ပျော်ရွှင်မှုကို ရှာဖွေခြင်း -
လူဆိုတာ မျှော်လင့်ချက် ရှိမှပဲ အသက်ရှင်ရပ်တည်နိုင်တာပါ။ အဓိပ္ပာယ် ဖွင့်ဆိုရရင် . . . မျှော်လင့်ချက်ဆိုတာ ပိုကောင်းတဲ့ အနာဂတ်ကို မြှော်ခေါ်စဉ်းစားတာ ဖြစ်ပါတယ်။ ရပ်တည်ရှင်သန်ဖို့အတွက် အနာဂတ်မှာ ပျော်ရွှင်နိုင်ရေး စိတ်ကူးစိတ်သန်း ရှိရမယ်လို့ ယုံကြည်ပါတယ်။
လူတွေဟာ သဘာဝအားဖြင့် ပျော်ရွှင်ချင်ကြတယ်၊ မဆင်းရဲချင်ကြဘူး ဆိုတဲ့ အချက်ကို လက်ခံတယ် ဆိုရင် ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုကို ဘယ်ကနေ ရနိုင်သလဲ ဖွင့်ဆို ဖော်ထုတ်ဖို့ လိုပါသေးတယ်။ ပျော်ရွင်ခြင်းဆိုတဲ့ စကားလုံးက တော်တော်လေးကို ယေဘုယျဆန်ပါတယ်။ ဒါ့ကြောင့် လူတွေရဲ့ ပျော်ရွှင်မှုအပေါ် နားလည်ပုံချင်း မတူနိုင်ပါဘူး။ ဥပမာအားဖြင့် . . . ဒီစာအုပ်ထဲမှာ ပျော်ရွှင်မှု အကြောင်းကို ဘာသာရေး ရှုထောင့်ကနေ ပြောမှာ မဟုတ်ပါဘူး။ ပရမတ္ထချမ်းသာ သန္တိသုခအကြောင်း ပြောမှာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ လူတိုင်း နားလည်ခံစားနိုင်တဲ့ သာမန် ပျော်ရွှင်မှုအကြောင်းကိုပဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။
စောစောပိုင်းက ပြောခဲ့သလို ဖွဲ့စည်းပုံ ရှုပ်ထွေးတဲ့ လူသားတွေမှာ ပျော်ရွှင်မှု ရရှိဖို့ မရိုးရှင်း မလွယ်ကူလှပါဘူး။ လူတွေရဲ့ ပျော်ရွှင်မှုဟာ ခွေးတွေ ကြောင်တွေရဲ့ ပျော်ရွှင်မှုနဲ့ မတူပါဘူး။ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ရိုးရှင်းတဲ့ အာရုံခံစားမှု လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဆိုရင် လူတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ အရာတွေက ဘာတွေလဲ။
လူသားရဲ့ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ အကြောင်းအချက် သုံးခု စိတ်ကူးထဲမှာ ချက်ချင်း တန်းပေါ်လာပါတယ်။ အများစုက လက်ခံနိုင်လောက်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ ငွေကြေး သို့မဟုတ် စည်းစိမ်ဥစ္စာ၊ ကျန်းမာခြင်းနဲ့ မိတ်ဆွေ သို့မဟုတ် အပေါင်းအဖော်တို့ပဲ ဖြစ်ပါတယ်။
(ဆက်ရန် . . . . .)
အနှစ်ချုပ် မြန်မာပြန်
BEYOND RELIGION
Ethics for a Whole World
His Holiness the Dalai Lama
No comments:
Post a Comment