ဦးဇင်းတို့ . . . ပုထုဇ္ဇနော ဥမ္မတ္တကောဆိုတာ
သိပ်မှန်တာပဲ။ ပုထုဇဉ်မှန်သမျှ အရူးပဲ ဆိုတဲ့ စကားအရ . . . လူရူးနဲ့ လူကောင်း နှိုင်းယှဉ်ကြည့်။
ဘာထူးသလဲ။ (ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု) Self control ရှိတာနဲ့ မရှိတာဟာ အဓိက ကွားခြားချက်ပဲ။
မရှိရင် အရူးပဲ။ လူကောင်းမှာကြတော့ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လျော့သွားရင်
လူကောင်းလည်း ရူးကြောင်ကြောင် ဖြစ်သွားတော့တာပဲ။ Self control လုံးဝလွတ်နေတဲ့သူကို
လောကမှာ အရူးလို့ ခေါ်ကြတာ။ အရူးက သူ လုပ်ချင်ရာ လျှေက်လုပ်တယ်။ လောကနဲ့ သဟဇာတ မကျတော့ဘူး။
အိပ်ချင်ရာအိပ်တယ်။ စားချင်မှ စားတယ်။ အိပ်ချင်မှလည်း အိပ်တယ်။ လုပ်ချင်ရာ လုပ်တယ်။
ပြောချင်ရာ ပြောတယ်။ မလုပ်သင့်တာတွေလည်း လုပ်တာပဲ။ မပြောသင့်တာတွေလည်း ပြောတာပဲ။ ကျန်းမာရေးလည်း
ထည့်မတွက်ဘူး။ သူ့မှာ . . . သိက္ခာကျစရာလည်း မရှိဘူး။ ပုထုဇဉ်ပီပီ အရူးကြီးလို ဖြစ်မသွားအောင်
အကြောင်းကြောင်းတွေကို ငဲ့ကွက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ လိုအပ်တယ်။ မဟုတ်ရင်
အရူးပဲ။ ဥစ္စာရူးက ဥစ္စာအတွက် ထိန်းချုပ်မှု လွတ်တယ်။ အာဏာရူးက အာဏာကြောင့် ထိန်းချုပ်မှု
လွတ်တယ်။ ဦးဇင်းတို့ ဘုန်းကြီးတွေလည်း ဒကာဒကာမ အသိုင်းအ၀ိုင်းအတွက်၊ ဘုန်းကံကြီးဖို့တွေ
နာမည်ကြီးဖို့တွေ သြဇာကြီးဖို့တွေအတွက် self control လွတ်သွားရင် ဘုန်းကြီးရူး ဖြစ်သွားလိမ့်မယ်။
ကဲ ပုထုဇ္ဇနောဆိုတဲ့ပုဒ်ကို ဘာသာဘေဒနည်းနဲ့ ရုပ်တွက်မယ်။
ဦးမြင့်ဆွေ
(မဟာဝိဇ္ဇာ လန်ဒန်)
(၁၉၉၇ သာသနာ့တက္ကသိုလ် တတိယနှစ် ဘာသာဘေဒ ပို့ချချက်မှ)
No comments:
Post a Comment