် သေရာ ယူသွားနိုင်ကြမှာပေါ့။ ဒါပေမယ့် မယူနိုင်ကြပါဘူး။
ဒါတွေဟာ ဗုဒ္ဓတရားတော်ရဲ့ နက်နဲတဲ့အပိုင်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု အတ္တစွဲနဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်ပုံတို့ ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ မြင်ဖို့ပါပဲ။ နေ့စဉ်ဘ၀ ဘာဝနာ အလုပ်မှာ ကိုယ့်ဟာကိုယ် ရှာဖွေဖော်ထုတ်နိုင်တာ တစ်ချို့ ဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ သတိထားဖို့ အရေးကြီးပါတယ်။ စိတ်ထဲမှာ ဘာအတွေး ဖြစ်ပေါ်နေတယ်၊ အတွေးက ကိုယ့်အပေါ် ဘယ်လို သက်ရောက်တယ်၊ အတွေးနဲ့ စိတ်ခံစားမှု ဘယ်လို ဆက်စပ်တယ် ဆိုတာတွေကိုသာ သိဖို့ပါ။ တကယ် ကျင့်သုံးနိုင်တယ်၊ သတိတရား လက်ကိုင်ထားနိုင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတာတွေ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်ပါတယ်။
စိုးရိမ်ပူပန်ရတယ်၊ ပြဿနာတွေ ရှိတယ်လို့ ကျွန်တော်တို့ ပြောနေကျပါ။ တစ်ခြား အာရုံဆီ အတွေးရောက်သွားတဲ့ အခါမှာ ပူပန်မှုတွေ၊ ပြဿနာတွေ ဘာဖြစ်သွားသလဲ။ ပြဿနာကတော့ ပြေလည် မသွားပါဘူး။ ဒါပေမယ့် အာရုံလွှဲထားတဲ့ အခိုက်အတန့်မှာတော့ ပြဿနာဟာ ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း မဟုတ်တော့ပါဘူး။ ကျွန်တော်တို့နဲ့ နီးစပ်သက်သူတစ်ယောက် နာမကျန်း ဖြစ်တဲ့အခါမှာ လူမမာအကြောင်း စဉ်းစားလိုက်တိုင်း ဆင်းရဲပင်ပန်းရပါတယ်။ တစ်ခြားကို အတွေးရောက်သွားချိန်မှာ လူမမာကတော့ ရောဂါရှိနေတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဆင်းရဲပင်ပန်းစရာ မဟုတ်တော့ပါဘူး။ စဉ်းစားချက်၊ တွေးခေါ်ချက်တွေဟာ ဆင်းရဲဒုက္ခနဲ့ ဘယ်လိုဘယ်ပုံ တိုက်ရိုက် ဆက်သွယ်နေတယ် ဆိုတာကို ပြသနေပါတယ်။
ခု ကျွန်တော် ပြောပြီးတာတွေက အတွေးတွေကို ပျက်စီးရာ ပျက်စီးကြောင်း အသုံးပြုတာတွေ ဖြစ်ပါတယ်။ ဆက်ဆံရေး နယ်ပယ်က ပုံရိပ်တွေအကြောင်း၊ ကျွန်တော်တို့ရဲ့ အတွေး ကျွန်တော်တို့ရဲ့ အမြင်သဘောထားတွေက ပုံရိပ်တွေ ဖန်တီးတဲ့အကြောင်း မနေ့က ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။
အသုံးဝင်သည့် အတွေးများ
အတွေးတွေကို အပြုသဘော အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ တီထွင်ဆန်းသစ်ပြီး အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းက ဘယ်လိုလဲ။ ဆင်ဖြင်ဖို့၊ အလေးအနက် သုံးသပ်ဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့ အတွေးတွေကို အသုံးပြုနိုင်ပါတယ်။ အတွေးတွေကို သုံးသပ်တာဟာ ပွားများရမယ့် ကိစ္စဖြစ်ပါတယ်။ အရေးကြီးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဘာဝနာ ဖြစ်ပါတယ်။ ကိုယ့် အပြုအမူကိုယ် စဉ်ဆက်မပြတ် သုံးသပ်သင့်ပါတယ်။ ငါ ဘယ်လို ပြုမူနေသလဲ၊ ကိုယ့် အပြုအမူဟာ ကိုယ့်အတွက်၊ ဒါမှမဟုတ် သူတစ်ပါးအတွက် ဆင်းရဲဒုက္ခ ဖန်တီးနေသလား ဆိုတာကို သုံးသပ်သင့်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ကိုယ်တိုင်ပဲ ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခကို ဖန်တီးနေတာကို မြင်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ကိုယ့်အပြောင်းအလဲကို ကိုယ်ကိုယ်တိုင်သာ ပြုလုပ်နိုင်တယ် ဆိုတာကို နားလည်နိုင်ပါတယ်။ ကိုယ့်ဒုက္ခကို ကိုယ် တာဝန်ယူပြီး အခြေအနေ ပြောင်းလဲသွားအောင် လုပ်နိုင်ပါတယ်။
ဒီကနေ မြတ်စွာဘုရား ထုတ်ဖော် ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါး မြတ်တရားဆီ ရောက်သွားပါတယ်။ ပထမ အရိယသစ္စာက ဆင်းရဲဒုက္ခ ဖြစ်ပါတယ်။ ဒုက္ခကို ဘယ်လိုမျိုး အရိယသစ္စာလို့ ယူဆတာလဲ။ ဆင်းရဲဒုက္ခမှာ ဘာများ မြင့်မြတ်လို့လဲ။ ခင်ဗျားတို့ ဘယ်လို ဖြေကြမလဲ။
ယောဂီ။ ။ ဘာဖြစ်လို့လည်းဆိုတော့ ဆင်းရဲဒုက္ခကို မသိရင် ပွားများအားထုတ်မှာ မဟုတ်လို့ပါ။
ဆရာကြီး။ ။ အဲဒီလို ဆိုနိုင်ပါတယ်။ ဆင်းရဲဒုက္ခ ခံစားရတဲ့ အခါမှာ ဒုက္ခရဲ့ အကြောင်းရင်းကို စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဒါကြောင့် မြင့်မြတ်တာပါ။ ဒါကြောင့် ဆင်းရဲဒုက္ခ ရောက်ရတဲ့အခါမှာ အဆိုးမမြင်ပါနဲ့။ အရိယသစ္စာလို့ ရှုမြင်ပါ။
ပိုပြီးတော့ အရေးကြီးတာက ဒုတိယ အရိယသစ္စာ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဆီ ရောက်အောင် ပို့ပေးပါတယ်။ ဆင်းရဲဒုက္ခ ဖန်တီးပေးသူဆီ လမ်းညွှန်ခေါ်ဆောင်ပါတယ်။ ကျွန်တော်တို့ဟာ ဆင်းရဲဒုက္ခ ဖန်းတီးနေကြပါတယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ ခက်ခဲလှပါတယ်။ ကိုယ့်ဒုက္ခအတွက် သူတစ်ပါးကို လက်ညှိုးထိုးရတာ လွယ်ပါတယ်။ ဒီတော့ ကိုယ့်ဒုက္ခနဲ့ ပတ်သက်လို့ ကိုယ် ဘာမှ လုပ်စရာ မလိုတော့ပါဘူး။ သူတစ်ပါးတာဝန် ဖြစ်သွားပါတယ်။ ဒါကြောင့် ဒုတိယ အရိယသစ္စာကို ရှင်းရှင်းလင်းလင်း သိမြင်တယ်ဆိုရင် တတိယသစ္စာနဲ့ စတုတ္ထသစ္စာတို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာပါတယ်။
ဘာဝနာဆေးဝါး
ဘာဝနာဆိုတာ ကိုယ့်ဟာကိုယ် ရလာတဲ့ ရောဂါဝေဒနာကို ကုသဖို့ ကိုယ်ကိုယ်တိုင်ပဲ ဆေးဝါး ရှာဖွေဖော်ထုတ်တာနဲ့ တူတယ်လို့ ကျွန်တော် ပြောလေ့ရှိပါတယ်။ ဒါကြောင့် . . . ကျွန်တော်တို့ ဆေးရှာနေတာ ရက်တွေတောင် ရလာပါပြီ။ ခင်ဗျားတို့ မျက်နှာတွေ ကြည့်ရတာ အားရကျေနပ်စရာ ကောင်းလှပါတယ်။ အလုပ်ဖြစ်တယ်၊ ဆေးစွမ်းပြတယ် ထင်ပါတယ်။ နေ့စဉ်ဘဝမှာ ဒီဆေးကို ဆက်လက်သုံးစွဲဖို့ အရေးကြီးပါတယ်။ မနက်ဖြန်ဟာ အချိန်ပြည့် အားထုတ်ရမယ့် နောက်ဆုံးနှေ့ ဖြစ်တဲ့အတွက် မနက်ဖြန်ကျရင် ဒါကို ဆွေးနွေးပါတယ်။ ကျွန်တော်တို့ သုံးစွဲနေတဲ့ ဆေးအကြောင်း ဆွေးနွေးဝေဖန်ပါမယ်။ ကျင့်သုံးခဲ့တဲ့ နည်းအမျိုးမျိုး၊ ဆွေးနွေးချက် အမျိုးမျိုးကို ပြန်လှန်သုံးသပ်ပါမယ်။ ခင်ဗျားတို့ မပြန်ခင် . . . ခင်ဗျားတို့ သုံးစွဲမယ့် ဆေးအကြောင်း ကောင်းကောင်း သိသွားဖို့ လိုပါတယ်။
ဘာဝနာကို နေ့စဉ်ဘဝနဲ့ ဘယ်လို ဆက်စပ်မယ် ဆိုတာကို မနက်ဖြန်ကျရင် ဆွေးနွေးကြပါမယ်။ နေ့စဉ် ဘဝမှာ ရင်ဆိုင် ကြုံတွေ့ရနိုင်တဲ့၊ ရင်ဆိုင် ကြုံတွေနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို စဉ်းစားထားကြပါ။ ဘုရားရှင်ရဲ့ အဆုံးအမထဲကနေ ပြဿနာရဲ့ အဖြေကို ရှာဖွေနည်းတွေအကြောင်း ဆွေးနွေးကြပါမယ်။
အခု ကျွန်တော် ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ မေးစရာတွေ ရှိပါသလား။ မေးခွန်းတွေ မေးကြပါ။ မေးခွန်းကောင်း မကောင်း မစိုးရိမ်ပါနဲ့။ မိုက်မဲတဲ့ မေးခွန်းဖြစ်မလား၊ နက်နဲတဲ့ မေးခွန်းဖြစ်မလား မပူပါနဲ့။ မေးချင်တာသာ မေးကြပါ။
အမေးအဖြေ
ဘာဝနာအကြောင်း ပြောရရင် . . . ကျွန်တော်တို့ ယောဂီတွေဟာ ကျောက်ရုပ်တွေကို ပြုမူသင့်သလား သိချင်ပါတယ်။ ယောဂီအားလုံး ကျောက်တုံးကျောက်သားတွေလို ပြုနေကြသလိုပါပဲ။ ကျွန်တော့် အတွက်တော့ ကျောက်ရုပ်တွေလို ဖြစ်နေကြတယ်လို့ ခံစားရပါတယ်။ ဒီနေ့မနက် မတ်တတ်ရပ်ရင်း အားထုတ်နေတုန်းက ကျွန်တော် ပြတင်းပေါက်မှာ ရပ်ရင်း သဘာဝပတ်ဝန်းကျင်ကို ကြည့်ခဲ့ပါတယ်။ သိပ် လှပပါတယ်။ လေတိုးလို့ . . . သဘာဝတရားက ကခုန်နေပါတယ်။ တော်တော် ငြိမ်းချမ်းတာပဲ။ ကျွန်တော်တို့ ကတဲ့ ကမ္မဋ္ဌာန်း အားထုတ်လို့ ရသလား။ ကျွန်တော် သိချင်တာ ဒါပါပဲ။
ဆရာကြီး။ ကျွန်တော်လည်း ကျောက်ရုပ်လို ပြုမူတာပဲလား။
ယောဂီ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟုတ်ပါတယ်။ ဒါပေမယ့် ကောင်းတာ တစ်ခုက ဆရာကြီးက တစ်ခါတစ်ရာ ရယ်ပါတယ်။ တကယ့်ကို အစစ်အမှန် ရယ်တာပါ။ ဒါကြောင့် အများအားဖြင့် ဆရာကြီးက ကျောက်ရုပ်နဲ့ မတူဘူး ထင်ပါတယ်။
ဆရာကြီး။ ။ မေတ္တာ ဘာဝနာကို ကျွန်တော် အလေးပေး ပြောကြားနေတာပါ။ မေတ္တာဘာဝနာ ကျင့်စဉ်ဟာ ကျောက်တုံးကျောက်ခဲလို ပြုမူတာနဲ့ ဆန့်ကျင်ဘက်ပါ။ ဖော်ရွေမှုကို ဖွံ့ဖြိုးအောင် လုပ်ရတာပါ။ ဒါကို ကျွန်တော် အလေးပေး ပြောနေကျပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေလို့ ခံစားရရဲ့လား၊ ကိုယ်ပတ်ဝန်းကျင်က လူတွေကို နားလည်ခံစားနိုင်ရဲ့လားလို့ မေးတာဟာ . . . ဒီသဘောကို ပြောတာပါ။ ကျောက်တုံးကျောက်သားတွေကတော့ ဘာကိုမှ မခံစားတတ်ကြပါဘူး။ သဘာဝတရားကိုလည်း ခင်ဗျား ထည့်ပြောလိုက်ပါတယ်။ သဘာဝတရားနဲ့ အဆက်အသွယ်လုပ်ဖို့ ကျွန်တော် အလေးပေး ပြောကြားနေပါတယ်။
ဒီနေရာဟာ လှပတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်နေတာကို ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။ လှပတဲ့ ပတ်ဝန်းကျင်ပါ။ အချင်းချင်း ဖေးမကူညီနေကြပါတယ်။ ခင်ခင်မင်မင် ရှိကြပါတယ်။ အထူးသဖြင့် မီးဖိုချောင် ကဏ္ဍက လူတွေပေါ့။ ဒါကြောင့် . . . ကျောက်ရုပ်တွေလို ပြုမူနေကြတယ်လို့ မထင်မိပါဘူး။ ခင်ဗျားက . . . ခံစားချက် ကင်းမဲ့တာနဲ့ အနှောင်အတွယ် မရှိတာကို ရောထွေးနေတာ ထင်ပါတယ်။ အခု ကျွန်တော်တို့က ခံစားမှု အပေါ်မှာပဲ အလေးပေးထားပါတယ်။ ပျော်ရွှင်ခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း၊ ဖော်ရွှေခြင်း အတွေ့အကြုံတွေကို ကျွန်တော် အလေးပေး ပြောကြားနေပါတယ်။ ခန္ဓာကိုယ်အပေါ် ခံစားခြင်းရဲ့ အရေးပါပုံကို ယောဂဆရာ အလေးပေး ပြောကြားမယ် ထင်ပါတယ်။ ခန္ဓာကိုယ်ကို ကျောက်တုံးလို သဘောထားဖို့ ခင်ဗျားတို့ထဲက တစ်ချို့ကို ယောဂဆရာက ပြောကောင်း ပြောနိုင်ပါတယ်။ ယောဂသင်တန်းထဲမှာမှ မဟုတ်ပါဘူး . . .။ ဒီကိစ္စက တစ်ခြားပါ။ ခင်ဗျားက မတုံ့ပြန်တဲ့စိတ်နဲ့ မခံစားဘဲ ဒုက္ခကင်းတဲ့စိတ်ကို ရောထွေးနေတာ ထင်ပါတယ်။ နောက်ဆုံးနေ့ကျရင် ဒီအကြောင်း ပြောပါဦးမယ်။
တစ်ခါထပ်ပြီး ပြောချင်ပါသေးတယ်။ ဒီနေရာဟာ လှပတဲ့ ပတ်ဝန်းကျင်ပါ။ ဓမ္မမိတ်ဆွေ အုပ်စုဟာ အချင်းချင်း အပြန်အလှန် ဆက်ဆံနေကြပါတယ်။ ယောဂီ တစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ သူ ဒီကိုရောက်တော့ ခံစားမှု အတွေ့အကြုံနဲ့ ပတ်သက်လို့ အခက်အခဲ ရှိတယ်တဲ့။ ဒါပေမယ့် လူတွေက သူ့ကို ပြုံပြပြီး ဖော်ဖော်ရွေရွေ ရှိလာတဲ့အခါမှာ ပထမဆုံး အနေနဲ့ ခံစားချက်ကို တွေ့ကြုံလိုက်ရတယ်တဲ့။ သူဆီက ဒီလို ကြားလိုက်ရတာ . . . တော်တော် ကောင်းပါတယ်။
တစ်ခြား မေးစရာ ရှိပါသေးလား။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment