(. . . . .မှ အဆက်)
(အမေးအဖြေ အဆက်)
ယောဂီ။ ။ မေတ္တာတရားကို ဆရာကြီး သင်ပြပေးနေတာက ကျွန်တော်တို့ ဗောဓိသတ္တဖြစ်အောင် သင်ပေးနေသလိုပါပဲ။ ကျွန်တော်လည်း ကျင့်ချင်ပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်တော် ဗောဓိသတ္တ မဖြစ်နိုင်တာပါပဲ။ ဥပမာ ဆိုပါစို့။ လမ်းမှာ သူတောင်းစားတစ်ယောက် တွေ့တယ်။ သူ့ကို (၁၀)ဒေါ်လာ ပေးလိုက်ချင်တယ်။ ဒါပေမယ့် စဉ်းစားပြီးတာနဲ့ နေ့လယ်စာအတွက် (၅)ဒေါ်လာ လိုအပ်တဲ့ အတွက်ကြောင့် သူတောင်းစားကို (၅)ဒေါ်လာပဲ ပေးလိုက်တယ်။ ကျွန်တော် မေးချင်တာက . . . ဘယ်လိုနည်းနဲ့ ဗောဓိသတ္တ ဖြစ်နိုင်မလဲဆိုတာကို မေးချင်တာပါ။
ဆရာကြီး။ ။ ဝမ်းသာစရာပါ။ အခု ခင်ဗျားက (၅၀)ရာခိုင်နှုန်း ဗောဓိသတ္တ ဖြစ်နေပြီပဲ။ (၁၀)ဒေါ်လာထဲက (၅)ဒေါ်လာ ပေးလိုက်တဲ့ အတွက်ကြောင့် သင်္ချာနည်းနဲ့တွက်ရင် (၅၀)ရာခိုင်နှုန်း ဗောဓိသတ္တ ဖြစ်နေပါပြီ။ မကြာခင်မှာ ကျန်တဲ့ (၅၀)ရာခိုင်နှုန်း လုပ်နိုင်မှာ သေချာပါတယ်။ တစ်နေ့နေ့ ဖြစ်လာမှာပါ။ အဲဒီကျရင် သူတောင်းစားကို (၁၀)ဒေါ်လာလုံး ပေးလိုက်ပါလိမ့်မယ်။ နေ့လယ်စာကို သတိရမှာ မဟုတ်တော့ပါဘူး။
ယောဂီ။ ။ ကျွန်တော် နေ့လယ်စာ စားဖို့ အတွက်ရော ဘယ်လိုလဲ။
ယောဂီ။ ။ ဆရာတော် ဓမ္မိက ပြောပြတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ သူနဲ့ ခင်ဗျားတို့ လမ်းလျောက်နေကြတယ်။ သူတောင်းစားတစ်ယောက် တွေ့တယ်။ ခင်ဗျားက အိပ်ထဲမှာ ပါသမျှ သူတောင်းစားကို ပေးလိုက်တယ်။ ပိုက်ဆံ တစ်ပြားမှ မကျန်တော့ဘူး။ ခင်ဗျားတို့နှစ်ယောက် လမ်းလျှောက်ပြီး လိုရာခရီး အရောက်သွားကြရတယ်။ ဒါကို ကျွန်တော်တို့ သင်္ခန်းစာ ယူသင့်ပါတယ်။ ခင်ဗျား မှတ်မိပါသလား။
ဆရာကြီး။ ။ မမှတ်မိပါဘူး။
ယောဂီ။ ။ ကျွန်တော့် အတွေးတွေကို စကားလုံးတွေနဲ့ တည်ဆောက်ထားတာပါ။ သူတစ်ပါးရဲ့ အတွေးတွေလည်း စကားလုံးတွေနဲ့ တည်ဆောက်ထားတာပဲလားတော့ မသိပါဘူး။
ဆရာကြီး။ ။ အတွေးတွေဟာ စကားလုံးတွေသာ ဖြစ်တယ်ဆိုတဲ့ ခင်ဗျားရဲ့ ရှာဖွေတွေ့ရှိမှုဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ စကားလုံးတွေ၊ ပုံရိပ်တွေပါ။ သူတို့ကနေ ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။ နမူနာတွေ ကြည့်ကြရအောင်။ မနက်ဖြန် စားရမယ့် အရုဏ်စာကို တွေးကြည့်ကြမယ်။ မျက်စိမှိတ်လိုက်ပါ။ မနက်ဖြန် စားရမယ့် အရုဏ်စာကို စဉ်းစားလိုက်တော့ စိတ်ထဲမှာ ဘယ်လိုဖြစ်လာသလဲ။
ပေါင်မုန့် မြင်ပါတယ်။ ကော်ဖီ မြင်ပါတယ်။ မြင်နေကျ အရာတွေကို မြင်ပါတယ်။ တကယ်တော့ ပေါ်လာတာတွေဟာ ပုံရိပ်တွေပါ။ ကြိုက်မကြိုက်အပေါ် မူတည်ပြီး ပုံရိပ်တွေနဲ့အတူ ခံစားချက်တွေ လာပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ပုံရိပ်အသွင်၊ စကားလုံးအသွင်၊ ခံစားချက်အသွင်နဲ့ ပေါ်လာပါတယ်။ တကယ့်ကို ရိုးရှင်းတယ်လို့ ထင်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ကြုံကြရတာက . . . ဒီလို ပုံရိပ်တွေ၊ ရုပ်ရှင်တွေကနေ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာက . . . အာနာပါနလို အကျင့်နည်းလမ်းတွေကို ကျင့်သုံးပြီး အတွေး မရှိတော့တဲ့ အခါမှာ ပုံရိပ်တွေ၊ စကားလုံးတွေ မရှိတော့ပါဘူး။ အတွေ့အထိကိုသာ သိမှတ်ပါတော့တယ်။ စကားလုံးတွေ၊ ပုံရိပ်တွေဟာ အတိတ်က လာတာပါ။ အရင်က မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ၊ ရုပ်ပုံလွှာတွေကို မြင်တယ်လို့ မရှိပါဘူး။ ပုံရိပ်တွေ၊ ရုပ်ပုံလွှာတွေ မရှိတော့တဲ့ အခါမှာပဲ တစ်ခြား ဆန်းသစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ပုံရိပ်တွေ မရှိအောင် ထောက်ပံ့ပေးတဲ့ ဘာဝနာနည်းတစ်ချို့ရဲ့ အလှတရား ဖြစ်ပါတယ်။
ဒါကို ကျွန်တော် အားပေးတိုက်တွန်း နေပါတယ်။ ကိုယ့်အတွေးတွေ၊ ကိုယ့်စိတ်ခံစားမှုတွေကို ကိုယ်တိုင် ရှာဖွေဖော်ထုတ်ပါ။ ဆင်းရဲ ဒုက္ခကို ဘယ်လို ဖန်တီးမိတယ် ဆိုတာကို ကိုယ်တိုင် ရှာဖွေဖော်ထုတ်ပါ။ ဒီစိတ်ရှိနေတာ၊ ဒီခန္ဓာကိုယ် ရှိနေတာ ကျွန်တော်တို့ တော်တော် ကံကောင်းပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ရဲ့ ဓာတ်ခွဲခန်းတွေ ဖြစ်နိုင်တယ်လို့ ယောဂီတွေကို ကျွန်တော် ပြောလေ့ရှိပါတယ်။ လေ့လာ စမ်းသပ်နိုင်ကြပါတယ်။ ရှာဖွေဖော်ထုတ်နိုင်ကြပါတယ်။ ဓာတ်ခွဲခန်းတွေကနေ လေ့လာသင်ယူနိုင်ကြပါတယ်။
အလွဲသုံးစား မလုပ်ဘူးဆိုရင် ကျွန်တော်တို့ ဘဝဟာ လေ့လာသင်ယူစရာပဲ ဖြစ်ပါတယ်။ ဘဝရသ တိုးပွားအောင် လုပ်သင့်ပါတယ်။ စပ်စုလိုစိတ် ဖွံ့ဖြိုးအောင် လုပ်ရပါမယ်။ စိတ်ဝင်စားစရာ၊ ဖျော်ဖြေပေးနေတဲ့အရာ၊ တစ်ခါတစ်ခါ ပျော်မြူးစရာတွေ ရှာကြည့်သင့်ပါတယ်။ ဒီက ပြန်သွားတဲ့ အခါမှာ ဆက်လက်ပြီး ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ ဆက်လက်ပြီး လေ့လာနိုင်ပါတယ်။ ဆက်လက်ပြီး အဖြေရှာနိုင်ပါတယ်။ ဆရာတွေဆီကသာ လေ့လာသင်ယူတာ မဟုတ်ဘဲ အရာရာတိုင်းကနေ လေ့လာနိုင်အောင်၊ လူတိုင်းဆီကနေ လေ့လာနိုင်အောင် ပွင့်ပွင့်လင်းလင်း ရှိရပါမယ်။ ဘဝဟာ ဆရာပါပဲ။ ကျွန်တော်တို့ စိတ်နဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာဟာ ကျွန်တော်တို့ ဆရာပါပဲ။ ဒါဟာ . . . လှပတဲ့ ဘဝနေနည်း ဖြစ်ပါတယ်။
ဆက်ဆံရေးအကြောင်း မနေ့က ပြောခဲ့ကြပါတယ်။ ဒီကို လာကြတဲ့ ခွေးတွေကို ကြည့်ရင်ကိုပဲ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ ဆက်ဆံရေးဟာ ပေါ်လွင်ပါတယ်။ ဒီကို ရောက်လာတဲ့ ခွေးသုံးကောင်ကို ကြည့်ပြီး ဘာတွေ လေ့လာထားပါသလဲ။ ခွေးတွေကို ကြည့်ပြီးကြပြီလား။ သူတို့ရဲ့ ဆက်ဆံရေးဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူတွေလိုပါတယ်။ ကြည့်လို့ တော်တော် ကောင်းပါတယ်။
ခွေးတွေအကြောင်း ပြောရင်းနဲ့ . . . တစ်ခြားနိုင်ငံ တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ တရားစခန်းပွဲမှာတုန်းက ကျွန်တော် ရခဲ့တဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ နောက်ဆုံးနေ့မှာ ကျွန်တော်နဲ့ ယောဂီတွေ စကားပြောနေကြပါတယ်။ ယောဂီ တစ်ယောက်က ကျန်တဲ့သူတွေကို ပြောပါတယ်။ ကျွန်တော့်ဆီက သူ လေ့လာသင်ယူခဲ့တာတွေဟာ သူ့ခွေးဆီက လေ့လာသင်ယူပြီးသားတွေပါတဲ့။ ကျွန်တော်လည်း သူ့ခွေးအကြောင်း သိချင်လာတာပေါ့။ သူ့ခွေးအကြောင်း အပြောခိုင်းတော့ သူ ပြောပြတယ်။ ကျွန်တော်က သူ့ကို ပစ္စုပ္ပန်မှာ နေထိုင်ဖို့ ပြောပါတယ်၊ သူ့ခွေးက ပစ္စုပ္ပန်မှာပဲ နေထိုင်တာပါတဲ့။ ကျွန်တော်က ကျေးဇူးတင်ဖို့ ပြောတယ်၊ သူ့ခွေးက အမြဲတမ်း ကျေးဇူးတင်နေတာပါတဲ့။ တရားစခန်းမှာ ပြုမူကြတာနဲ့ သူ့ခွေးရဲ့ အပြုအမူတွေအကြောင်း ဆက်ပြောပါတယ်။ ခင်ဗျားရဲ့ခွေးက ကျွန်တော်နဲ့ ဘာမှကို မထူးခြားဘူးလားလို့ ကျွန်တော်မေးလိုက်တယ်။ သူ့အဖြေက . . . ကျွန်တော်က စကားတွေ အများကြီး ပြောပေမယ့် သူ့ခွေးကတော့ လုံး၀ စကားမပြောဘူးတဲ့။ သူ ပြောပြတာကို ကျွန်တော် တော်တော် သဘောကျပါတယ်။
တစ်ခြား ရှိသေးလား။ မေးစရာ ရှိပါသေးလား။
ဒဏ်ရာများနှင့် ခွင့်လွှတ်ခြင်း
ယောဂီ။ ။ ကျွန်တော်တို့ကို မေတ္တာဘာဝနာ သင်ပေးခဲ့ပါတယ်။ ကိုယ်ကိုယ်တို့ ကိုယ့်ရဲ့ မိတ်ဆွေဖြစ်အောင်၊ သူတစ်ပါးနဲ့ ဖော်ဖော်ရွှေရွှေဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။ မွေးမြူထားတဲ့ ဒဏ်ရာတွေကို ဘယ်လို သုံးသပ်ရမယ်၊ သူတစ်ပါးကို ဘယ်လို ခွင့်လွှတ်ရမယ် ဆိုတာကို သင်ပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တဲ့အခါ၊ သူတစ်ပါးကို ခွင့်လွှတ်တဲ့ အခါမှာ စိတ်ပါလက်ပါ တကယ့်ကို ရိုးရိုးသားသား ဟုတ်ရဲ့လား ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
ဆရာကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ လက်တွေ့ကျတဲ့ ဥပမာတစ်ခု ပေးပါ့မယ်။ သူတစ်ပါးအပေါ် ကျူးလွန်လိုက်တဲ့ အပြစ်နဲ့ ဆက်စပ်ပြီးတော့ ဒဏ်ရာ ရှိနေတယ် ဆိုပါစို့။ ဒဏ်ရာပျောက်ကင်းအောင် မကုသနိုင်ခင်မှာ မှားခဲ့တဲ့ အပြုအမူအကြောင်း စဉ်းစားမိတိုင်း အပြစ်ကြောင့် ဆင်းရဲရပါတယ်။ ဒဏ်ရာ ပျောက်ကင်းတော့ . . . အသိဉာဏ်မှာ မှတ်ထားတာတွေ ပေါ်လာလို့ စဉ်းစားသုံးသပ် ကြည့်ရင်လည်း အပြစ်ရှိတယ်လို့ မခံစားရတော့ပါဘူး။ အလားတူပါပဲ။ တစ်ယောက်ယောက်က ကိုယ်နဲ့ ဖောဖော်ရွှေရွှေ မရှိဘူး။ ကိုယ့်အပေါ် မကြင်နာဘူး။ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေး၊ သူ့ရဲ့ အပြုအမူတွေ အသိထဲ ဝင်လာတိုင်း မုန်းတီးမှုကို ခံစားရပါတယ်။ ဒေါသ ဖြစ်ရပါတယ်။ စိတ်ဆိုးရပါတယ်။ ဒဏ်ရာ ပျောက်ကင်းတော့ . . . အသိဉာဏ်မှာ သူ့အကြောင်း ပေါ်လာရင်လည်း မမုန်းတော့ပါဘူး။ စိတ်မဆိုးတော့ပါဘူး။
ဒဏ်ရာနဲ့ ပတ်သက်တာကို သတိပေးတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒဏ်ရာတွေကို ကုသဖို့ အချိန်ပြည့် အားထုတ်နိုင်တာ . . . မနက်ဖြန် နောက်ဆုံးနေ့ပါ။ ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသသွားကြဖို့ အကြံပေးချင်ပါတယ်။ ဒီကပြန်ရင် ဒဏ်ရာတွေကို ဒီမှာပဲ ထားခဲ့ကြပါ။
သူတစ်ပါးရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ . . .။ ဥပမာ . . . အမျိုးသမီး မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ကြောင့် သူ ဒဏ်ရာရတယ်လို့ ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူ့ ဒဏ်ရာ ပျောက်ကင်းအောင် ဘယ်လို ကူညီပေးနိုင်ပါသလဲ။
ဆရာကြီး။ ။ ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ ဆက်စပ်ပြီး သူတစ်ပါး ဒဏ်ရာရတယ် . . .။ သူတို့ကို ရှင်းပြပြီး သူတို့ ဒဏ်ရာ ပျောက်ကင်းအောင် ကူညီနိုင်ပါတယ်။ ဒါမှမဟုတ် . . . တကယ်ပဲ ကိုယ့်ကြောင့် ဒဏ်ရာရသွားတာဆိုရင် ကိုယ့်အပြစ်ကို တောင်းပန်ပြီး သူတို့ဒဏ်ရာ ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ ကြိုးစားကြည့်နိုင်ပါတယ်။ တစ်ခါတစ်ခါ အခက်ကြုံရနိုင်ပါတယ်။ သူတို့လည်း ဒဏ်ရာတွေကို ကုသဖို့ အခက်တွေ့နိုင်ပါတယ်။ သူ့ဒဏ်ရာကြောင့် ကိုယ် ဆင်းရဲဒုက္ခ မခံစားရဖို့ အရေးကြီးပါတယ်။ ကိုယ် ဘာတတ်နိုင်မှာမို့လဲ။ ကိုယ် အကောင်းဆုံး ကြိုးစားတာပဲ။ သူတစ်ပါးက ဒဏ်ရာ ပျောက်ကင်းအောင် မကုသချင်တာပါ။ သူတို့ရဲ့ ဒဏ်ရာတွေကို အကြောင်းပြုပြီး ကိုယ့်စိတ်မှာ ဒဏ်ရာ မဖြစ်ပေါ်ပါစေနဲ့။
နောက်တစ်နေ့ ကျင့်ကြံဖွယ်
မနက်ဖြန် လုပ်ကိုင်ဆောင်ရွက်ရမှာနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ အရင်ရက်တွေအတွင်း ဒီမှာ ကျွန်တော်တို့ အမျိုးမျိုး လေ့လာ သင်ယူခဲ့ကြတာတွေနဲ့ ပတ်သက်လို့ သံသယရှိတယ်၊ အခက်အခဲရှိတယ်ဆိုရင် မနက်ဖြန် အုပ်စုလိုက် ဆွေးနွေးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကျွန်တော်နဲ့ တစ်ယောက်ချင်း တွေ့တဲ့အခါမှာပဲဖြစ်ဖြစ် တင်ပြကြဖို့ အကြံပြုချင်ပါတယ်။ ဘာဝနာနဲ့ နေ့စဉ်ဘ၀ ဘယ်လို ပေါင်းစပ်နိုင်မယ် ဆိုတာကိုလည်း . . . စဉ်းစားသုံးသပ်ထားကြပါ။ ဒါနဲ့ ပတ်သက်လို့ မေးစရာရှိတယ်၊ ပြဿနာရှိတယ်ဆိုရင် မေးခွန်းတွေ ပြင်ဆင်ထားကြပါ။ ဆွေးနွေးကြတဲ့ အခါမှာ တင်ပြကြပါ။ မနက်ဖြန် ဆွေးနွေးပွဲဟာ ဒီအကြောင်း ဖြစ်ပါလိမ့်မယ်။
နောက်ဆုံး အကြံပေးချင်တာက . . . ကျင့်သုံးထားတဲ့ နည်းအမျိုးမျိုးကို စစ်ဆေးကြည့်စေချင်ပါတယ်။ အကျင့်နည်းလမ်းတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ၊ အခက်အခဲတွေ ရှိတယ်ဆိုရင်လည်း တင်ပြနိုင်ပါတယ်။ မနက်ကျရင် ဘာကို ကျင့်သုံးပါလို့ ကျွန်တော် မပြောတော့ပါဘူး။ ခင်ဗျားတို့ ကြိုက်တဲ့နည်းကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ပါတယ်။ မနက်ဖြန်ကျရင် ကိုယ့်ဟာကိုယ် စူးစမ်းရှာဖွေကြပါ။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ဆရာဖြစ်နိုင်အောင်၊ ကိုယ်ကိုယ်တိုင်း ကိုယ့်ရဲ့ အလင်းဖြစ်နိုင်အောင် လေ့ကျင့်သင်ယူဖို့ အရေးကြီးပါတယ်။
ဟုတ်ပြီ . . .။ ဝတ်ရွတ်စဉ် ဆိုကြပါစို့။

:)
ရှင်အာစာရ
-----
Godwin
Samararatne ရဲ့ "The GENTLE WAY of Buddhist Meditation"ကို ဘာသာပြန်ပါတယ်။
Ref:
"The GENTLE WAY of Buddhist
Meditation", Godwin
Samararatne
A
re-presentation of Godwin's Retrat Talks in Hong Kong, Jeanne Mynott,
1997
Revised
Edition, Jeanne
Mynett, 2005
Inward
Path Publisher, Penang, Malaysia, 2007
for Free Distribution Only and NOT for sale
No comments:
Post a Comment