Sunday, February 10, 2013

မိခင်




“သားအကြီးကို ခေါင်းတုံး (ဂဒုံး)လို့ ခေါ်ရတာက  . . . တပည့်တော်လျှောက်မယ် . . . ဒီလို။ တပည့်တော်က သားနှစ်ယောက်ရှိတာ တစ်ယောက်တော့ ရဟန်းဖြစ်စေချင်တာ။ သားတွေကို ခဏခဏ အလှူပေးပြီး ခဏခဏ ရှင်ပြုတာ။ သားအကြီးဆို ရှင်ပြုတာ (၁၈)ခါတောင် ရှိတယ်။ ခဏခဏ ကိုရင်ဝတ်ရတော့ ခေါင်းတုံးတုံးရတာကို ပြတ်တယ် မရှိတော့ဘူး။ ဟား ဟား ဟား။ သူ့ကို ခေါင်းတုံးလို့ပဲ ခေါ်ကြတော့တာ။

ကိုယ့်သားတွေ ဘုန်းကြီး မဖြစ်တော့လည်း သူ့များသားပေါ့။ ဒီတစ်ခါတော့ ဝေယံဘုံသာကျောင်းက ကိုရင်ကို ရဟန်းခံပေးမယ်။ ကိုရင်က ပထမလတ်တန်း။ ဘုန်းကြီးအမေ မဟုတ်လည်း သာသနာ့မိခင်ပေါ့။ ရဟန်းခံမှာကို ဦးဇင်း ညတရားဟောပေးမယ်ဆိုတော့ တပည့်တော် စိတ်ချမ်းသာသွားပြီဘုရား။”

ဒေါ်လှလှပြုံး
ဥပုသ်တော်ရပ်၊ နန်းရှေ့၊ မန္တလေး

No comments:

Post a Comment