Saturday, November 20, 2010

Brahmacariya (Third Portion) - ဗြဟ္မစိုရ်တရားတော်ကြီး (တတိယပိုင်း)

ဤတရားတော်၌ (၁၃၂)သွယ်သော မုဒိတာ ပွားနည်းကို ဟောတော်မူ၏။ ပွားများပုံမှာ ဤတရားတော် ဒုတိယပိုင်း၌ ဟောတော်မူသည့် ကရုဏာပွားနည်းနှင့် တူ၏။ ကိုယ့်ထက်သာသူအတွက် ၀မ်းမြောက်နိုင်ခြင်းသည် မုဒိတာဖြစ်ကြောင်း၊ “ကိုယ့်ထက်သာ မနာလို”တတ်သော ဣဿာသည် မုဒိတာ၏ ရန်သူဖြစ်ကြောင်း ဟောတော်မူ၏။ မုဒိတာကြောင့် ကောင်းကျိုးရပုံ၊ မနာလိုသည့် ဣသာကြောင့် နစ်နာပျက်စီးရပုံ ၀တ္တုသာဓကများကို ထုတ်ပြတော်မူ၏။ သူတစ်ပါး ဣဿာပွားနေသည်ကို တွေ့ရလျှင် အမှန်ဘက်က ရပ်တည်ထောက်ခံကြရန် အောက်ပါအတိုင်း ညွှန်ကြားတော်မူ၏။
လူတစ်ယောက်ကို အကြောင်းမဲ့ ဂုဏ်သိက္ခာကျအောင် ပြောဆိုနေတာကို ကြားရလျှင် စွမ်းနိုင်ပါက အမှန်ကို ရှင်းလင်းထုတ်ဖော်ပြီး ထိုသူရဲ့ ဂုဏ်သိက္ခာကို ထောက်ခံပြောဆိုပါ။
Mahasi Sayadaw - Brahmacariya3

No comments:

Post a Comment