Monday, April 1, 2013

သရဏဂုံ သီလ

“ကျွန်တော်တို့ရဲ့ အစ္စလာမ် ညီအစ်ကိုများ (မန္တလေး) အဖွဲ့က ဆရာတော် ဒေါက်တာ အရှင်အာစာရနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိတာ ကြာပါပြီ။ ၁၉၉၆ ၀န်းကျင် ဆရာတော် တက္ကသိုလ်ကျောင်းသား ဘ၀ကတည်းက ရင်းနှီးခဲ့ကြတာပါ။ အဲ့ဒီတုန်းက ကျွန်တော်တို့ရဲ့ ဘာသာရေး အထိမ်းအမှတ် ပွဲတိုင်းလိုလိုမှာ ဆရာတော်ကို ပင့်ပြီး ဆွမ်းကပ်ပါတယ်။ ဆရာတော်ကလည်း ကြွပါတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု သက်သက်ပါ။ ဘာသာရေး ရည်ရွယ်ချက်နဲ့ စည်းရုံးဖို့တွေ ဘာတွေညာတွေ မပါပါဘူး။ ကျွန်တော်တို့ အလျဉ်းသင့်သလို ဘာသာရေး ဆွေးနွေးဖြစ်ကြတယ် ဆိုရင်လည်း အကြောင်းအရာ တစ်ခုခုကို သူ့ဘာသာရေးအမြင် ကိုယ့်ဘာသာရေးအမြင်နဲ့ သုံးသပ်ကြည့်ကြတာလောက်ပါပဲ။ ဘာသာအချင်းချင်း အပြန်အလှန် ချီးမွမ်းတာ၊ ကဲ့ရဲ့တာတွေ မရှိပါဘူး။ သက္ကရာဇ်နှစ်ထောင်ကျော်မှာ ဆရာတော် ရန်ကုန်ပြောင်းသွားတော့ ကျွန်တော်တို့ အဆက်အသွယ် ကျဲသွားခဲ့ပါတယ်။ ဆရာတော် စင်္ကပူရောက်သွားတဲ့ အခါမှာတော့ အွန်လိုင်းမှာ အမြဲတွေ့ဖြစ်ကြပါတယ်။ မာကြောင်းသာကြောင်း၊ သူဘာတွေ လုပ်နေတယ်၊ ကျွန်တော်တို့ ဘာတွေလုပ်နေတယ် ဆိုတာတွေ ပြောဖြစ်ကြပါတယ်။ လောလောဆယ် ကျွန်တ်ာတို့နိုင်ငံမှာ ဖြစ်နေတဲ့ ရုန့်ရင်းဆံခတ် ဖြစ်နေတာတွေကို ဆရာတော် မနှစ်သက်သလို ကျွန်တော်တို့လည်း မကြိုက်ပါဘူး။ အများနည်းတူ အေးအေးချမ်းချမ်း နေချင်ကြတာပါ။ ပြဿနာကို ဘယ်သူကြိုက်မှာလဲ။ ခု ကျွန်တော်တို့အဖွဲ့ အမာခံလူ (၂၅)ယောက်ပါ။ ဆရာတော်နဲ့ မတွေ့တာ ကြာတာရယ် . . . တစ်ခြား သီးသန့် တွေ့စရာ ကိစ္စတစ်ခုလည်း ရှိလို့ပါ။ ဘာသာရေး ကွဲပြားပေမယ့် အချင်းချင်း အပြန်အလှန် နားလည်နိုင်သလို ညီညွတ်အေးဆေးနိုင်တယ်ဆိုတာ ပြဖို့ ရည်ရွယ်တာပါ။ ဆရာတော်နဲ့ ကြိုပြီး ဖုန်းနဲ့ ဆွေးနွေးထားပြီးသားပါ။ လာရင်းကိစ္စက ကျွန်တော်တို့ ဆရာတော့်ဆီက သရဏဂုံသုံးပါး ခံယူကြမယ်။ ကိုယ့်သရဏဂုံနဲ့ ကိုယ်ပါ။ ငါးပါးသီလ ဆောက်တည်ကြမယ်။ ဗုဒ္ဓဘာသာတွေ ကျင့်သုံးတဲ့ ငါးပါးသီလကို ကျွန်တော်တို့ ဆန့်ကျင်စရာ မရှိပါဘူး။ အခုလိုလုပ်တာ ကျွန်တော်တို့ ဘာသာကူးပြောင်းတာ မဟုတ်ပါဘူး။ ညီညွတ်အေးချမ်းမှု သင်္ကေတ သက်သက်ပါ။”

(ကိုမြတ်ခိုင်ထွန်း)

----------
Comment: “APRIL FOOL!!!!”

No comments:

Post a Comment