အခါတစ်ပါး၌ ၀က်မွေးသော ယောက်ျားတစ်ယောက်သည် ရွာတစ်ရွာ၌ နေ၏။ ထိုယောက်ျားသည် ပြုဖွယ်ကိစ္စ ရှိသည်ဖြစ်၍ တစ်ပါးသောရွာသို့ သွားစဉ် လမ်းဘေးတစ်နေရာ၌ ခြောက်သွေ့သော မစင်တို့ကို မြင်လျှင် ဤသို့ကြံ၏။
“ကျင်ကြီးခြောက်တို့ များလေစွ။ ၀က်စာရချေပြီ။”
ထို့နောက်
မစင်ခြောက်တို့ကို စုပုံသိမ်းကျုံး၍ ခြုံထည်ပုဆိုးဖြင့် ထုတ်ပိုးကာ ဦးခေါင်းဖြင့်
ရွက်ဆောင်သွားလေ၏။ ထိုစဉ် လမ်းခရီး အကြား၌ မိုးကြီးသည်းစွာ ရွာလေရာ မစင်တို့ ပျော်ကျလေ၏။
ထိုယောက်ျား၏ တစ်ကိုယ်လုံးလည်း မစင်တို့ဖြင့် ပေကျံလေ၏။
ထိုယောက်ျားကို
တွေ့မြင်သူတို့က ဤသို့ ဆို၏။
“ငါ့ရှင်
. . . သင် ရူးနေသလော။ ခြေဆုံးခေါင်းဆုံး သင့်တစ်ကိုယ်လုံး မစင်များ ပေကျံနေသည် ဖြစ်ပါလျက်
အဘယ့်ကြောင့် မစင်တို့ ယိုစီးကျနေသော မစင်ထုပ်ကို ရွက်ဆောင်ထားဘိသနည်း။”
ထိုယောက်ျားက
ဤသို့ စကားတုံ့ ဆို၏။
“သင်တို့သာ
ရူး၏။ နှမ်း၏။ သွပ်၏။ ပေါ၏။ ကြောင်၏။ ငါကား မရူး။ မနှမ်း။ မသွပ်။ မပေါ။ မကြောင်။ ငါသည်
ဝက်စာထုပ်ကို သယ်ယူ၏”
ထို့နောက်
မစင်တို့ကို ထမ်းပိုးကာ မစင်လူး၍ နံစော်သောကိုယ်ညစ်ဖြင့် ၀င့်ကြွားစွာ ခရီးဆက်လေ၏။
-----
--- -----
ပုံပြင်လေးကတော့
ဒါပါပဲ။
ငါ့ရှင်
. . . ဟိုဘက်သေရွာဆီ သွားနေတဲ့ ခရီးတစ်ခေါက်မှာ . . . . .။ ဘာတွေကို ဘယ်လောက်ထိ ဆုပ်ကိုင်ထားမိသလဲ၊
ဘာတွေကို ဘယ်လိုသယ်ဆောင် နေသလဲ။ ခဏခဏ နားနားပြီး သုံးသပ်မိဖို့ . . . . .။ လွှတ်ချလိုက်သင့်တာတွေကို
ထမ်းပိုးထားမိရင် . . . . .။ ၀က်စာလုပ်လို့ ရနိုင်ရင်တောင်မှ . . . . .။
:)
ရှင်အာစာရ
မှီး
- သုတ်မဟာဝါ ပါယာသိသုတ်
No comments:
Post a Comment