Saturday, July 3, 2021

ယုံကြည်မှု နှင့် ယုံကြည်ရာ

July 1, 2021
----- 
 
ယုံကြည်မှု ပျက်သောအခါ အရာရာသည် ပြဿနာ ဖြစ်၏။ ယုံကြည်ရာ ခိုင်မြဲသူအတွက် မည်သည့်အရာမှ ပြဿနာ မဟုတ်တော့ပေ။
"အဖွား. .. .. . ကိုဗစ် ကာကွယ်ဆေး ထိုးမယ် မဟုတ်လား။"
"မထိုးတော့ပါဘူး ကွယ်။ ကြောက်ပါတယ်။"
"မကြောက်ရပါဘူး ဗျ။ စိတ်ချရပါတယ်။ သားတို့တောင် ထိုးပြီးပြီ။ ကိုးဆယ်ရာခိုင်နှုန်း ကာကွယ်တယ်ဗျ။"
"မင်းတို့က ဟိုတုန်းက ရထားတဲ့ အိန္ဒိယ ကာကွယ်ဆေးတွေ ထိုးထားတာဆိုတော့ ကာကွယ်ကြပေါ့။ ငါတို့ကျတော့ တရုတ်ဆေးတွေ၊ ရုရှားဆေးတွေ နေမှာပေါ့။"
"ဟား ဟား ဟား။ အဖွားကတော့ လုပ်ပြီ။ အန္ဒိယဆေးက သူ့တို့ဆီမှာတောင် အခြေအနေ ဆိုးနေလို့. .. .. . မရတော့ဘူးတဲ့ ဗျ။ ရတဲ့ဆေးပဲ ထိုးပေါ့ဗျာ။ မထိုးလို့တော့ မရဘူး ဗျ။"
"မဖြစ်မနေ တစ်အိမ်တစ်ယောက် ထိုးရမယ်ဆိုရင် ငါ့ထိုးကွယ်။ လက်ထိုးထိုး ခေါင်းထိုးထိုး ထိုးချင်ရာ ထိုး။ ဆေးထိုးအပ် မနှုတ်ခင် သေချင်​သေသွားစမ်း။ ကျန်တဲ့ အိမ်သားတွေတော့ ချမ်းသာပေးကြကွယ်။ ငါ့မိသားစုအတွက် ငါ့ကို ထိုးကြ။"
ယုံကြည်မှု ပျက်သောအခါ အရာရာသည် ပြဿနာ ဖြစ်၏။ ယုံကြည်ရာ ခိုင်မြဲသူအတွက် မည်သည့်အရာမှ ပြဿနာ မဟုတ်တော့ပေ။

No comments:

Post a Comment