Sunday, January 17, 2016

ဘာလဲ ဘယ်လဲ?

“စစ်သားကြီး လုပ်မယ် . . . . .။”
“ဆရာဝန်ဖြစ်ဖို့ . . . . .။”
“အင်ဂျင်နီယာ”
“ရှေ့နေ”
“စုံထောက်”
“အားကစား”
“ပန်းချီ”
“ပန်းပု”
“သိပ္ပံနဲ့ နည်းပညာ”

ကျောင်းပညာရေးသည် ကလေးတို့၏ အစွမ်းအစ၊ ကလေးတို့၏ ဗီဇကို လှုံ့ဆော်နှိုးဆွပေးရန် လိုအပ်သည် ဆို၏။ ကျောင်းများ၌ အခြေခံအားဖြင့် ၀ိဇ္ဇာနှင့်သိပ္ပံ နှစ်ဘာသာ သင်ကြားပေးသည်ဟု ဆိုနိုင်သည်။ ကလေးတို့၏ ၀ိဇ္ဇာစွမ်းရည် နှင့် သိပ္ပံစွမ်းရည်များ နိုးကြားလာရန် ရည်ရွယ်ကြ၏။ ပန်းချီသဘော၊ ကဗျာသဘော၊ သင်္ချာသဘော၊ ဓာတုသဘော၊ ရူပသဘော၊ ဇီဝသဘော စသည်တို့ သင်ကြားပေးခြင်းအားဖြင့် ကလေးတို့၏ ၀ိဇ္ဇာဗီဇနှင့် သိပ္ပံဗီဇတို့ ဖွံ့ဖြိုးလာပြီး အနာဂတ်ခေါင်းဆောင် ၀ိဇ္ဇာသမားများ နှင့် သိပ္ပံသမားများ ပေါ်ထွန်းနိုင်စေလိမ့်မည်။

ထို ကလေးတို့ အထဲ၌ ရဟန်းဗီဇရှိသူ ပါဝင်ရပေမည်ဟု ရဟန်းအတွေးဖြင့် ယူဆမိ၏။ ထိုဗီဇမျိုး ဖွံ့ဖြိုးစေရေး ကျောင်းပညာရေးက တာဝန်ယူရန် မဖြစ်နိုင်တော့ပေ။ ပညာရေးနှင့် ဘာသာရေး မရောနှောသင့်ဟု ယုံကြည်သတ်မှတ်ကြသောကြောင့် ဖြစ်ပေမည်။ ရှိပါစေ။

ဖြစ်နိုင် တတ်နိုင်သည့် နည်းဖြင့်သာ ဖြစ်နိုင်ချေရှိသည့် ဗီဇတို့ နိုးထလို နိုးထငြား လှုပ်နှိုးပေးလိုမိပါသည်။ သင်္ကန်းလေးနဲ့ နေသားကျစေရန်သာ ရည်ရွယ်မိပါသေးသည်။ သပိတ်ပွေ့လျက် ဆွမ်းခံရသည်ကို ဂုဏ်ယူတတ်စေရန်သာ ရည်ရွယ်မိပါသေးသည်။ ဘုရားစာ တရားစာလေး နှုတ်တက်မိစေရန်သာ ရည်ရွယ်မိသေးပါသည်။ ခေါင်းတုံးပြောင်ရခြင်း အရသာလေး မြည်းစမ်းမိစေရုံသာ ရည်ရွယ်မိပါသေးသည်။ ပရိယတ္တိသာသနာတော်ကြီးနှင့် ပဋိပတ္တိသာသနာတော်ကြီးများ အတွက်ကား သက်ဆိုင်ရာ သာသနာ့ အာဇာနည် ဆရာတော်ကြီးများ ရှိနေ၍ နေသာပါသေးသည်။

ဒီမှာပါ။ ဒါပါပဲ။

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment