Saturday, June 2, 2012

ပုံမဲ့ကာတွန်း (၁၂)



ရွာဦးကျောင်း တစ်ကျောင်းမှာ ဖြစ်၏။

ကာတွန်းကျောင်းသား။ “ဆွမ်းခံ ပြန်လာပါပြီ ဘုရား . . .။”

ကာတွန်းဘုန်းကြီး။   ။ “အေး . . .။ ဘာဟင်းတွေ ပါလဲဟေ့။ ပြစမ်း။ ဟင်း . . .။ ဟင်းကတော့ကွာ . . .။ ဟင်း . . .။ ၀က်သတ်သံသာ ကြားရပြီး ၀က်သား မစားရတဲ့ ရွာမှာ ကျောင်းထိုင်ရတာ မနိပ်ပါဘူးကွာ။”

ကာတွန်းကျောင်းသား။  ။ “မှန်ပါ။ မနေ့ညက ၀က် အော်တာက . . . ၀က်သတ်တာ မဟုတ်ပါဘုရား။ ၀က်သိုး ခွေးပိုက်လို့ အော်တာပါဘုရား။”

-----
Comment:
ကျောင်းထိုင်ဆရာတော်ပင် ဖြစ်လင့်ကစား အထင်နှင့် အမြင် လွဲတတ်သည်။

No comments:

Post a Comment