Monday, December 3, 2012

ချမ်းမြေ့ရဂုံ


မြန်မာ ဗုဒ္ဓဘာသာ ပရိယတ္တိသာသနာတော်နှင့် သက်ဆိုင်သော ၀င်ခွင့်စာမေးပွဲ တစ်ခု၏ မေးခွန်းတစ်ခု ဘုရားလောင်း တောထွက်သည့် ရက်စွဲကို ဖော်ပြခိုင်းထား၏။

ဝင်ခွင့်ဖြေဆိုသူ ရဟန်းငယ် တစ်ပါးက အောက်ပါအတိုင်း ဖြေဆိုသည်။

“ဘုရားလောင်း တောထွက်သောနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အေးချမ်းသာယာသောကြောင့် ဖြစ်ပါသည်။”

-----
Comment:

အဆိုပါ ရဟန်းငယ် ၀င်ခွင့်စာမေးပွဲ ကျရှုံးမည်ဟု ယူဆနိုင်၏။
နောက်ဆက်တွဲ မေးခွန်းများကား အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဗုဒ္ဓ၀င်နှင့် မြန်မာရဟန်းငယ်တို့ မည်၍မည်မျှ မည်သို့မည်ပုံ ဆက်စပ်မှု ရှိသနည်း။

၂။ ဘယ်၍ဘယ်မျှထိ ဆက်စပ်ပတ်သက်ဖို့ လိုသနည်း။

၃။ “သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို” ရှင်မဟာရဋ္ဌသာရ မည်သို့ ဖွင့်ဆိုမည်နည်း။

၎။ ရဟန်းငယ်၏ အဖြေလွှာကို စစ်ဆေးသူ၏ သန္တာန် ငိုအားနှင့်ရယ်အား မည်သည့်အားက သန်မည်နည်း။

၅။ အထက် အကြောင်းအရာပါ ကိစ္စနှင့် စပ်လျဉ်း၍ လားပေါင်းမည်မျှ ရှိနိုင်သနည်း။

No comments:

Post a Comment