(. . . . .မှ အဆက်)
စတုတ္ထနေ့ - အတွေးနှင့် ဘာဝနာ
(ဟောင်ကောင်၊ ၁၇ အောက်တိုဘာ၊ ၁၉၉၇)
ဆရာကြီး။ ။ အတွေးတွေကို တရားသဘောနဲ့အညီ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို အနည်းငယ် ပြောပါမယ်။ ကျွန်တော်တို့ အတွေးတွေဟာ စက်က ထုတ်နေသလို အလိုအလျောက် ဖြစ်ပေါ်နေတယ် ဆိုတာကို သိနိုင်ပါတယ်။ အတွေးတွေ ပေါ်လာတယ်။ ဘာဖြစ်နေသလဲ ကြည့်ပါ။ ခင်ဗျားတို့ ကျွန်တော့်ကို နာထောင်နေတယ်။ ဒါပေမယ့် စိတ်ထဲပေါ်လာတဲ့ အတွေးတွေထဲ နစ်မြုပ်သွားတယ်။ အတွေးတွေ ဝင်မလာစေချင်ပေမယ့် သူတို့က ဝင်ဝင်လာကြတယ်။ စိတ်ဝင်စားစာရာ ကောင်းတာက . . . တစ်ချို့ အတွေးတွေကို ပေါ်လာခွင့် ပေးလိုက်ပြီး လွှတ်ပေးလိုက်တယ်။ တစ်ခု အတွေးတွေကိုတော့ ဆုပ်ကိုင်ထားတယ်။ အတွေးတွေနဲ့ . . . ကိုယ့်ကိုယ်ကို ဆုံးဖြတ်သတ်မှတ်တယ်။ အတွေးတွေက ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ပါတယ်။ ထိန်းချုပ်ထားနိုင်ပါတယ်။ ကျွန်တော်တို့ . . . သတိနဲ့ ဖော်ထုတ်နိုင်တာ တစ်ခုက . . . အတွေးတွေ ပေါ်လာတဲ့အခါ အတွေးတွေကို ဆုပ်ကိုင်မထားဘဲ လွှတ်ပေးလိုက်နိုင်ရင် ပြဿနာ မရှိပါဘူး။ ဒါကို ကျွန်တော်တို့ လေ့လာရပါမယ်။ စူးစမ်းရပါမယ်။ နောက်တစ်ခုက . . . အတွေးတွေနဲ့ စိတ်အခြေအနေတွေကြားက ဆက်စပ် ပတ်သက်မှု ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလို အတွေးတွေကို ဆုပ်ကိုင်ထားပြီး . . . ကိုယ့်ကိုယ်ကို အတွေးတွေနဲ့ ဆုံးဖြတ်သတ်မှတ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေဟာ ပြောင်းလဲသွားပါတယ်။ ဒါကြောင့် အတွေးတွေ ပေါ်လာတဲ့ အခါမှာ မတုံ့ပြန်မိဖို့ ကျွန်တော် အကြံပြုနေတာပါ။
စိတ်ခံစားမှုများ
ကျွန်တော်တို့ အားထုတ်ဆဲဖြစ်တဲ့ စိတ်ဝင်စားစရာ နောက်တစ်ခုက . . . အတွေးတွေနဲ့ စိတ်ခံစားမှုတွေရဲ့ ဆက်သွယ်ချက် ဖြစ်ပါတယ်။ ဘာက အရင် ပေါ်လာသလဲ။ အတွေးတွေလား။ ဒါမှမဟုတ် စိတ်ခံစားမှုတွေလား။
(ယောဂီများ။ ။ အတွေးတွေပါ။)
ခင်ဗျားတို့ကိုယ်တိုင် ဖော်ထုတ်လိုက်တာ၊ ခင်ဗျားတို့ကိုယ်တိုင် လေ့လာသင်ယူမိတာလို့ မျှော်လင့်ပါတယ်။ တစ်နည်း ပြောရရင် . . . အတွေးတွေနဲ့ အလုပ်ဖြစ်အောင်၊ အတွေးတွေကို နိုင်နင်းအောင် လေ့ကျင့်တယ်ဆိုရင် စိတ်ခံစားမှုတွေအပေါ် လွှမ်းမိုးနိုင်စွမ်း ဖွံ့ဖြိုးအောင်လုပ်ပြီးသား ဖြစ်ပါတယ်။ နောက်တစ်ခုက စိတ်ခံစားမှု ရှိတယ်ဆိုရင် အတွေးတွေက စိတ်ခံစားမှုကို ချဲ့ကားပါတယ်။ အတွေးတွေဟာ ရှိနေတဲ့ စိတ်ခံစားမှုကို ပုံကြီးချဲ့နိုင်ပါတယ်။
ဇာတ်လမ်းများ
နောက်တစ်ခုက အတွေးတွေကနေ ဇာတ်လမ်းတွေ ဘယ်လိုဖန်းတီးမိတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နောက်ပြီး ဇာတ်လမ်းတွေကို ကိုယ့်ဟာကိုယ် ဖန်တီးပြီး ကိုယ်ဖန်တီးတဲ့ ဇာတ်လမ်းတွေရဲ့ သားကောင် ကိုယ့်ဟာကိုယ် ပြန်ဖြစ်နေတာကို နားမလည်ကြပါဘူး။ တစ်ခါတစ်ခါ ဇာတ်လမ်းတွေက ရုပ်ရှင်ဖြစ်သွားပါတယ်။ အတိတ်က ဖြစ်ခဲ့တာတွေ၊ အနာဂတ်မှာ ဖြစ်မှာတွေက စိတ်ကူးထဲမှာ ရုပ်ရှင် ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ တော်တော်ဆိုးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ဖန်တီးနေကြပါတယ်။ ဇာတ်လမ်း အားလုံးထဲမှာ ကျွန်တော်တို့ပဲ ဒါရိုက်တာ၊ ကျွန်တော်တို့ပဲ ထုတ်လုပ်သူ၊ ကျွန်တော်တို့ပဲ သရုပ်ဆောင် ဖြစ်ပါတယ်။ ဇာတ်နာရတဲ့သလည်း ကျွန်တော်တို့ပါပဲ။ အဲဒီလို ဇာတ်လမ်း နမူနာတစ်ခု ပြောပြပါမယ်။ တစ်ချိန်တည်းမှာ စိတ်ကူးယဉ် ဇာတ်လမ်းက တကယ့်လက်တွေ့ ဖြစ်သွားပုံကို ပြောပြပါမယ်။
ဗုဒ္ဓစာပေထဲက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ လူထွက်ချင်တဲ့ ရဟန်းငယ်တစ်ပါး ရှိပါတယ်။ သူ လူထွက်မယ့် အစီအစဉ်ကို သူ့ဆရာသိအောင် ပြောပြမထားပါဘူး။ တစ်နေ့တော့ ဆရာရဟန်း ခေါင်းကိုက်ပါတယ်။ ဒါကြောင့် ရဟန်းငယ်ကို အနှိပ်ခိုင်းပါတယ်။ သူ့ဦးခေါင်းကို ဆီနဲ့ သုတ်လိမ်းခိုင်းပါတယ်။ ရဟန်းငယ်ဟာ ဆရာ့ဦးခေါင်းကို ဆီသုတ်ပေးရင်း တွေးတောနေပါတယ်။ တစ်လနှစ်လ အတွင်းမှာ လူထွက်မယ်။ သင်္ကန်းချွတ်ပြီးရင် အလုပ်ရှာမယ်။ အလုပ်ရရင် ငွေဝင်မယ်။ ငွေရှိရင် အမျိုးသမီးတစ်ယောက် ရှာမယ်။ လက်ထပ်မယ်။ လက်ထပ်ပြီးရင် တစ်ခါတစ်ခါမှာ အမျိုးသမီးက အပြောရ အဆိုရခက်နိုင်တယ်။ ပြောမကောင်း ဆိုမကောင်း အသုံးမကျတဲ့ အမျိုးသမီးကို ရိုက်ထည့်လိုက်မယ်။ တွေးနေတာပေါ့။ တွေးနေရာကနေ လက်ပါပြီး ဆရာရဟန်းရဲ့ ဦးခေါင်းကို ရိုက်ထည့်လိုက်တယ်တဲ့။
ကျွန်တော်တို့ ရယ်ကြပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်တို့ အတွေးနဲ့ ကျွန်တော်တို့ ဒီလိုပါပဲ။ အတွေးတွေဟာ တကယ့်ကို ဖန်းစားနိုင်တယ်ဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့အတွက် စိတ်ကူးယဉ် အိပ်မက်တွေ ဖန်တီးပေးနိုင်ပါတယ်။ ကျွန်တော်တို့က အဲဒါတွေကို တကယ့်အစစ်လို့ ထင်ကြပါတယ်။ ဒါကြောင့် . . . ဒီဇာတ်လမ်းတွေဟာ စိတ်ခံစားမှုတွေနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ဒီဖြစ်စဉ်ကို ညွှန်းဆိုတဲ့ ပါဠိစကားလုံးက ပပဉ္စတဲ့။ စိတ်ဝင်စားစရာ စကားလုံးပါ။ ဆိုလိုတာက . . . တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ လုပ်ဇာတ်ခင်းခြင်း၊ စီမံကိန်းဆွဲခြင်းတွေကို ကျွန်တော်တို့ရဲ့ အတွေးတွေနဲ့ ပြုလုပ်ပါတယ်။ အမြင်အယူအဆနဲ့ ဆင်းရဲဒုက္ခ ဆက်စပ်မှု ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီလိုပဲ . . . ဆင်းရဲဒုက္ခကို ဖန်တီးပါတယ်။
အတွေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်တတ်အောင် လေ့ကျင့်ဖို့၊ အတွေးတွေကို နားလည်ဖို့၊ အတွေးတွေရဲ့ သဘာဝကို တကယ်နားလည်ဖို့၊ အတွေး တည်ဆောက်ပုံကို နားလည်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ စောစောက ကျွန်တော် ပြောခဲ့လို အတွေးတွေ စိတ်ခံစားမှုတွေကို ဝင်ခွင့်ထွက်ခွင့် ပေးထားလိုက်ပြီးတော့၊ ဖြစ်ပေါ်ခွင့် ပျက်သုဉ်းခွင့် ပေးလိုက်ပြီးတော့ ကင်းလွတ်တဲ့စိတ် ရှိလာအောင် လေ့ကျင့်နိုင်ပြီး ဘာကိုမှ မတုံ့ပြန်ဘဲ ကင်းလွတ်မှု ရှိတယ်ဆိုရင် . . . အဲဒီ အခိုက်အတန့်မှာ ဝိမုတ္တိ ရှိနေပါတယ်။
တိဗက်ဗုဒ္ဓဘာသာမှာ သိပ်ကောင်းတဲ့ ခိုင်းနှိုင်းချက်လေး တစ်ခု ရှိပါတယ်။ စိတ်ကို ကောင်းကင်ပြင် အာကာသနဲ့ နှိုင်းယှဉ်ပါတယ်။ အတွေးတွေကို တိမ်နဲ့ နှိုင်းယှဉ်ပါတယ်။ တိမ်က ကောင်းကင်အပေါ် သက်ရောက်မှု မရှိပါဘူး။ ကောင်းကင်က တိမ်အပေါ် သက်ရောက်မှု မရှိပါဘူး။ အရာရာကို ဖြစ်ပေါ်ခွင့် ပျက်သုဉ်းခွင့် ပေးထားပြီး ကင်းလွတ်မှု ရရှိဖို့၊ ကင်းလွတ်တဲ့စိတ် ရှိဖို့ အရေးကြီးတယ် ဆိုတာကို ဖော်ပြနေပါတယ်။
ပိုင်ဆိုင်မှု
အတွေးနဲ့ ပတ်သက်တာ နောက်တစ်ခုက . . . ကျွန်တော်တို့ဟာ အတွေးကို ကိုယ်နဲ့ ထပ်တူပြုတတ်ကြပါတယ်။ ငါ့အတွေး၊ ငါတွေးတယ်လို့ သဘောထားကြပါတယ်။ နားမလည်နိုင်တော့ . . . အတွေးက တွေးသူကို ဖန်းတီးလိုက်ပါတယ်။ ဒါကြောင့် ငါ့အတွေးလို့ စွဲမယူဘဲ၊ တွေးသူ မပါဘဲ အတွေးကို အတွေးလို့သာ ရှုမြင်ဖို့၊ ဖြစ်ပေါ်လာပြီး ပျက်သုဉ်းသွားတဲ့ အတွေးလို့သာ ရှုမြင်ဖို့ ကျွန်တော် တိုက်တွန်းတာတွေ များနေပါပြီ။
ပိုင်ဆိုင်တယ်ဆိုတဲ့ ဒီ ထင်မြင်ချက်ဟာ ရယ်စရာ ကောင်းပါတယ်။ အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ အထိအတွေ့တွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေ၊ ပိုင်ဆိုင်မှုတွေ . . . အရာရာကို ပိုင်ဆိုင်လိုက်ကြပါတော့တယ်။ ကိုယ် မနှစ်သက်တာတွေ ပိုင်ဆိုင်ထားရတော့ စွန့်လွတ်လိုက်ချင်ကြပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုတွေကို စွန့်လွှတ်လိုက်ဖို့ အခက်တွေ့ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ဒေါသ၊ ငါ့အကြောက်တရား၊ ငါ့စိုးရိမ်မှု၊ ငါ့ဝမ်းနည်းမှုလို့ တွေးထင်မှတ်ယူထားကြလို့ပါ။ ငါပိုင်တယ်လို့ ယူဆထားတာ မှန်သမျှကို အမှန်တကယ် မစွန့်လွှတ်ချင်ကြပါဘူး။ ဒါဟာ ဓမ္မရဲ့ နက်နဲတဲ့ အပိုင်းပါ။ တကယ့်တကယ် ပိုင်ဆိုင်သူ မရှိဘူးဆိုတာကို ညွှန်ပြတဲ့ အပိုင်းပါ။ အတွေးတွေသာ ရှိပါတယ်။ အတွေ့အထိတွေသာ ရှိပါတယ်။ စိတ်ခံစားမှုတွေသာ ရှိပါတယ်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment