Saturday, January 28, 2017

ထနောင်းတိုင်

(Jan 17, 2017)

နှင်းတွေ ဝေပုံက
မြို့ကြီးတမျှ
မြို့လေးတစ်မြို့နီးပါး
ဖုံထူ နေပူပြီး
မီးပျက်တာကို မညည်းညူတတ်တဲ့ ရွာ။

မိသံလွင်က
လှိုက်လဲစွာ ကြိုဆိုတယ်
တာဝန်အရ
ညနေ မိုးချုပ်မှ
မြတ်စွာဘုရား ပြန်ကြွတယ်
သီအိုရီအရ
မနက်စောစောကြီး
ပိုင်သဂိုးရပ်စ် ရောက်လာတယ်။

မွေးကင်းစမှာ အသားဖြူခွင့်နဲ့
ပညာရေး ခေါင်းပါးချိန်မှာ ပေါက္ခရဝဿနဲ့
ကျောင်းသင်ပညာရေးမှာ
ကဗျာဆရာကိုယ်တိုင်က
"ဝေဖဲထဲလည်း မပါ၊ ဆွဲဖဲထဲလည်း မပါ"
ဝှက်ဖဲဆိုတာလည်း တစ်ချပ်မှ မရှိ။

ဘုရားတွေပဲ အိုအို
ကျောင်းတွေပဲ ပျက်ပျက်
ထနောင်းတိုင်မှန်ရင်တော့
အပြုံးတွေ လတ်ဆတ်တယ်
အကြော်ပူပူလေး နွေးထွေးတယ်။


:)
ရှင်အာစာရ

No comments:

Post a Comment