Tuesday, July 12, 2011

Worrying about Coincidence - တိုက်ဆိုင်မှာစိုး

လူသုံးယောက် အရက်ဆိုင်ထိုင်ရင်း စကားလက်ဆုံကျနေရာ တိုက်ဆိုင်မှုအကြောင်း စကားရောက်သွား၏။

ပထမလူ။  ။    “တိုက်ဆိုင်ပုံများ ကျွန်တော့် မိန်းမ ‘မြို့နှစ်မြို့ပုံပြင်’ ဖတ်နေတုန်း နှစ်မြွာပူး မွေးတယ်ဗျာ။”

ဒုတိယလူ။  ။   “ရယ်စရာပဲ။ ကျွန်တော့်မိန်းမလည်း တိုက်ဆိုင်တာပဲဗျ။ ‘လက်နက်ကိုင် စစ်သည်တော်သုံးယောက်’ ဖတ်နေရင်း သုံးမြွာပူး မွေးတယ်လေ။”

တတိယလူ။  ။  “ဘုရား ဘုရား . . .။ ကျွန်တော် အိမ်ပြန်မှဖြစ်မယ်ဗျို့။”

                   “ဘာဖြစ်လို့လဲ”ဟု ကျန်နှစ်ယောက်က မေး၏။

သူ စိုးရိမ်ရသည့် အကြောင်းရင်းကို တတိယလူက ရှင်းပြလေသည်။
                   “ကျွန်တော် အိမ်က ထွက်လာတော့ ကျွန်တော့်မိန်းမက ‘အလီဘာဘာ နှင့် ခိုးသားလေးဆယ်’ ဖတ်နေတာဗျ။”

Shaun Miller
(p 144, Reader’s Digest rdasia.com, July 2011, Singapore)

No comments:

Post a Comment