Friday, September 7, 2012

ပုံမဲ့ကာတွန်း (၁၅)


ကာတွန်းသား။  ။ “အီး . . .၊ အီး ဟီးဟီး . . . အီး . . .။”
 
ကာတွန်းအမေ။  ။ “ဟဲ့ သား . . ။ ဘာဖြစ်လို့ ငိုတာလဲ။”

ကာတွန်းသား။  ။ “သား ချော်လဲလို့ . . .။ နာတယ် . . .။”

ကာတွန်းအမေ။  ။ “ဟယ် . . .။ ဘယ်တုန်းက ချော်လဲတာလဲ။ ဘာဖြစ်သွားသေးလဲ။”

ကာတွန်းသား။  ။ “တစ်နာရီလောက် ရှိပြီ။ ဘာမှတော့ မဖြစ်ဘူး။ နာတယ် . . .။ အီး ဟီးဟီး . . .။”

ကာတွန်းအမေ။  ။ “လဲတာ ကြာလှပြီ။ အခုမှ ငိုရသလား ဟဲ့။”

ကာတွန်းသား။  ။ “လဲတုန်းက . . . မေမေ မရှိဘူးထင်လို့ မငိုတာ။ အီး . . .”

No comments:

Post a Comment