“ဦးဇင်း အတိုးမပေးဘူးလား။”
“ငွေတိုးလား။”
“တင်ပါ။
တပည့်တော့် သူငယ်ချင်း သူ့ဘုန်းကြီးဆီက နှစ်ကျပ်တိုးနဲ့ ယူပြီး သူက သုံးကျပ်တိုးနဲ့
ပြန်ပေးတာ။ မဆိုးဘူး။ :) တပည့်တော်လည်း သူ့လို လုပ်ရမလား စိတ်ကူးလို့။ ;) ”
“သြ
. . .။ :( ငရှုပ်။ ဘရုတ်။”
“အတည်ပြောတာ
ဦးဇင်း။ ဦးဇင်းတို့ လခတွေ ရနေတာ မဟုတ်လား။ လုပ်စမ်းပါ။ တပည့်တော် မညစ်ပါဘူး။ ဦးဇင်းလည်း
ပရဟိတ လုပ်ငန်းမှာ ပြန်သုံးလို့ ရတာပေါ့။ တပည့်တော်လည်း . . . အေးဆေး . . .။ ;)”
“ဘယ်က
လခလဲ။ ကျောင်းက လှူတာတော့ ရှိသားပဲ။ အဲ့ဒါလည်း . . . ငါ့ကျောင်းသားတွေ ဆွမ်းချိုင့်ကောက်တဲ့
. . . ဆိုင်ကယ်ဆီဖိုးနဲ့ . . . မီတာခနဲ့ . . . အတော်ပဲ။ အတိုးပေးဖို့ နေနေသာသာ။ ဆိုင်ကယ်ပျက်ရင်
အလင်မမီတော့ဘူး။ ပရဟိတငွေလည်း ဒကာတွေ တာဝန်ယူတာပဲ။ ငါတော့ ပေးစရာလည်း မရှိဘူး။ ရှိလည်း
မပေးဘူးကွာ။ ရှုပ်တယ်။”
“ဆရာဒကာ
အဆင်ပြေအောင် . . . တပည့်တော် စိတ်ကူးတာ . . . ပြောတာပါ . . .။”
“ငွေရေးကြေးရေးတောင်
မရှောင်နိုင်လို့ ပတ်သက်နေရတာ ကွာ . . . န၀ကမ္မဆိုပြီးတော့ . . .။ ပရဟိတ လုပ်တယ်၊ ပရဟိတအတွက်
ပြန်သုံးတယ်ပဲ ထားအုံးတော့ သူများလှူထားတဲ့ ငွေကို အတိုးပေးတယ်ဆိုတော့ . . . ကြားရတာကို
စိတ်မသက်သာစရာကြီး။ လုပ်စရာငွေ မရှိရင် ထိုင်နေမယ်ကွာ။ အတိုးတော့ . . . မပေးတော့ဘူး။
ငွေးတိုးတာနဲ့ အကုသိုလ်တိုးတာ ကာမိမှာ မဟုတ်ဘူး။”
:)
ရှင်အာစာရ
No comments:
Post a Comment