Saturday, October 23, 2010

Full Moon - လပြည့်

သံဃံ, ဘန္တေ, ပ၀ါရေမိ ဒိဋ္ဌေန ၀ါ သုတေန ၀ါ ပရိသင်္ကာယ ၀ါ။ ၀ဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ။ ပဿန္တော ပဋိကရိဿာမိ။
ဒုတိယမ္ပိ . . . ။
တတိယမ္ပိ . . . ။

--------------

အတ္ထိပစ္စယော။ အဓိပ္ပာယ် အကျဉ်း - “အရှိတရားက ကျေးဇူးပြုတယ်”တဲ့။ (အဓိပ္ပာယ်အကျယ်ကတော့ တော်တော်ကျယ်တယ်။)

ဒီနေ့ လပြည့်နေ့မို့ ရာသီဥတုသာ သာယာမယ်ဆိုရင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ အဘိဓမ္မာနေ့ဆိုပြီး အဘိဓမ္မာ ရွတ်ကြပါလိမ့်မယ်။ အထူးသဖြင့် ပဋ္ဌာန်းပေါ့။  မြန်မာမှာက Solar Calendar သုံးတာမို့ ဒီနေ့မှ လပြည့်နေ့။ ဒီမှာက Lunar Calendar သုံးတာမို့ မနေ့က လပြည့်နေ့။ ဒီမှာလည်း ပဋ္ဌာန်းရွတ်ကြတယ် မနေ့က။ ဒီမှာက အဘိဓမ္မာနေ့ဆိုပြီး ပဋ္ဌာန်းသာ ရွတ်ချင်ကြတာ ဘယ်သူမှ Micကိုင်ပြီး ဦးမဆောင်ချင်ကြဘူး။ အသံမှ မကောင်းကြတာကိုး။ အသံကောင်းတဲ့ Micကိုင် ခေါင်းဆောင် ရှာကြရတာပေါ့။ ခေါင်းဆောင်တွေ့တော့မှ ရွတ်ကြရော။ ရွတ်တော့လည်း ကုလားလိုလို ကလေးလိုလို။ မပီသလိုပဲ ပဋ္ဌာန်းရွတ်သံက။ သူတို့ပြောတော့ အဲဒါ international pronunciation တဲ့။ ဘာပဲဖြစ်ဖြစ် အသက်ကြီးရင်လည်း ခဏတစ်ဖြုတ် ပြန်နားထောင်ရအောင် အဲဒီထဲကနေ နည်းနည်းဖြတ်ပြီး သိမ်းထားလိုက်တယ်။

No comments:

Post a Comment