Friday, July 6, 2012

နတ်ကွပ်



ဤနေရာမှာ ထုတ်လုပ်ခဲ့ဟန်တူ၏။

-----

GSM လက်ကိုင်ဖုန်း ကြိုတင်ငွေပေးကဒ် ငွေထပ်မံ ဖြည့်သွင်းရန် ဤသို့ အတိအကျ ညွှန်ကြားထား၏။

-----

ငွေဖြည့်ရန်အတွက် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်လိုက်သည်။ ခဲကွက်ကို ခြစ်၍ လျှို့ဝှက်နံပါတ်ကို ရယူရန် ကြိုးစားသည်။ မျှော်လင့်ထားသည့် လျှို့ဝှက်နံပါတ်များ အပြည့်အစုံ မတွေ့ရပေ။ နောက်ဆုံးနံပါတ် တစ်ဆယ့်နှစ်လုံးသာ တွေ့ရသည်။ အစနံပါတ်များ ရှိရမည့် နေရာမှာ ကွက်လပ်ဖြစ်နေသည်။ နတ်ကွပ်ခြင်း ဖြစ်မည်။

-----
Commentary:
မွေးမွေးချင်း ဝှေးစေ့တစ်လုံးသာပါသော နွားထီးကို နတ်ကွပ်ဟုခေါ်ကြောင်း ငယ်စဉ်က မှတ်သားခဲ့ရဖူးသည်။ ကျေးလက်တောင်သူတို့ နွားသိုး၏ ဝှေးစေ့ကို ထု၍ ညှပ်၍ ဖျက်ခြင်းကို “နွားဝှေးပိုက်သည် (နွားဃွေးပိုက်သည်)၊ နွားဝှေးထုသည် (နွားဃွေးထုသည်)၊ နွားဝှေးညှပ်သည် (နွားဃွေးညှပ်သည်) နွားဝှေးကွပ်သည် (နွားဃွေးကွပ်သည်) . . .”ဟု ခေါ်ကြ၏။ သင်းကွပ်သည်ဟုလည်း ပြောကြ၏။ ကြမ်းသောထက်သော နွားသိုးများကို သိုးရှိန် (နွားသိုး၏ အရှိန်အ၀ါ)ကျပြီး သိမ်မွေ့ကာ ခိုင်းရကိုင်ရ လွယ်ကူအောင် ဝှေးပိုက်ကြ၏။ အမှန်မှာ နွားပျိုရည် ပျက်စီးအောင် ဖျက်ဆီးခြင်း ဖြစ်၏။ ထိုသို့ လူက ကွပ်ညှပ် ဖျက်ဆီးစရာ မလိုအောင် မွေးမွေးချင်း ဝှေးစေ့တစ်လုံး မပါလာသော နွားထီးကို “နတ်ကွပ်”ဟု ခေါ်ကြ၏။ လူ့ကိုယ်စား နတ်က ကွပ်ပေးလိုက်သည်ဟု ဆိုလို၏။ အမှန်မှာ နွား၏ကံနှင့် အခြားအကြောင်းတရားများကြောင့် ထိုတစ်လုံး လစ်လပ်ရခြင်း ဖြစ်သည်။

GSM ငွေဖြည့်ကပ် အလုံးများစွာ လစ်ဟာရခြင်းကား မည်သို့သော အကြောင်းအထောက်အပံ့ ရှိသည်ဟု တွက်ဆရန် ခက်ခဲ၏။ မည်သူ့မှာ တာဝန်ရှိသည်ဟု အပြစ်ဆိုရန်၊ မည်သူက ပေးလျော်မည်ဟု မျှော်လင့်ရန်လည်း လမ်းမရှိပေ။ မည်သို့ဆိုစေ ကျပ်ငွေတစ်သောင်း မတန်မရာ ပေးလိုက်ရသည်။ 

တစ်ဖန် မည်သို့ဆိုစေ . . . 
အမေ့ထံမှ ရရန် န၀ကမ္မ ၀တ္ထုငွေ = တစ်သောင်းကျပ်။

:)
ရှင်အာစာရ
7July2012

1 comment:

  1. Hi your blogs looks so impormative and interesting.would you come and visit us back too

    :http://motors.com.mm/?

    utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete