(.
. . . . မှ အဆက်)
ဆဋ္ဌမနေ့ - ဘာဝနာကမ္မဋ္ဌာန်းနှင့် စိတ်ခံစားမှု
(ဟောင်ကောင်၊ ၁၁ အောက်တိုဘာ၊ ၁၉၉၇)
ဆရာကြီး။ ။ တစ်ခါ တွေ့ကြပြန်ပါပြီ။ ဒီနေ့ ဟောပြောမယ့် အကြောင်းအရာက စိတ်ခံစားမှုအကြောင်း ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခ ဖန်တီးတဲ့ မနှစ်သက်စရာ စိတ်ခံစားမှုတွေက ဘာတွေလဲ။ ဥပမာ . . . ဒေါသ၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ ဝန်တိုမှု၊ လိပ်ပြာမလုံမှုတွေ ဖြစ်ပါတယ်။ ဒါတွေကို လူတိုင်း နားလည်နိုင်မယ် ထင်ပါတယ်။ ဒါတွေကို မခံစားဖူးတဲ့သူ မရှိပါဘူး။ ဒီ စိတ်လှုပ်ရှား ခံစားမှုတွေကို တစ်ကမ္ဘာလုံးကလူတွေ တွေ့ကြုံခံစားဖူးမယ် ထင်ပါတယ်။
ဒီ စိတ်ခံစားမှုတွေက ဆင်းရဲဒုက္ခတွေ ဖန်တီးပါတယ်။ ပြဿနာ အကြပ်အတည်းတွေ ဖန်တီးပါတယ်။ ဒီ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ ဘာဝနာ ကမ္မဋ္ဌာန်းက ဘယ်လို အကူအညီ ပေးနိုင်သလဲ အဖြေရှာဖို့ လိုပါတယ်။ နည်းလမ်းတစ်ချို့ တင်ပြပါ့မယ်။ တစ်ချို့နည်းလမ်းတွေကို အရင်က ကြားနာခဲ့ဖူးပြီးသား ဖြစ်ပါတယ်။
ပွင့်လင်းမှု
ပထမဆုံး နည်းလမ်းက ဘာလဲ။ ဟိုတလောက ကျွန်တော် ပြောဖူးပါတယ်။ မနှစ်သက်စရာ ခံစားမှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဖြစ်နိုင်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်။ ဒီ ပထမနည်းက ခက်တော့ ခက်ပါတယ်။ အခြေအနေက မနှစ်သက်စရာပါ။ မုန်းတီးစရာ၊ ဘဝင်မကျစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ကြုံရတာတွေက မလိုလားစရာ အဆိုးတွေ ဖြစ်နေလို့ပါပဲ။ ကြုံရတာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဖြစ်နိုင်အောင်၊ အကျွမ်းတဝင် ဖြစ်နိုင်အောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။
လေ့လာမှု
နောက်တစ်ခုက ဒီလို ခံစားရတာတွေကို ဖွေရှာတတ်အောင်၊ စုံးစမ်းစစ်ဆေးတတ်အောင်၊ ဖော်ထုတ်တတ်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ လေ့လေနိုင်အောင် အားစိုက်ထုတ်ဖို့ ဖြစ်ပါတယ်။ သူတို့ကို မကြိုက်နှစ်သက်တဲ့ အတွက်ကြောင့်၊ သူတို့ကို မုန်းတီးတဲ့ အတွက်ကြောင့် သူတို့ကို လေ့လာဖို့၊ သူတို့ကို ဖော်ထုတ်ဖို့ အားစိုက်မထုတ်ကြပါဘူး။ တကယ်တော့ ဒီလို ခံစားရတာတွေကနေ အများကြီး လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ လေ့လာနိုင်တာ တစ်ခုက . . . အတွေးတွေနဲ့ ခံစားရတာတွေ ကြားထဲက ဆက်သွယ်မှုကို လေ့လာနိုင်ပါတယ်။ ဒါကြောင့် ခံစားမှုတွေကို ဘယ်လို ဖန်းတီးမိတယ်ဆိုတာ မြင်အောင်ကြည့်ပါ။ ခံစားမှုတွေကို ဘယ်လို ဖန်းတီးမိတယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင် နားလည်တယ်၊ သိမြင်တယ်ဆိုရင် ခံစားမှုတွေ ရှိနေလည်း အဆင်ပြေပါတယ်။ သူတို့ကို ကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။ ဒီလို ခံစားမှုတွေကို လေ့လာဖို့၊ သူတို့ကို ဖော်ထုတ်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်အောင် လေ့ကျင့်ပါ။
ဖိတ်ခေါ်ခြင်း
နောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာက . . . ဒီလို ခံစားရတာတွေ မရှိဘူးဆိုရင် သူတို့ကို ဖိတ်ခေါ်တာ၊ သူတို့ကို ဖြစ်ပေါ်ခွင့်ပေးတာ ဖြစ်ပါတယ်။ သူတို့ မရှိတဲ့ အခါမှာ သူတို့ကို ဖိတ်ခေါ်တယ် ဆိုတာဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာဖြစ်လို့ သူတို့ကို ဖိတ်ခေါ်ရတာလဲ။ သူတို့ကို ကြောက်နေတဲ့အခါ၊ သူတို့ကို မနှစ်မျို့တဲ့ အခါမှာ သူတို့ကို အားပေးရာ ရောက်ပါတယ်။ စွမ်းအား ဖြည့်ပေးရာ ရောက်ပါတယ်။ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ကို ဖိတ်ခေါ်လိုက်တဲ့ အခါမှာ သူတို့ အားလျော့သွားပါတယ်။ စွမ်းအင်တွေ ကျဆင်းသွားပါတယ်။ ဒီနေ့ တရားအားထုတ်တဲ့ အခါမှာ ဘီလူးသဘက်လို ခံစားမှုတွေကို ဖိတ်ခေါ်နိုင်ပါတယ်။
ကင်းမဲ့ချိန်
နောက်တစ်ခု အရေးကြီးတာက . . . ဒီလို မနှစ်သက်စရာ စိတ်လှုပ်ရှား ခံစားမှုတွေ မရှိချိန်မှာ သူတို့ မရှိဘူးလို့ သိမိဖို့ ဖြစ်ပါတယ်။ သူတို့ကို မနှစ်သက်တဲ့ အခါမှာ ဘာဖြစ်သလဲဆိုတော့ . . . ကျွန်တော်တို့က သူတို့ကို ကြောက်နေကြတာဆိုတော့ သူတို့ မရှိချိန်မှာ မရှိဘူးလို့ သိနိုင်ခဲ့ပါတယ်။ သူတို့ မရှိတာကို သိလိုက်ခြင်းအားဖြင့် ပိုပြီးတော့ အပြုသဘော ဆောင်လာအောင် လေ့ကျင့်သင်ကြားရာ ရောက်ပါတယ်။
လက်တွေ့ ဥပမာ ပြရရင် . . . ကျွန်တော်တို့ သွားကိုက်တဲ့ အခါမှာ တကယ့်ကို ဆင်းရဲပါတယ်။ ဒါပေမယ့် သွားမကိုက်တဲ့ အခါကျတော့ ငါ သွားမကိုက်ဘူးလို့ ပြောနေပါသေးသလား။ သွားမကိုက်တဲ့ အခါမှာတောင်မှ နောက်နေ့ သွားကိုက်နိုင်တယ်လို့ စဉ်းစားကြည့်ပါ။ ကြောက်စရာ ခံစားချက်ဆိုးတွေ ကင်းပျောက်နေနိုင်တယ်လို့ ယုံကြည်ထားတာ အလွန်ကောင်းပါတယ်။ ဒီနည်းကို တကယ်ပဲ အားပေးချင်ပါတယ်။ မနှစ်သက်စရာ ခံစားမှုတွေ ရှိမနေရင် မရှိဘူးလို့သာ သိပါ။ အခု လောလောဆယ် ခင်ဗျားတို့မှာ ဒီခံစားချက်ဆိုးတွေ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ မရှိဘူးလို့သာ သိမှတ်လိုက်ပါ။
မပိုင်မဆိုင်
နောက်ထပ် လေးနက်တာ တစ်ခုက . . . ဒီခံစားချက်တွေကို ကျွန်တော်တို့ မပိုင်ဆိုင်ပါဘူး။ ဒီလို ခံစားချက်တွေနဲ့ ပတ်သက်လို့တောင်မှ ငါပိုင်တယ်ဆိုတဲ့ အမြင် ရှိပါတယ်။ ဒါကြောင့် စိတ်ဆိုးတဲ့ အခါမှာ ငါ့ဒေါသလို့ ယူဆတာပေါ့။ ကြောက်လန့်မှု ဖြစ်တဲ့အခါမှာ ငါ့အကြောက်တရားလို့ ယူဆတာပေါ့။ အားလုံး သိကြတဲ့အတိုင်း . . . ငါပိုင် ငါ့ဥစ္စာလို့ ထင်မှတ်ထားတာတွေကို မစွန့်လွှတ်ချင်ကြပါဘူး။
ဒီအချက်ကို တရားဓမ္မ အကျင့်နည်းမှာ ဖော်ပြထားပုံက စိတ်ဝင်စားစရာပါ။ ဒီခံစားချက်တွေကို ကိုယ့်ဆီ အလည်လာတဲ့ ဧည့်သည်လို ဆက်ဆံဖို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဖော်ရွေဖို့ လိုပါတယ်။ အိမ်ရှင်ကောင်း ပီသဖို့ လိုပါတယ်။ ဒီလိုဆိုရင် ကိုယ့်ဆီလာတဲ့ ဧည့်သည်တွေဆီကနေ တကယ်ပဲ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဧည့်သည်တွေ ရောက်လာကြတယ်၊ ခဏ နေကြတယ်၊ ပြီးတော့ ပြန်သွားကြတယ်လို့ သဘောပေါက်ထားသင့်ပါတယ်။ ဒါကြောင့် သူတို့ ရောက်လာရင် ကြိုဆိုပါတယ်၊ လာပါ၊ တွေ့ရတာ ဝမ်းသာပါတယ်လို့ ပြောရပါမယ်။ ဘယ်လောက်ကြာအောင် နေမှာလဲလို့ မေးလိုက်ပါ။ ဘယ်လောက်ကြာအောင် နေမယ်ဆိုတာ စိတ်ဝင်စားမိပါတယ်လို့ ပြောလိုက်ပါ။ သူတို့ ပြန်သွားတဲ့အခါမှာ နှုတ်ဆက်လိုက်ပါ။ နောက်တစ်ခေါက် ပြန်လာဖို့ ဖိတ်ခေါ်လိုက်ပါ။ သိပ်လှတဲ့ ဧည့်ခံနည်း မဟုတ်ဘူးလား။ ခံစားချက်ဆိုးတွေကို ဒီလိုနည်းနဲ့ ဆက်ဆံနိုင်တယ်ဆိုရင် အပျော်တမ်း ကစားရသလိုပါပဲ။ နှလုံးသား ပေါ့ပါးပါတယ်။ ကျေနပ်စရာ ကောင်းပါတယ်။
တွေ့ကြုံခံစားခြင်း
နောက်တစ်ခုက . . . ခံစားမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခါမှာ ခံစားမှုတွေကို နာမည်တပ်ကြပါတယ်။ တစ်ခါတစ်ခါမှာ နာမည်တွေရဲ့ သက်ရောက်မှုကို ကျွန်တော်တို့ ခံယူကြပါတယ်။ ဒါကြောင့် ခံစားမှုတွေ ပေါ်လာရင် သူတို့ကို နာမည်မတပ်ဘဲ ဆက်ဆံပါ။ တွေ့ကြုံခံစားပါ။ နာမည်တွေကို ဖယ်ထုတ်လိုက်ပြီး တကယ် တွေ့ကြုံခံစားနေရတာကိုပဲ သိပါ။ နာမည်ပေးတယ်ဆိုတာဟာ အတိတ်နဲ့ ဆိုင်ပါတယ်။ နာမည်တွေ ဖယ်လိုက်တော့ ပစ္စုပ္ပန် အခိုက်အတန့်မှာ တွေ့ကြုံခံစားနေတာ ဖြစ်ပါတယ်။ ခံစားမှုနဲ့အတူ ပစ္စုပ္ပန်မှာ ရှိနေတာပါ။
အနှစ်ချုပ်
ပြောခဲ့တဲ့ နည်းတွေကို ပြန်ချုပ်ပါမယ်။ ပထမဆုံးက . . . မနှစ်သက်စရာ ခံစားမှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။ နောက်တစ်ခုက ခံစားမှုတွေကို လေ့လာနိုင်အောင်၊ စမ်းသပ်စစ်ဆေးနိုင်အောင် ကြိုးစားဖို့ပါ။ နောက်တစ်ခုက သူတို့ မရှိတဲ့ အခါမှာ သူတို့ကို ဖိတ်ခေါ်ဖို့ပါ။ နောက်တစ်ခုက သူတို့ မရှိတဲ့ အခိုက်မှာ မရှိဘူးလို့ သိဖို့ပါ။ နောက်တစ်ခုက သူတို့ ပိုင်ဆိုင်တယ်လို့ သဘောမထားဘဲ လာပြီး ပြန်သွားတဲ့ ဧည့်သည်တွေလို့ သဘောထားဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက နာမည်တွေ ဖယ်ထားပြီး တကယ်တွေ့ကြုံ ခံစားနေရတာကိုပဲ သိဖို့ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
အခု ဒီနည်းတွေကို သိရပြီဆိုတော့ . . . ဒီနည်းတွေ တကယ်အလုပ်ဖြစ်မှန်း သိရတဲ့ အခါမှာ အရေးကြီးတာက . . . ဒီခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖွံ့ဖြိုးအောင်လုပ်ဖို့ အများကြီး လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းဟာ အကြီးမားဆုံး ပြဿနာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိရင် ရှုံးနိမ့်ပြီးသား ဖြစ်သွားပါတယ်။ အလိုလိုနေရင်း သားကောင် ဖြစ်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့အခါမှာ ခံစားမှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရှိလာပါတယ်။ ဒီစားချက်တွေ ရှိရှိ မရှိရှိ ဘာမှ မထူးခြားတော့တဲ့ အခြေအနေ ရောက်သွားပါတယ်။
အရှိအတိုင်း သိမြင်မှု
တစ်ခု ရှိတာက . . . နှစ်သက်စရာ စိတ်ခံစားမှုတွေ ဖြစ်ပေါ်တယ်ဆိုရင် ကျွန်တော်တို့က ခံစားမှုတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အပေါင်းလက္ခဏာကြီးတွေ ပေးလိုက်ကြပါတယ်။ ကောင်းတဲ့ ခံစားမှုတွေကို ဆုတ်တွယ်ထားဖို့ ကြိုးစားကြပါတယ်။ မတတ်နိုင်တော့ ဒုက္ခရောက်ကြရပြန်ပါတယ်။ မနှစ်သက်စရာ ခံစားမှုတွေ ပေါ်လာရင် မကြိုက်ကြတော့ဘူး။ အနှုတ်လက္ခဏာတွေ ထည့်လိုက်ကြတယ်။ စိတ်ခံစားမှု အားလုံးကို အပေါင်းတွေ အနှုတ်တွေ မတပ်ဘဲ အရှိကို အရှိအတိုင်း မြင်နိုင်အောင် လေ့ကျင်နေကြတာ ဟုတ်ပါရဲ့လား။
ကဲ . . . အခု မေးစရာရှိရင် မေးကြပါ။ အထူးသဖြင့် စိတ်ခံစားမှုတွေနဲ့ ပတ်သက်လို့ အသုံးပြုနိုင်မယ့် နည်းတွေနဲ့ဆိုင်တဲ့၊ လက်တွေ့ကျတဲ့ မေးခွန်းတွေပေါ့။ ကိုယ်ပိုင် အတွေ့အကြုံတွေ ဖြစ်ဖြစ်ပေါ့။

:)
ရှင်အာစာရ
-----
Godwin Samararatne ရဲ့ "The
GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A re-presentation of Godwin's
Retrat Talks in Hong Kong, Jeanne
Mynott, 1997
Revised Edition, Jeanne Mynett,
2005
Inward Path Publisher, Penang,
Malaysia, 2007
for Free Distribution Only and
NOT for sale
No comments:
Post a Comment