(. . . . . မှ အဆက်)
ဆဋ္ဌမနေ့ - နေ့စဉ်ဘ၀ ဘာဝနာ
(ဟောင်ကောင်၊ ၁၈ အောက်တိုဘာ၊ ၁၉၉၇)
ဆရာကြီး။ ။ ဒီနေ့ နောက်ဆုံး ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဆွေးနွေးချိန် ပိုရအောင် တိုတိုပဲ ဟောပြောဖို့ စိတ်ကူးထားပါတယ်။ ကျင့်သုံးခဲ့ပြီးဖြစ်တဲ့ နည်းစနစ်တွေကို အခု သုံးသပ်စစ်ဆေးကြမယ်။ ဒီ နည်းစနစ်တွေနဲ့ ပတ်သက်လို့ အခက်အခဲရှိရင် တင်ပြကြပါ။ နည်းစနစ်တွေ ကွဲပြားပေမယ့် အခြေခံ သဘောတရားကတော့ အတူတူပါပဲ။ ဝါသနာ စရိုက်အမျိုးမျိုး ရှိကြတဲ့အတွက် နည်းအမျိုးမျိုးကို ကျွန်တော် တင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂီတွေကို တစ်ယောက်ချင်းစီး သီးသန့် တွေ့ဆုံပြီး ဘယ်နည်းက ဘယ်သူနဲ့ သင့်တော်တယ်ဆိုတာ သိရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
နည်းစနစ်တွေအကြောင်း မပြောခင် ကျွန်တော်တို့ ဘာကြောင့် တရားထိုင်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိနေဖို့ လိုပါတယ်။ တရား အားထုတ်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်ဟာကိုယ် ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ပါ။ ငါဟာ ဒုက္ခကို ညွှန်ပြတယ်၊ ဒုက္ခလွတ်လမ်းကိုလည်း သင်ပြပေးတယ်လို့ ဘုရားရှင် မကြာခဏ မိန့်တော်မူလေ့ ရှိပါတယ်။ လွတ်လပ်တဲ့စိတ်၊ အနှောင်အတွယ်ကင်းတဲ့ နှလုံးသားကို ရရှိဖို့ ဖြစ်ပါတယ်။ နည်းစနစ်တွေက ရှင်းပါတယ်။ ရှုပ်ထွေးတဲ့ စိတ်ကြောင့် နည်းစနစ်တွေ ရှုပ်ထွေးကုန်တာပါ။ လူတွေဟာ ရိုးရှင်းတဲ့ အရာကို ရှုပ်ထွေးအောင်လုပ်တဲ့ နေရာမှာ အရမ်း တော်ကြပါတယ်။ ဘဝမှာ လူတွေ ရှုပ်ထွေးအောင် မလုပ်တာ ဘာရှိသလဲလို့ ကျွန်တော် မကြာခဏ မေးလေ့ရှိပါတယ်။
အာနာပါန
ကျွန်တော်တို့ ကျင့်သုံးထားတဲ့ နည်းတစ်ခုက အသက်ရှူတာကို အာရုံစိုက် ရှုမှတ်ရတဲ့ အာနာပါန။ ဒီနည်းနဲ့ ပတ်သက်လို့ အခက်အခဲ ရှိပါသလား။
ယောဂီ။ ။ အသက်ရှူမှုကို စောင့်ကြည့်တဲ့ အခါမှာ စိတ် မတည်ငြိမ်တာ၊ အသက်ရှူ မြန်နေတာကို တွေ့ရပါတယ်။
ဆရာကြီး။ ။ ဒီနည်းနဲ့ ပတ်သက်တာကို ပြောပါမယ်။ ခင်ဗျားတို့ မေးစရာ ရှိတာတွေကို ခြုံမိသွားနိုင်ပါတယ်။ ဒီနည်းနဲ့ ပတ်သက်လို့ ရိုးရှင်းတာ တစ်ခုက သတိရှိအောင် လေ့ကျင့်ရတာပါ။ အသက်ရှုမှုကိုသာ သိမှတ်နိုင်အောင် ကြိုးစားတာ မဟုတ်ပါဘူး။ ကိုယ်ထဲ စိတ်ထဲမှာ ဖြစ်နေတာ မှန်သမျှကို သိမှတ်နိုင်အောင် ကြိုးစားတာပါ။
အလွန် ရိုးရှင်းပါတယ်။ အတွေးတွေ ရှိနေတယ်ဆိုရင် ရှိတယ်လိုသာ သိနေလိုက်ပါ။ အသက်ရှူတာ မြန်တယ်ဆိုရင် မြန်တယ်လို့သာ သိနေလိုက်ပါ။ ခန္ဓာကိုယ်ထဲက မနှစ်သက်စရာ အတွေ့အထိတွေကိုလည်း မနှစ်သက်စရာတွေလို့သာ သိပါ။ ကျွန်တော် အလေးပေး ပြောကြားနေကျ အတိုင်းပါပဲ။ ဒီနည်းစနစ် တစ်ခုလုံးက . . . အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းမှာ ဖြစ်နေတာကိုသာ သိနေဖို့ပါပဲ။ စိတ် တည်ငြိမ်တယ်ဆိုရင် တည်ငြိမ်တယ်လို့ သိပါ။ စိတ် မတည်ငြိမ်ရင် မတည်ငြိမ်ရင် မတည်ငြိမ်ဘူးလို့ သိပါ။
စိတ်တည်ငြိမ်မှု ရရှိအောင် တရားအားထုတ်တယ်ဆိုရင် တည်ငြိမ်မှု ရလာရင် တည်ငြိမ်မှုကို ဆုပ်ကိုင်ထားတတ်ပါတယ်။ ဒီလိုနဲ့ပဲ ဒုက္ခကို ဖန်တီးမိပါတယ်။ ဒါကြောင့် တည်ငြိမ်မှု ရှိတယ်ဆိုရင်လည်း ဆင်းရဲရတာပါပဲ။ ဒီ ဘာဝနာရဲ့ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပါတယ်။ ဖြစ်ပေါ်နေတာကို သိတာပါ။ ကျွန်တော် ခဏခဏ ပြောနေကျအတိုင်းပါပဲ ဖော်ဖော်ရွေရွေ ဖြစ်နေတာပါ။ ဖြစ်သမျှ အဆင်ပြေတယ်လို့ သဘောထားတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ တရားအားထုတ်တယ်ဆိုရင် အားထုတ်နေတဲ့ အခိုက်အတန့်မှာ ဆင်းရဲဒုက္ခ ကင်းဝေးပါတယ်။
အလားတူ အရေးကြီးတာက . . . ထိုင်နေတုန်းမှာပဲ အသက်ရှူမှုကို အသုံးချတာ မဟုတ်ပါဘူး။ ဒါကြောင့် အသက်ရှူမှုနဲ့ ဆက်သွယ်မိနေဖို့ ကျွန်တော် ပြောပြောနေတာပါ။ နေ့စဉ်ဘဝမှာ အခိုက်အတန့် တစ်ခုပြီးတစ်ခု အသက်ရှူမှုဆီမှာသာ ပြန်လာပါ။ အသက်ရှူမှုဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေပါ။ ယခုလက်ရှိ ပစ္စုပ္ပန် အခိုက်အတန့်ကို တွေ့ကြုံခံစားနိုင်အောင် အသက်ရှူမှုက ပံ့ပိုးပေးပါတယ်။ ရည်ရွယ်ချက်က . . . ထိုင်ပြီး နိုးကြားမှုကို အားကောင်းအောင်လုပ်ဖို့၊ တစ်ခြားအချိန်တွေမှာ နိုးကြားမှုကို အသုံးပြုဖို့ ဖြစ်ပါတယ်။ တရားထိုင်နေချိန်ထက် တစ်ခြားအချိန်တွေက ပိုအရေးကြီတာပါ။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ်ဘဝမှာ ဆင်းရဲဒုက္ခတွေ ပြဿနာတွေ ဖန်တီးမိတာမို့ပါ။ စိန်ခေါ်မှုတွေကို နေ့စဉ်ဘဝမှာ ရင်ဆိုင်ရတာမို့ပါ။
တစ်ချို့ ယောဂီတွေက ကျွန်တော့်ကို မေးကြပါတယ်။ ကျင့်သုံးနေတာ မှန်ကန်ရဲ့လား၊ တိုးတက်မှု ရှိမရှိ ဘယ်လိုလုပ် သိရမလဲဆိုတဲ့ မေးခွန်းတွေ မေးကြပါတယ်။ တိုးတက်မှုဆိုတာ တရားထိုင်နေချိန်မှာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး၊ နေ့စဉ် ဘဝနဲ့ ဆက်စပ်ယူပုံ ဖြစ်ပါတယ်။ အစေခံတွေ အပေါ်မှာ ကြင်ကြင်နာနာ မရှိတဲ့ လူချမ်းသာတွေ သီရိလင်္ကာ နိုင်ငံမှာ ရှိပါတယ်။ သူတို့ တရားအားထုတ်တဲ့ အခါကျတော့ သူတို့ရဲ့ တိုးတက်မှုကို သိအောင်လုပ်နည်း ပြောပြပါတယ်။ အစေခံတွေ အပေါ်မှာ ဆက်ဆံတာကို ကြည့်ပါလို့ ပြောလိုက်ပါတယ်။ အဲဒါကို ကြားရတော့ သူတို့ သိပ် သဘောမကျကြပါဘူး။
နေ့စဉ်ဘဝမှာ ပြုမူဆက်ဆံပုံကိုကြည့်ပြီး တိုးတက်မှုကို ဆုံးဖြတ်ပါ။ ဘဝနေနည်းတစ်ခု ဖြစ်ပါတယ်။ ဘဝနေနည်း အနုပညာ ဖြစ်ပါတယ်။ တွေးခေါ်နည်း ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ ပညာရှိ တရုတ်အဖိုးကြီး ပုံပြင်ထဲကလို ဘဝသဘောထား ဘဝအမြင် ဖြစ်ပါတယ်။ ဒါကို ရှင်းရှင်းလင်းလင်း မြင်ပါ။ ဒါကို သဘောပေါက်ပါ။ ဘာဝနာ ကျင့်သုံးနည်းတွေကို သုံးသပ်ပြီးတဲ့ အခါမှာ နေ့စဉ်ဘဝနဲ့ ပတ်သက်တာတွေ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါလိမ့်ဦးမယ်။ ဘာဝနာ အလုပ်ကို ဣရိယာပုထ် တစ်ခုခု၊ အချိန်အခါ တစ်ခုခု၊ အကျင့်နည်း တစ်ခုခုနဲ့ပဲ သီးခြား မတွဲစပ်ပါနဲ့။
မေတ္တာ
နောက် နည်းစနစ် တစ်ခုက မေတ္တာဘာဝနာ ဖြစ်ပါတယ်။ ကျွန်တော် အလေးပေးတဲ့ ဘာဝနာ ဖြစ်ပါတယ်။ မေတ္တာဘာဝနာဟာ အကျင့်နည်း အားလုံးနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပေါ်နေသမျှနဲ့ မိတ်ဆွေဖွဲ့နိုင်တယ်ဆိုရင် . . . အဲဒီ အခိုက်အတန့်ဟာ လွတ်မြောက်တဲ့ အခိုက်အတန့် ဖြစ်နေလို့ပါပဲ။ ဘာဝနာ အလုပ်မှာပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် တစ်ခုခုကို ခုခံဆန့်ကျင်တဲ့အခါမှာ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အချက်ပါ။ ကျွန်တော်တို့ မခုခံ မဆန့်ကျင်မိအောင်၊ လိုက်လျောညီထွေ ဖြစ်နေအောင်၊ ပွင့်ပွင့်လင်းလင်း ရှိနေအောင် ချစ်ခြင်းမေတ္တာ၊ ဖော်ရွှေရင်းနှီးမှု၊ သိမ်မွေ့မှုနဲ့ ပွင့်လင်းမှုတို့က လုပ်ပေးပါတယ်။
ဟုတ်ပါပြီ . . .။ မေတ္တာဘာဝနာနဲ့ ပတ်သက်လို့ ဘာ ပြဿနာ ရှိပါသလဲ။ မေတ္တာဘာဝနာနဲ့ ပတ်သက်လို့ ပြဿနာ ရှိသလား မေးရတာ ရယ်စရာတော့ ကောင်းပါတယ်။
ယောဂီ။ ။ တစ်ခါတစ်ခါ . . . ကိုယ်က သူတစ်ပါးကို မေတ္တာနဲ့ ဆက်ဆံပေမယ့် သူတစ်ပါးက ကိုယ့်ကို မေတ္တာနဲ့ မဆက်ဆံဘူး။ အဲဒီအတွက် ဘာလုပ်နိုင်ပါသလဲ။
ဆရာကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဒါဟာ နေ့စဉ်ဘဝမှာ ဖြစ်တတ်ပါတယ်။ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ကိုယ့်အပေါ် ဖော်ဖော်ရွေရွေ မရှိသူတွေ၊ ကိုယ့်အပေါ် အကြင်နာ ကင်းသူတွေ၊ ကိုယ့်အပေါ် မတော်မလျှော် ပြုသူတွေကို ကိုယ့်ရဲ့ ဂရု၊ ကိုယ့်ရဲ့ အရှင်သခင်၊ ကိုယ့်ရဲ့ ဆရာသမားလို သဘောထားသင့်ပါတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြောသလို . . . သူတို့က ကိုယ့်ကို မှန်ထောင်ပြတာပါ။ အဲဒီလို လူမျိုးုတွေတွေ့ရင် သူတို့ကို ကျေးဇူးတင်သင့်ပါတယ်။ သူတို့က ကိုယ့်ကို စမ်းသပ်နေတာပါ။
သူတို့ ဘာလုပ်နေတယ် ဆိုတာကို ထည့်မစဉ်းစားဘဲ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတာကို စောင့်ကြည့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် . . . ဖြစ်ပေါ်နေတာကို သိရုံသာသိဖို့၊ သတိမြဲဖို့ ကျွန်တော်တို့ အလေးပေး ပြောကြားနေတာ ဖြစ်ပါတယ်။ ပြဿနာက ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်နေတာသာ ဖြစ်တယ်၊ ဗဟိဒ္ဓနဲ့ မဆိုင်ဘူး ဆိုတာကို သဘောပေါက်တဲ့ အခါမှာ လူတွေ ဘာလုပ်နေနေ ကိစ္စမရှိပါဘူး။ သူတို့ကို မတုံ့ပြန်တော့ပါဘူး။
ကျွန်တော် အလေးပေး ပြောနေကျ အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ သာမန် လူသားတွေသာ ရှိပါသေးတယ်။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ဉာဏ်အလင်း မပေါက်သေးသမျှ ကျွန်တော်တို့ အားလုံးဟာ အရူးတွေပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ အရူးကမ္ဘာ နေထိုင်နေကြတာပါ။ ကျွန်တော်တို့ ပြဿနာက . . . ကျွန်တော်တို့ဟာ ဒီအရူးတွေအကြောင်း လေးလေးနက်နက်ကြီး ပြောနေကြတာ ဖြစ်ပါတယ်။ ရူးကြောင်ကြောင် လူ့အဖွဲ့အစည်းမှာ နေထိုင်နည်းကလည်း အတူတူပါပဲ။ ဒီသကဘောတရားကို နားလည်ထားဖို့၊ သဘောပေါက်ထားဖို့ ဖြစ်ပါတယ်။ ဆက်ဆံပတ်သက်ရတဲ့ ရူးကြောင်ကြောင်တွေကို ကရုဏာထားဖို့ ဖြစ်ပါတယ်။ ဒီလိုလူတွေကို ဒီလိုနည်းနဲ့ ဆက်ဆံသင့်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ဆရာတွေပဲ ဖြစ်သင့်ပါတယ်။ အဲဒီလို အရှင်သခင်တွေ၊ အဲဒီလို ဆရာသမားတွေ၊ အဲဒီလို ဂုရုတွေ အမျိုးမျိုးနဲ့ တွေ့နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွတ်တော်လို သီရိလင်္ကာက ဆရာမျိုးထက် သူတို့က ပိုတော်လို့ပါ။ မေတ္တာဘာဝနာနဲ့ ပတ်သက်လို့ တစ်ခြား မေးစရာ ရှိပါသေးလား။
ယောဂီ။ ။ တစ်ယောက်ယောက် အမှားလုပ်ထားတယ်လို့ တစ်ခါတစ်ခါ ထင်မိပါတယ်။ ဆိုပါစို့ . . .။ ရုံးမှာ စက္ကူဖြုန်းတဲ့သူကို မြင်လိုက်ရတယ်။ ကျွန်တော် နည်းနည်းပါးပါး ဒေါသ ဖြစ်မိတယ်။ ကျွန်တော် သဘောပေါက်ပါတယ် . . . ဒီအကြောင်း သူတို့ လုံးဝသိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် . . . ဒေါသကတော့ ဖြစ်နေတာပါပဲ။
ဆရာကြီး။ ။ ခင်ဗျားပေးတဲ့ ဥပမာကို ကျွန်တော် စိတ်ဝင်စားမိပါတယ်။ သီရိလင်္ကာမှာ အစားအစာ ဖြုန်းတီးသူတွေတွေ့ရင် စိတ်ဆိုးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစားအစာက တန်ဖိုးရှိလို့၊ အရေးကြီးလို့ပါ။ ဒီတော့ . . . စက္ကူဖြုန်းတဲ့သူတွေကို တွေ့တော့ စိတ်ဆိုးတယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒီအခြေအနေကို ယောဂီက ဘယ်လို အသုံးချမလဲ။
နည်းလမ်း တစ်ခုက . . . အခြေအနေကို ကိုယ်က ဘယ်လို တုံ့ပြန်သလဲ သိရအောင် စောင့်ကြည့်တာ ဖြစ်ပါတယ်။ စိတ်ဆိုးသလား။ စိတ်ကသိကအောက် ဖြစ်သလား။ မခံမရပ်နိုင် ဖြစ်သလား။ ကိုယ်က အခြေအနေကို ဘယ်လို တုံ့ပြန်သလဲ။ တစ်ခါတစ်ခါ ဒါမျိုး စမ်းသပ်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တစ်နေ့နေ့ ရုံးမှာ အဲဒီလို ပုဂ္ဂိုလ်မျိုး တွေ့ရရင် အကဲခတ်ကြည့်ပါ။ ဘယ်လောက်ကြာအောင် ဒေါသထွက်နေသလဲ။ နာရီဝက်လား။ တစ်နာရီလား။ စက္ကူတွေအတွက် ဒေါသထွက်တာလား။ ဒီလိုလူတွေကို သတိထားသင့်ပါတယ်။ ကိုယ်က အခြေအနေကို ဘယ်လို တုံ့ပြန်လိုက်သလဲ . . . ကြည့်ပါ။ အဲဒီလို အခြေအနေဟာ လေ့လာသင်ယူစရာ အတွေ့အကြုံ ဖြစ်ပါတယ်။
ယောဂီဆိုတာ အမြဲတမ်း ငုတ်တုတ်ထိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်နေရမယ်လို့ မဆိုလိုပါဘူး။ တွန်းကန် တုံ့ပြန်ခြင်းနဲ့ အလိုက်သင့် တုံ့ပြန်ခြင်း၊ အရေးကြီးတဲ့ စကားလုံးနှစ်လုံး ရှိပါတယ်။ တွန်းကန်တုံ့ပြန်တာဟာ အခြေအနေကို စိတ်လှုပ်ရှားမှုနဲ့ ခံစားပြီး တုံ့ပြန်တာ ဖြစ်ပါတယ်။ အလိုက်သင့် တုံ့ပြန်တာကတော့ အဓိပ္ပာယ် ရှိတာကို ပြုလုပ်တာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ မတုံ့ပြန်ဘဲ တီထွင်ဆန်းသစ်မှုနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ တကယ့်ကို ခင်ခင်မင်မင်၊ ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ရဲ့ အမူအရာကို သိနားလည်အောင် ကြိုးစားရင်း စကားပြောကြည့်နိုင်ပါတယ်။ ဒေါသတကြီးနဲ့ စကားမပြောဘဲ၊ ကိုယ်မှန်တယ် သူမှားတယ်လို့ မဆုံးဖြတ်ဘဲ ပါးပါးနပ်နပ် လုပ်သင့်ပါတယ်။ သဘာဝအားဖြင့် အခြေအနေကို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တတ်ပါတယ်။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for
Free Distribution Only and NOT for sale
No comments:
Post a Comment