တစ်ခါသော်
ရွာတစ်ရွာ၌ ဆင်ကို မမြင်ဖူးသည့် ပုဏ္ဏားကန်း ခြောက်ယောက် ရှိ၏။ ထိုပုဏ္ဏားတို့သည် အသက်နှစ်ဆယ်ကျော်မှ
ကန်းသူများ ဖြစ်ကြ၍ ဆင်ကို မမြင်ဖူးသော်လည်း သက်ရှိသက်မဲ့ များစွာကို မြင်ဖူးထားကြ၏။
တစ်နေ့သ၌ ထိုပုဏ္ဏားတို့ စုဝေးကြပြီး ဆင်၏ပုံသွင် မည်သို့ရှိသည်ကို စူးစမ်းရန် တိုင်ပင်ကြပြီး
ဆင်တစ်ကောင်ကို ဆောင်ယူစေကာ ဆင်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်၍ ဆင်၏ပုံသွင် မည်သို့ဖြစ်သည်ကို
ပြောဆိုဆွေးနွေးကြလေ၏။
၁။ ရှေးဦးစွာ
ပုဏ္ဏားတို့၏ ဦးဆောင် ခေါင်းဆောင် ထွဋ်ခေါင် အချုပ်အချာ အာကျယ်စွာကျယ် ဆရာလည် ပုဏ္ဏားကြီးသည်
ဆင်၏ နှာမောင်းကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“အဟမ်း၊ အဟမ်း။
ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့ မယုံရင် စမ်းကြည့်ကြပါ။
ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။”
၂။ ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ အစွယ်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“ငါ့ရှင်တို့
. . . ဆင်ဆိုတာ . . . လှံတစ်ချောင်း . . .”
ထိုစဉ် ဆရာပုဏ္ဏားကြီးက
အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်၏။
“အဟမ်း။”
ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။
“အင်း .
. . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့
မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ .
. .။”
၃။ ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ နားရွက်ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“ငါ့ရှင်တို့
. . . ဆင်ဆိုတာ . . . ယပ်တောင်တစ်ချောင်း . . .”
ထိုစဉ် ဆရာပုဏ္ဏားကြီးက
အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။
“အဟမ်း။”
ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။
“အင်း .
. . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့
မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ .
. .။”
၎။ ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ လက်ခြေတို့ကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“ငါ့ရှင်တို့
. . . ဆင်ဆိုတာ . . . ကျွန်းတိုင် . . .”
ထိုစဉ် ဆရာပုဏ္ဏားကြီးက
အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။
“အဟမ်း။”
ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။
“အင်း .
. . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့
မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ .
. .။”
၅။ ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ နံပါးကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“ငါ့ရှင်တို့
. . . ဆင်ဆိုတာ . . . အုတ်နံရံ . . .”
ထိုစဉ် ဆရာပုဏ္ဏားကြီးက
အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။
“အဟမ်း။”
ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။
“အင်း .
. . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့
မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ .
. .။”
၆။ ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားတစ်ယောက်သည် ဆင်၏ အမြီးဖျားကို လက်နှင့် ကိုင်တွယ်စမ်းသပ်ကာ ဆင်၏အသွင်ကို ပြောပြ၏။
“ငါ့ရှင်တို့
. . . ဆင်ဆိုတာ . . . သားမြီးယပ် . . .”
ထိုစဉ် ဆရာပုဏ္ဏားကြီးက
အသံပြင်းပြင်းနှင့် ချောင်းဟန့်လိုက်ပြန်၏။
“အဟမ်း။”
ထို့နောက်
နောက်လိုက်တပည့် ငတိ ပုဏ္ဏားက ဆက်ပြော၏။
“အင်း .
. . အဲ . . .။ ငါ့ရှင်တို့ . . . ဆင်ဆိုတာ စပါးကြီးမြွေတစ်ကောင်လိုပါပဲ။ ငါ့ရှင်တို့
မယုံရင် စမ်းကြည့်ကြပါ။ ဆင်ဆိုတာ စပါးကြီးမြွေထက် ဘာမှ မပိုပါဘူး။ ဟင်း . . . အဲ .
. .။”
ဤသို့လျှင်
ပုဏ္ဏားကန်းတို့သည် ဆင်ဆိုသည်မှာ ဆရာကြီး၏ ချောင်းဟန့်သံသာဖြစ်ကြောင်း သတ်မှတ်လိုက်ကြလေသတည်း။
:)
ရှင်အာစာရ
(ခေတ္တ မန္တလေး)
No comments:
Post a Comment