Sunday, September 2, 2012

"Local Weather"



များမကြာမီက ဧရာဝတီတိုင်း၌ ရေကြီးခဲ့သည်။ ထိုစဉ်က ဇာတိရွာသို့ ပြန်လေသော အခေါက်တိုင်း နွားစာကောက်ရိုး သယ်ယူနေကြသည့် ထော်လာဂျီများကို တွေ့နေကျ။ မိုးမကျသေး၍ နွားစာ ရှားသည်။ သို့ဖြစ်၍ နွားစာအတွက် ကြောင့်ကြစိုက်ကြသည်။ ထို့ပြင် နွေကဲ့သို့သော အညာအပူကိုလည်း ပုပုရွရွမကျန် ရင်ဆိုင်ကြရသည်။ ထိုအပူကို အသက်ရှစ်ဆယ်ကျော် လူမမာတစ်ယောက် မည်သို့ ရင်ဆိုင်ခဲ့ရမည်ကို မခန့်မှန်းချင်။

လူမမာ အနိစ္စရောက်ချိန်ထိ မိုးမကျခဲ့သေး။ ရုပ်ကြွင်းကို ငါးရက်ထား၍ မီးသင်္ဂြိုဟ်မည့်ရက် မတိုင်မီ တစ်ရက်အလိုမှ မိုးက သည်းတော့သည်။ ဆက်လက်၍ အကြိုည တစ်ညလုံး စွေနေသည်။ ဘယ်ချိန် စဲမည်မသိ။ လိုက်ပါပို့ဆောင်မည့် ဆွေမျိုးမိတ်သင်္ဂဟများနှင့် အရုဏ်ဆွမ်းမီ ကြွရောက်ချီးမြှင့်မည့် ပင့်သံဃာတော် သုံးဆယ့်ငါးပါး။ ကြော်လှော်ချက်ပြုတ်ကြသူများနှင့် လမ်းပြင်ကြသူ နေရာပြင်ကြသူများ။ နာရီပိုင်းအတွင်း ကျရောက်မည့် ခမည်းတော်ကြီး၏ နောက်ဆုံးခရီးကို မခန့်မှန်းချင်။

-----
Comment:
ဒေသစံတော်ချိန် နံနက် ၄နာရီ ၃၅
ရင်းရဲရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း

No comments:

Post a Comment