Saturday, January 28, 2017

အမေ

(Jan 11, 2017)

ပြာသိုလပြည့် မြန်မာ အမေနေ့ ရောက်ပြန်တော့မယ်။ အမေ့ကျေးဇူးတွေ အောက်မေ့ရင်း အမေ ရိုက်တာ ခံရတာကပဲ စိတ်ထဲ ပြန်ပြန်ပေါ်လာနေတယ်။ လေးငါးနှစ်သားလောက်တုန်းက။ ကျောင်းမနေခင် အရွယ်။ မာမာအေး သီချင်းကို အဲ့လိုပဲ ကြားမိတာ။ အရိုက်ခံရမယ့်နေ့ကျမှ အဲ့ဒီ သီချင်းကို ကိုယ်ကြားသလို ခဏခဏ ညည်းတာနဲ့ အမေက ပေါက်ကွဲပြီး ဆော်တာ။ အမေက ပြောတယ် . . . မာမာအေး ဆိုတာက . . . “အချိန်မှန်မှန် အိပ်ရမယ် ရှင့်၊ အချိန်မှန်မှန် စားရမယ် ရှင့်”တဲ့။ ကိုယ် ကြားတာက . . . . “အမေ မြန်မြန် ပေးပါ့မယ် ရှင့်၊ အမေ မြန်မြန် ပေးပါ့မယ် ရှင့်”။ ကြားတဲ့အတိုင်း တေးညည်းနေတော့ အမေလည်း ခံစားရမှာပေါ့။ ကလေးကို ရိုက်တာတော့ အမေ လွန်တာပေါ့။ အမေပေးတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မသိသေးတဲ့ ကလေးမို့ပါ။ အမေ ရယ် . . . .။
ရှိတာတွေ ရှိပါစေတော့။ အမေနေ့အထိမ်းအမှတ် အမေ့ ကျေးဇူးတွေကိုပဲ အောက်မေ့ကြရအောင်။ အမေ့ကျေးဇူး မအောက်မေ့ခင် စိတ်တွေကို အပြုံးလေးနဲ့ လျှော်လိုက်ကြရင် ပိုကောင်းမယ်။
___________________________
အဖေ။ ။ “အအိပ်ကြီးတဲ့ မင့်သားကို မနက်စောစောထအောင် ဘယ်လိုနှိုးလိုက်တာလဲ။”
အမေ။ ။ “သူအိပ်ယာထဲ ကြောင်ထည့်ပေးလိုက်တယ်လေ။”
အဖေ။ ။ “အိပ်ယာထဲ ကြောင်ဝင်တိုးတာနဲ့ မင့်သားက နိုးပါ့မလားကွာ။”
အမေ။ ။ “မဟုတ်ဘူး။ သားအိပ်ယာထဲမှာ သူ့အချစ်တော် ခွေးလေး ရှိတယ်လေ။”
-----
မြွေသားသား။ ။ “မေမေ . . . သားတို့မှာ အဆိပ်ရှိတယ်ဆိုတာ တကယ်လား။”
မြွေမေမေ။ ။ “ရှိတာပေါ့ကွယ်။ ဘာဖြစ်လို့လဲ။”
မြွေသားသား။ ။ “ကျွန်တော် . . . ကိုယ့်လျှာကိုယ် ပြန်ကိုက်မိလို့ပါ။ :(
-----
မေမေ။ ။ “သား . . . မုန်လာဥ များများစားကွယ်။ မျက်စိ အားကောင်းတယ်။”
သားသား။ ။ “မုန်လာဥစားရင် မျက်စိအားကောင်းတာ . . . မေမေက ဘယ်လိုလုပ် သိတာလဲ။”
မေမေ။ ။ “သားပဲ ကြည့်လေကွယ်။ ယုန်တွေ မျက်မှန်တပ်ရတယ်လို့မှ မရှိတာ။”
-----
မေး။ ။ “မိခင် သားပိုက်ကောင်မကြီးက ဘာဖြစ်လို့ မိုးရွာတဲ့နေ့ကို မကြိုက်တာလဲ။”
ဖြေ။ ။ “သူ့ကလေးတွေက အထဲမှာပဲ ဆော့ကစားကြလို့ပေါ့။”
-----
ကြွက်သားအမိနှစ်ကောင် လမ်းလျှောက်ထွက်လာကြရင်း ကြောင်တစ်ကောင် တိုက်ခိုက်တာကို ခံကြရတော့ မိခင်ကြွက်မကြီးက တ၀ုတ်ဝုတ် ဟောင်တယ်။ အဲ့ဒီတော့ ကြောင်လည်း ထွက်ပြေးတယ်။ အဲ့ဒီ အဖြစ်အပျက်ကနေ သင်္ခန်းစာယူဖို့ မိခင်ကြွက်မကြီးက သူ့သားကို ဆုံးမတယ်။
“ကဲ ကြည့်။ နိုင်ငံခြား ဘာသာစကား တတ်ထားဖို့ လိုတယ်ဆိုတာ သား သဘောပေါက်ပြီလား။”
-----
“ဟဲ့ သား။ သစ်ပင်ပေါ် မတက်ပါနဲ့လို့ မေမေ ပြောနေတာ မကြားဘူးလား။ ဘယ်နှခါ ပြောရမလဲ။ မေမေ့စကား နားမထောင်လို့ကတော့ . . . သစ်ပင်ပေါ်က လိမ့်ကျပြီး ခြေတောက်ကျိုးမှ မေမေကယ်ပါဆိုပြီး ပြေးမလာခဲ့နဲ့။”
-----
သားငယ်။ ။ “မေမေ . . . ပိုးလောက်လန်းက စားလို့ကောင်းသလား။”
မေမေ။ ။ “သားနော် . . .။ ထမင်းစားနေတုန်း အဲ့လိုမျိုး ရွံစရာတွေ မပြောရဘူးလို့ မေမေ ပြောထားတာ မမှတ်မိဘူးလား။ ဘာတွေ လျှောက်မေးနေတာလဲ။”
သားငယ်။ ။ “ခုနက မေမေစားလိုက်တဲ့ အတို့အမြှုပ်ထဲမှာ . . . တစ်ကောင် ပါသွားတာ မြင်လိုက်လို့ပါ။”
-----
မေမေ။ ။ “ဘယ်လိုလဲ . . . သမီး။ ကျောင်းစတက်တဲ့ ပထမဆုံးနေ့။ ကျောင်းမှာ သမီး ပျော်ခဲ့ရဲ့လား။”
သမီး။ ။ “ဘယ်လို . . .။ ပထမဆုံးနေ့ ဟုတ်လား။ နောက်နေ့ ကျောင်းသွားရအုံးမယ်ဆိုတဲ့ သဘောလား။”
-----
ကိုကို။ ။ “မောင်မောင် . . . မင်း ဘာဖြစ်လို့ အိမ်ထောင် မပြုသေးတာလဲ။ အကြိုက်မတွေ့သေးဘူးလား။”
မောင်မောင်။ ။ “တွေ့တာတော့ များပြီကွာ။ ကောင်မလေးကို မိဘတွေနဲ့ တွေ့ပေးလိုက်တိုင်း မိဘတွေက သဘောမကျတာချည်းပဲ။”
ကိုကို။ ။ “ဒါဆို . . . ငါ အကြံပေးမယ်။ မင့်အမေနဲ့ တူနဲ့ ကောင်မလေး ရအောင်ရှာကွာ။”
တစ်လခန့် ကြာသော် . . .
ကိုကို။ ။ “မင့်အမေနဲ့ တူနဲ့ ကောင်မလေး တွေ့ပြီလား။”
မောင်မောင်။ ။ “တွေ့တာပေါ့။ ဒါပေမယ့် . . . စိတ်ပိန်တယ်ကွာ။”
ကိုကို။ ။ “ဘာဖြစ်လို့လဲ။ မင့်မိဘတွေက သဘောမတူသေးဘူးလား။”
မောင်မောင်။ ။ “အင်း . . . မေမေကတော့ ငါ့ကောင်မလေးကို အရမ်းသဘောကျတယ်။ ဒါပေမယ့် ဖေဖေက ခါးခါးသီးသီးပဲ။ :( :(
 
-----
http://boyslife.org/featu…/29557/20-funny-mothers-day-jokes/


http://www.myenglishpages.com/sit…/reading-mothers-jokes.php

No comments:

Post a Comment