Saturday, September 21, 2013

ညွှန်ကြားလွှာ

ဘုန်းတော်ကြီးကျောင်းသစ် တည်ထောင်ခြင်း တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများက ညွှန်ကြားလွှာများ ထုတ်ပြန်တော်မူထား၏။ ဘုန်းတော်ကြီးကျောင်း အသစ်တည်ထောင်လိုပါက ရပ်ကွက်၊ မြို့နယ် အောက်ခြေသံဃာများ၏ ခွင့်ပြုချက်ကို အဆင့်ဆင့် ရရယူဖို့ ညွှန်ကြားထားသည်။

လျော်ကန်သင့်မြတ်သော ညွှန်ကြားချက် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ ညွှန်ကြားထားခြင်းကြောင့် ပေါက်ကရ ဘုန်းကြီးကျောင်းများ မှိုလိုပေါက်ခြင်းကို ဟန့်တားကောင်း ဟန့်တားနိုင်မည် ဖြစ်သောကြောင့်တည်း။ ချဲကျောင်း၊ ဖဲကျောင်း၊ စီးပွားရေးကျောင်း၊ ဆိုင်ရာဆွေမျိုးတို့ ပျော်စံရာ ဇိမ်ခံကျောင်းကဲ့သို့သော မဟုတ်မဟတ် ကျောင်းစုတ်များ ပေါ်ထွန်းလာမည့်အရေးကို အောက်ခြေသံဃာများက တာဝန်သိသိ တာဝန်ကျေကျေဖြင့် တားမြစ်ကန့်ကွက်ပိုင်ခွင့် ရှိနေသည် မဟုတ်လော။ အမျိုးဘာသာ သာသနာအတွက် ကျေးဇူးကြီးမားသော ညွှန်ကြားချက်ပေတကား။

သို့သော် ဤမည်သော တားမြစ်ကန့်ကွက်ပိုင်ခွင့်ကို အောက်ခြေသံဃာများက အလွဲသုံးစား ပြုလုပ်မိလျှင် အကျိုးယုတ်နိုင်၏။ ပရိယတ်၊ ပဋိပတ် တကယ်လုပ်၍ အမျိုးဘာသာ သာသနာအကျိုး သည်ပိုးမည့် ကျောင်းသစ်များ ပေါ်ပေါက်လာမည့် အရေးကို မတားမြစ် မကန့်ကွက်မိရန် လိုအပ်ပေသည်။ မလျော်သော အကြောင်းပြချက်၊ မခိုင်လုံသော အကြောင်းပြချက်၊ ပလီပလာ အကြောင်းပြချက်များဖြင့် ဟုတ်တိပတ်တိ ကျောင်းများ မပေါ်ထွန်းနိုင်အောင် တားမြစ်ခြင်းသည် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး သာသနာ ပြုရာမရောက်သည့်အပြင် ဖျက်ရာပင်ကျ၏။

ယခုအခါ၌ ဤကဲ့သို့ မလျော်သော တားမြစ်ကန့်ကွက်မှုများ နိုင်ငံတော် တစ်နံတစ်လျား မိုလိုပေါက်လျက် ရှိနေသည်မှာ သာသနာတော်အတွက် ၀မ်းနည်းဖွယ် ဖြစ်ပေသည်။

အောက်ခြေသံဃာများ အနေဖြင့် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ၏ ညွှန်ကြားလွှာဖြင့် ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို ဆရာတော်ကြီးများ၏ ရည်ရွယ်ချက်အတိုင်း အသုံးချဖို့ လိုအပ်ပါကြောင်းနှင့် သို့မှသာ အမျိုးဘာသာသာသနာ တိုးတက်ကြီးပွားနိုင်မည် ဖြစ်ပါကြောင်း . . . . .။

:)
ရှင်အာစာရ

No comments:

Post a Comment