Saturday, January 10, 2015

“ပုံမဲ့ကာတွန်း (၃၄)”

ကာတွန်းကိုရင် - ၁။   ။ "ဘုန်းကြီးနဲ့ ကိုရင် ဘယ်သူက ပိုမြတ်တာလဲ။ သိလား။"


ကာတွန်းကိုရင် -၂။   ။ "ဘုန်းကြီးက ပိုမြတ်တာပေါ့ကွ။ ကိုရင်က ဆယ်ပါးသီလပဲ ရှိတာ။ ဘုန်းကြီးသီလက ၂၂၇ သွယ်။ အကျယ်ဆို . . . သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်တဲ့။"



ကာတွန်းကိုရင် - ၁။   ။ "ကိုရင်က ပိုမြတ်တာ . . .။ ငါပြောပြမယ်။ အလောင်းတော် ကဿပဂူ ကျောက်တံခါးပွင့်တော့ ဘုန်းကြီးကြီးနဲ့ ကိုရင်လေး ဂူထဲဝင်သွားတာ။ ဂူထဲက ရတနာတွေ မြင်တော့ ဘုန်းကြီးက လောဘတက်ပြီး လိုချင်စိတ်ပေါက်လာတော့ ဂူတံခါး ပိတ်သွားတယ်။ သေပြီဆရာ ဖြစ်ကရော။ ကိုရင်လေးကတော့ လောဘ မတက်လို့ ပြန်ထွက်လာနိုင်တယ်။ အဲ့ဒီမှာ ရှင်သူငယ်ထွက်ပေါက်ဆိုပြီး ခုထိရှိသေးတယ်။ မှတ်ထား။”



ကာတွန်းကိုရင် -၂။   ။ “မင်းလိုသာ ပြောကြေးဆိုရင်ဖြင့်ကွယ် . . . . .။”



-----

ကျမ်းညွှန်း - “ဧ၀ံ မေ သုတံ”

No comments:

Post a Comment