Friday, March 11, 2011

Quotes (Mother Teresa) - ဆိုစကားများ (မာဿးား ထရီဇာ)


(Albanian and Indian citizen, 26 August 1910 – 5 September 1997)


Even the rich are hungry for love, for being cared for, for being wanted, for having someone to call their own.
ချမ်းသာတဲ့သူတွေတောင်မှ ချစ်ခြင်းမေတ္တာ ဆာလောင်ကြပါတယ်။ ပြုစုယုယတာ ခံချင်ကြပါတယ်။ နှစ်သက်လိုလားတာ ခံချင်ကြပါတယ်။ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ချင်ကြပါတယ်။

If we have no peace, it is because we have forgotten that we belong to each other.
ကျွန်မတို့ မငြိမ်းချမ်းကြဘူးဆိုရင် အဲဒါဟာ တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ကြတယ်ဆိုတာကို မေ့ခဲ့ကြလို့ ဖြစ်ပါတယ်။

If you can't feed a hundred people, then feed just one.
လူတစ်ရာကို မကျွေးနိုင်ရင် တစ်ယောက်ကိုသာ ကျွေးလိုက်ပါ။

Intense love does not measure, it just gives.
လေးနက်တဲ့ ချစ်ခြင်းမေတ္တာက မတိုင်းတာပါဘူး။ ပေးရုံသာ ပေးပါတယ်။

Let us not be satisfied with just giving money. Money is not enough, money can be got, but they need your hearts to love them. So, spread your love everywhere you go.
ငွေပေးရုံနဲ့တင် ကျေနပ်မနေကြပါစို့နဲ့။ ငွေနဲ့တင် မလုံလောက်ပါဘူး။ ငွေတော့ ရနိုင်တာပေါ့။ သူတို့လိုတာက ကျွန်မတို့ရဲ့ ချစ်တတ်တဲ့ နှလုံးသားပါ။ ဒါကြောင့် ဘယ်သွားသွား ချစ်မေတ္တာကို ဖြန့်ဝေပါ။

The most terrible poverty is loneliness and the feeling of being unloved.
အဆိုးဝါးဆုံး ဆင်းရဲခြင်းဟာ အထီးကျန်ခြင်း နဲ့ အချစ်မခံရပါလားဆိုတဲ့ ခံစားချက် ဖြစ်ပါတယ်။

Loneliness is the most terrible poverty.
အထီးကျန်းခြင်းဟာ ကြောက်စရာ အကောင်းဆုံး ဆင်းရဲခြင်း ဖြစ်ပါတယ်။

One of the greatest diseases is to be nobody to anybody.
ဘယ်သူ့အတွက်မှ ဘာမှမဟုတ်တဲ့လူ ဖြစ်ရတာဟာ အကြီးမားဆုံး ရောဂါဆိုး ဖြစ်ပါတယ်။


Love begins by taking care of the closest ones - the ones at home.
အနီးဆုံးလူတွေ အိမ်သူအိမ်သားတွေကို ဂရုစိုက်ရာကနေ ချစ်ခြင်းမေတ္တာ စတင်ပါတယ်။


Love is a fruit in season at all times, and within reach of every hand.
ချစ်ခြင်းမေတ္တာဟာ အမြဲတမ်း ရာသီသင့်နေတဲ့ သစ်သီး ဖြစ်ပါတယ်။ နောက်ပြီး အားလုံး လက်လှမ်းမီတဲ့ နေရာမှာ ရှိပါတယ်။

Spread love everywhere you go. Let no one ever come to you without leaving happier.
သွားလေရာမှာ ချစ်ခြင်းမေတ္တာ ဖြန့်ဝေပါ။ ကိုယ့်ဆီလာတဲ့သူ ပိုပြီး ပျော်မသွားဘဲ လှည့်ပြန်ရတာမျိုး မဖြစ်ပါစေနဲ့။

The hunger for love is much more difficult to remove than the hunger for bread.
ချစ်ခြင်းမေတ္တာ ဆာလောင်မှုဟာ ပေါင်မုန့်ဆာလောင်မှုထက် ပယ်ဖျောက်ဖို့ ပိုခက်ပါတယ်။


Peace begins with a smile.
ငြိမ်းချမ်းရေးဟာ အပြုံးတစ်ပွင့်နဲ့ စတင်ပါတယ်။

Let us always meet each other with smile, for the smile is the beginning of love.
အပြုံးဟာ ချစ်ခြင်းမေတ္တာရဲ့ အစ ဖြစ်တဲ့အတွက် အချင်းချင်း အပြုံးနဲ့ ဆုံတွေ့ကြရအောင်။

We shall never know all the good that a simple smile can do.
ရိုးရှင်းတဲ့ အပြုံးတစ်ပွင့်က လုပ်ပေးနိုင်တဲ့ ကောင်းမြတ်မှုတွေ ကုန်စင်အောင် ကျွန်မတို့ သိနိုင်မှာ မဟုတ်ပါဘူး။

We ourselves feel that what we are doing is just a drop in the ocean. But the ocean would be less because of that missing drop.
ကျွန်မတို့ လုပ်နေတာတွေဟာ ပင်လယ်ထဲက ရေတစ်ပေါက်လို့ ခံစားမိကြတယ်။ တကယ်တော့ အဲဒီတစ်ပေါက် လျော့သွားရင်ကိုပဲ ပင်လယ်ကြီး လျော့သွားမှာပါ။


:)
ရှင်အာစာရ


Ref (10 March 2011): http://www.brainyquote.com/quotes/authors/m/mother_teresa.html
Pictures from (10 March 2011):
http://www.kuryosity.net/pencil/pencil.html
http://www.moviesonline.ca/movienews_15368.html
http://3.bp.blogspot.com/_haaiv69SvwU/TAsHki5nWPI/AAAAAAAAFPY/sXivUBIFplk/s1600/MotherTeresa_quotes.jpg

No comments:

Post a Comment