(. . . . .မှ အဆက်)
(အမေးအဖြေ အဆက်)
ယောဂီ။ ။ ဒီပုံပြင်ကို လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဒီအဖိုးအိုလိုတော့ ဘယ်သူမှ မကျင့်သုံးကြပါဘူး။
ယောဂီ။ ။ ဒီပုံပြင်က ဆရာကြီး ပြောပြတဲ့အတိုင်း မဟုတ်ပါဘူး။ ဘယ်လို သတ်မှတ်ပညတ်ချက်မှ မရှိသင့်ဘူး ဆိုတဲ့အချက်ကို အလေးပေးတဲ့အတွက် ဆရာကြီး တင်ပြပုံက ထိမိပါတယ်။ မြင်းတစ်ကောင် ဆုံးရှုံးတယ်။ မြင်းတစ်ကောင် ရတယ်။ တစ်ခြား ဝေဖန်ချက် မပါပါဘူး။ ပြောနေကျ ရိုးရာပုံပြင်က ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းအကြောင်း ဖြစ်ပါတယ်။ ကောင်းတာတွေ ဖြစ်တဲ့အချိန်မှာ တကယ် ကံကောင်းတာ ဟုတ်ရဲ့လား စဉ်းစားသင့်ပါတယ်။ မကောင်းတာတွေ ဖြစ်တဲ့အချိန်မှာ တကယ် ကံဆိုးတာ ဟုတ်ရဲ့လား စဉ်းစားသင့်ပါတယ်။ အစဉ်အလာ ပြောနေကျ ပုံပြင်က ဒီအတိုင်း ဖြစ်ပါတယ်။ ရုပ်ဝါဒ သိပ်ဆန်ပါတယ်။ ရိုးရာပုံပြင်ရဲ့ အဆုံးမှာ အဖိုးအို အမြတ်ရလိုက်ပါတယ်။ အကျိုးကျေးဇူး ခံစားလိုက်ရပါတယ်။
ဆရာကြီး။ ။ ပုံပြင်ရဲ့ အနှစ်သာရက . . . အဖိုးအိုမှာ ဘာဖြစ်သင့်တယ်၊ ဘာမဖြစ်သင့်ဘူးရယ်လို့ မျှော်လင့်ထားတာ မရှိပါဘူး။ ပုံရိပ် မရှိပါဘူး။ ဒါက တစ်ချက်။ နောက်တစ်ခုက . . . အစ္ဇျတ္တမှာ အပြောင်းအလဲ ရှိတယ်၊ နားလည်နိုင်တယ်၊ သဘောပေါက်နိုင်တယ်ဆိုရင် အပြင်မှာ ဘာဖြစ်ဖြစ်ပါ။ ဒါဟာ အရေးကြီးပါတယ်။ ဗဟိဒ္ဓမှာ ဖြစ်နေတာကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် အစ္ဇျတ္တမှာ ပြောင်းလဲတယ်ဆိုရင် ဗဟိဒ္ဓမှာ ဘာပဲဖြစ်ဖြစ် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဒါဟာ ပုံပြင်ရဲ့ အနှစ်သာရ ဖြစ်မယ် ထင်ပါတယ်။ နောက်ထပ် မေးစရာ ရှိပါသေးလား။
ယောဂီ။ ။ ဟောင်ကောင် လူ့အဖွဲအစည်းမှာ (၉၉)ရာခိုင်နှုန်း အပြစ်ကင်းနိုင်ရင်တောင်မှာ ကျန်တဲ့ (၁)ရာခိုင်နှုန်း အမှားကိုပဲ ဆုပ်ကိုင်ထားပြီး ဆန့်ကျင်ဘက် လုပ်ကြပါတော့တယ်။ ဒီလို အခြေအနေတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော် ပြည့်ပြည့်၀၀ နားလည်ပါတယ်။ လိုက်နာ ဆောင်ရွက်နိုင်မယ်လို့တော့ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ မပြောနိုင်ပါဘူး။
ဆရာကြီး။ ။ ခင်ဗျားပြောတဲ့အတိုင်း ဖြစ်နေတာ ဟောင်ကောင်မှာပဲ ဟုတ်မယ်မထင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့နေရာတိုင်းမှာ အမှားတွေ၊ မကောင်းတာတွေကို အလေးထားလွန်းနေပုံ ရပါတယ်။ အားစိုက်မှု များလွန်နေပုံ ရပါတယ်။ အကောင်းတွေကိုတော့ သီးခြားခွဲထားကြပါတယ်။ လူမှုဆက်ဆံရေးမှာ ဒီလိုတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က ကောင်းတာတွေ အများကြီးလုပ်တယ်၊ ကောင်းတာတွေ အများကြီး ရှိနေလျက်နဲ့ . . . အမှားတစ်ခုပဲ လုပ်မိတယ်ဆိုရင် အမှားတစ်ခုက အမှန်တွေ အားလုံးထက် ပိုပြီး အရေးကြီးနေတတ်ပါတယ်။ လူတွေက အမှားတစ်ကိုပဲ ပြောကြပါလိမ့်မယ်။ လုပ်ထားတဲ့ အကောင်းတွေကိုတော့ လုံး၀ ပြောမှာ မဟုတ်တော့ပါဘူး။
ဒီနေရာမှာ စိတ်ဝင်စားစရာ မေးခွန်း ပေါ်လာပါတယ်။ လူတွေက ဘာဖြစ်လို့ အမှားတွေ၊ မကောင်းတာတွေကိုပဲ အလွန်အကျွံ အရေးထားကြတာလဲ။ ဘာဖြစ်လို့ ကောင်းတာတွေကို သီးခြားခွဲထားကြတာလဲ။ ဒါနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ဘယ်လို တွေးမိတယ် ဆိုတာကို ကြားချင်ပါတယ်။
ယောဂီ။ ။ ပြောလေ့ရှိတဲ့ မတူတာတစ်ခု တင်ပြပါမယ်။ တစ်ချို့လူတွေဟာ မှန်တာကို ဘာမှ မလုပ်ကြပါဘူး။ ဒါပေမယ့် လက်ဖက်ရည် တစ်ခွက်လောက် တိုက်လိုက်တဲ့အခါမှာ တစ်နည်းနည်းနဲ့ အားလုံးကို မေ့လိုက်ပါတယ်။
ယောဂီ။ ။ တစ်ခါတစ်ခါ တစ်ချို့က အမှားကိုပဲ စဉ်းစားပါတယ်။ အမှားကိုပဲ သတိရနေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မနာလို ဝန်တိုမှုကြောင့်ပါ။
ဆရာကြီး။ ။ တစ်ခြား ရှိပါသေးလား။ တစ်ခြား ရှင်းလင်းချက်တွေ ရှိပါသေးလား။
ယောဂီ။ ။ ကျွန်တော့် အတွေ့အကြုံအရ . . . အနှစ်ချုပ်လိုက်ရင် လောဘပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ . . . ဥပမာအားဖြင့် . . . ဥပဒေကြောင်းအရ တိုက်ခိုက်ကြတဲ့အခါ ကျွန်တော့် အမှုသည်တွေက ကျွန်တော်ကို နိုင်စေချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေကြောင်းအရ တိုက်ခိုက်တာ ကျွန်တော်နိုင်တယ်ဆိုရင် သူတို့ လိုချင်တာ ရမှာဖြစ်လို့ပါ။ သူတို့အတွက် ဥပဒေကြောင်းအရ ကျွန်တော် တိုက်ခိုက်ပေးတာ မနိုင်ဘူးဆိုရင် သူတို့ဘက်က မကျေမနပ် အတွန့်တက်ပါတယ်။ သူတို့လိုချင်တာ မရတော့ သူတို့စိတ်က လောဘကြောင့် ကမောက်ကမ ဖြစ်သွားလို့ပါ။ ကျွန်တော် တွေ့ဖူးတဲ့ တစ်ခြား အခြေအနေတွေမှာလည်း ဒီလိုပါပဲ။ စိတ်ထဲမှာ လောဘ လွှမ်းမိုးနေတဲ့သူဟာ သူလိုချင်တာ မရရင် အကောင်းဆုံး ဆောင်ရွက်ပေးတာတောင်မှ . . . ဘာပြောပြော နားထောင်မှာ မဟုတ်တော့ပါဘူး။
ဆရာကြီး။ ။ ကျွန်တော်တို့ နားလည်ထားကြတဲ့အတိုင်း ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် မထူးဆန်းပါဘူး။ ကိုယ့်ဟာနဲ့ကိုယ် မတူတဲ့နည်းကို ကြိုးစား ကျင့်သုံးသင့်ပါတယ်။ ကျွန်တော် အကြံပြုချင်တာ တစ်ခုက . . . တစ်ယောက်ယောက် ကောင်းတာလုပ်နေတာ မြင်းတဲ့အခါတိုင်း အဲဒီ ကောင်းကွက်ကို ထုတ်ဖော်ပြသင့်တယ်၊ ချီးကျူးလိုက်သင့်တယ် ထင်ပါတယ်။ သားငယ်သမီးငယ် ပြုစုစောင့်ရှောက်ရတဲ့ မိဘတွေ အတွေ့များတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ ကလေးတွေ အမှားကျူးလွန်တဲ့ အခါမှာပဲ မိဘတွေက ကလေးတွေကို ဆုံးမစကား ပြောကြပါတယ်။ ကလေးတွေ ကောင်းတာလုပ်ရင်တော့ ထုတ်ဖော် မပြောကြပါဘူး။ ဒါကြောင့် ကလေးဟာ . . . ငါ အမြဲတမ်း အမှားလုပ်နေတာပဲဆိုတဲ့ အမြင်နဲ့ ကြီးပျင်းလာပါတယ်။
တစ်ခြားနိုင်ငံ တစ်နိုင်ငံ ကျွန်တော်ရောက်တုန်းက ဒီအကြောင်းအရာကိုပဲ ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပရိတ်သတ်ထဲမှာ ဆရာတစ်ယောက် ပါလာပါတယ်။ မိဘတွေနဲ့ ဆွေးနွေးပြီး . . . မိဘတွေကို အကြံပေးရတဲ့ ဆရာပါ။ သူပြောပြတယ်။ မိဘတွေကို လေ့ကျင့်ခန်းတစ်ခု အလုပ်ခိုင်းတယ်တဲ့။ ကလေးတွေ ပြုလုပ်တဲ့ မိုက်မဲမှုတွေ၊ မကောင်းမှုတွေကို စာရင်းပြုစုခိုင်းလိုက်တာ အခက်အခဲ မရှိဘဲ စာရင်းအရှည်ကြီး ပြုလုပ်နိုင်ကြတယ်တဲ့။ နောက်ပြီးတော့ ကလေးတွေ ပြုလုပ်တဲ့ ကောင်းတာတွေကို စာရင်းပြုခိုင်းလိုက်တာ မိဘတွေ အခက်တွေ့နေတယ်တဲ့။ ကလေးတွေ ပြုလုပ်တဲ့ ကောင်းကွက်တွေကို ခက်ခက်ခဲခဲ စဉ်းစားယူကြရတယ်တဲ့။
လူမှုဆက်ဆံရေးမှာလည်း အလားတူ ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ သီရိလင်္ကာမှာ . . . ပြဿနာ တက်နေကြတဲ့ လင်မယားတွေကို ကျွန်တော် အကြံဉာဏ် ပေးရပါတယ်။ ကျွန်တော့် မိတ်ဆွေတွေက နောက်ကြပြောင်ကြတယ်။ ဒီကောင် အိမ်ထောင်ရေး အတွေ့အကြုံ မရှိဘဲ အိမ်ထောင်သည်တွေကို အကြံဉာဏ် ပေးနေတယ်တဲ့။ အမျိုးသမီးတွေ မကျေမနပ် ရင်ဖွင့်တာ တစ်ခုက . . . ဟင်းချက် မကောင်းတဲ့ အခါမှာ ယောက်ျားဖြစ်သူက ဝေဖန်တယ်၊ ရေးကြီးခွင့်ကျယ် လုပ်တယ်တဲ့။ ဟင်းချက် ကောင်းတဲ့ အခါမှာတော့ ဝစီပိတ် ကျင့်နေတယ်တဲ့။
ဓမ္မမိတ်ဆွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ ဆွေးနွေးချက်တစ်ခု ဗုဒ္ဓစာပေမှာ ရှိပါတယ်။ ဓမ္မမိတ်ဆွေ အစစ်ဆိုတာ တစ်ယောက်ယောက် အမှားလုပ်တဲ့ အခါမှာ မှားနေတာကို ဖော်ဖော်ရွေရွေနဲ့ ညွှန်ပြရမယ်တဲ့။ ကောင်းတာ မှန်တာ လုပ်တဲ့ အခါမှာ ကောင်းတယ် မှန်တယ်လို့ ညွှန်ပြရမယ်တဲ့။
ဒါကို ကျွန်တော်တို့ လေ့လာသင်ယူဖို့ လိုပါတယ်။ အနှုတ်လက္ခဏာတွေကိုသာ အားပေးတာ မဟုတ်ဘဲ အပေါင်းလက္ခဏာတွေကိုလည်း အသိအမှတ် ပြုတတ်ဖို့ လိုပါတယ်။ ယောဂီတွေ အနေနဲ့ အရေးကြီးတဲ့ ဒီအရည်အချင်းကိုက လေ့ကျင့် ပျိုးထောင်ဖို့ အကြံပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းမြင်ဖို့ လိုပါတယ်။ မိမိရဲ့ မကောင်းတာတွေ၊ အနှုတ်လက္ခဏာတွေကိုသာ မြင်တတ်တဲ့ ဝါသနာဟာ ကိုယ့်အတွက် စိတ်ခံစားမှုတွေ၊ ဆင်းရဲ့ဒုက္ခတွေ ဖန်တီးဖို့ အားကောင်းတဲ့ အကြောင်း အချက်အလက် ဖြစ်ပါတယ်။ မိမိရဲ့ ကောင်းကွက်တွေ ပိုပိုပြီး မြင်နိုင်အောင် လေ့ကျင်တဲ့ အခါမှာ သူတစ်ပါးရဲ့ ကောင်းကွက်တွေ၊ အပေါင်းလက္ခဏာတွေကို မြင်နိုင်ပါလိမ့်မယ်။
တရားတော်ထဲမှာ ဖော်ပြထားတဲ့ အရည်အသွေး လေးမျိုး ရှိပါတယ်။ အဲဒီ အရည်အသွေးတွေကို ဗြဟ္မဝိဟာရတရား သို့မဟုတ် ဗြဟ္မစိုရ်တရားလို့ ခေါ်ပါတယ်။ ပထမ အရည်အသွေးက မေတ္တဆိုတဲ့ ချစ်ခင်ကြင်နာခြင်း ဖြစ်ပါတယ်။ ဒုတိယ အရည်အသွေးက ဆင်းရဲဒုက္ခရောက်နေသူကို တွေ့ရရင် ကူညီချင်တဲ့ သနားခြင်း ကရုဏာ ဖြစ်ပါတယ်။ တတိယ အရည်အသွေး မုဒိတာက တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူတစ်ပါး ပျော်ရွှင်တာကိုကြည့်ပြီး ပျော်ရွှင်နိုင်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှု အတွက်လည်း ပျော်ရွှင်နိုင်ခြင်းလို့ ဆိုချင်ပါတယ်။ ဒီ မုဒိတာ အရည်အသွေးကို ပြုစုပျိုးထောင်ဖို့ အလွန် အရေးကြီးပါတယ်။ ကမ္မဋ္ဌာန်းဆရာ တစ်ယောက်က ရှင်းရှင်းပြတ်ပြတ် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့် အမှားကိုပဲ မြင်တတ်ကြပါတယ်တဲ့။ ကိုယ်မှန်တာကိုတော့ မကြည့်တတ်ကြပါဘူးတဲ့။
လူ့အဖွဲ့အစည်းမှာ အန္တရာယ် အဖျက်အဆီးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဗြဟ္မစိုရ် အရည်အသွေးတွေ ပြုစုပျိုးထောင်သင့်ပါတယ်။ ဗြဟ္မစိုရ် တရားဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဒေသနာတော်မှာ ဘာဝနာ အလုပ်ကို ရေဆန်ခရီးနဲ့ နှိုင်းယှဉ်ထားပါတယ်။ မလွယ်ပါဘူး။ လူများစုက ရေစုန်လိုက်နေကြပါတယ်။ မကေင်းတာတွေ ထင်ရှားနေတဲ့၊ မကောင်းတာတွေကို အလေးပြုနေတဲ့ လူ့အဖွဲ့အစည်းမှာ တရားလုပ်ရတာ မလွယ်ပါဘူး။ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစား အားထုတ်ကြရမှာပါ။ တရားအကျင့် အရေးကြီးပါတယ်။ ဒါကြောင့် ဓမ္မမိတ်တွေ အုပ်စုဟာ အရေးပါ အရာရောက်ပါတယ်။ အောက်ထစ်ဆုံး အနေနဲ့ ကျွန်တော်တို့ဟာ တရားဂုဏ်တွေ၊ တရားအရည်အသွေးတွေကို ကြိုးစားပြီး ကျင့်သုံးနေကြတဲ့ အစုအဖွဲ့ပါ။ နိုင်ငံထဲမှာ၊ လူ့အဖွဲ့အစည်းမှာ တစ်မျိုးတစ်မည် ဖြစ်နေပေမယ့် ကျွန်တော်တို့ တရားအားထုတ်နေကြပါတယ်။
နောက်တစ်နေ့ ကျင့်ကြံဖွယ်
ဟုတ်ပြီ . . . မနက်ဖြန်အတွက် ပြောပါဦးမယ်။ မနက်ဖြန်ကျရင် အတွေးတွေနဲ့ ဆက်စပ်ပြီး ကျင့်ကြပါမယ်။ အတွေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ အတွေးတွေနဲ့ စိတ်ခံစားမှုတွေ အမြဲတမ်း ဆက်သွယ်နေကြပါတယ်။ စဉ်းစား သုံးသပ်ရမယ့် မေးခွန်းက . . . အတွေး မရှိဘဲ ဆင်းရဲဒုက္ခ ရှိနိုင်ပါသလား၊ အတွေး မရှိဘဲ စိတ်ခံစားမှု ရှိနိုင်ပါသလား။ ကျွန်တော်တို့ ကျင့်ကြံအားထုတ်ကြတဲ့ အခါမှာ အမှန်တကယ် နားလည်ဖို့၊ ထိုးထွင်းသိမြင်ဖို့ လိုပါတယ်။ အတွေးတွေနဲ့ အလုပ်လုပ်ကြရမယ်။ ကျွန်တော် ပြောခဲ့ပြီးသား ဖြစ်တဲ့အတိုင်း . . . နိုးထချိန်ကနေ အိပ်တဲ့အထိ ကျွန်တော်တို့ စိတ်ထဲမှာ အတွေးစိတ်ကူးတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပါတယ်။
မနက်ကျရင် ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဝင်လေထွက်လေကို မေ့ထားလိုက်ကြမယ်။ အတွေးတွေကိုပဲ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြမယ်။ အတွေးတွေနဲ့ စိတ်ခံစားမှုတွေကြား ဆက်စပ်မှုကို မြင်အောင် ကြည့်ကြမယ်။ အတွေးတွေကို ရှာဖွေဖော်ထုတ်ကြမယ်။ အထူးသဖြင့် အပေါင်းလက္ခဏာတွေ၊ အနှုတ်လက္ခဏာတွေ ပေးလိုက်ကြတဲ့ နေရာနဲ့ ပတ်သက်လို့ ဖော်ထုတ်ကြမယ်။ မနက်ဖြန်ကြရင် . . . ကိုယ်ကိုယ်တိုင် အနှုတ်လက္ခဏာတွေ ပေးမိတာကို သိလိုက်ရင် . . . အဲဒါကို ချက်ချင်း မိအောင် ဖမ်းပါ။
ဒီနေရာ ဒီဋ္ဌာနကို ရောက်လာတော့ . . . အနီရောင် မေးခွန်းသင်္ကေတတစ်ခု ရှိပါတယ်။ အဲဒီ အမှတ်သင်္ကေတက ဘာကို ဆိုလိုတာလဲလို့ ယောဂီ တစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ပါတယ်။ သူကပြောတယ် . . . ကျွန်တော်တို့ ဘာတွေတွေးနေတာလဲ ဆိုတာကို အဖြေရှာတာတဲ့။ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ လေ့ကျင့်ခန်းပါ။ ငါ ဘာတွေး တွေးနေသလဲလို့ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ပါ။ ဒီမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် အတွေးတွေ၊ အယူအဆတွေကို သိအောင် ကြိုးစားကြမယ်။ နားလည်ဖို့၊ စူးစမ်းနိုင်ဖို့၊ လေ့လာနိုင်ဖို့၊ ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြမယ်။ ပြီးတော့ . . . ညနေပိုင်းမှာ အတွေးတွေနဲ့ ပတ်သက်လို့ ဆွေးကြမယ်။
ကဲ အခု ဝတ်ရွတ်စဉ် ရွတ်နိုင်ပါပြီ။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment