Monday, January 29, 2024

ကုသိုလ်လည်းရ ဝမ်းလည်းဝ (၁)

 

စားသတိ -

လုပ်နေကျ အလုပ်တွေကို လုပ်နေရင်း သတိပဋ္ဌာန်တရား ပွားများနိုင်ပါတယ်။ လမ်းလျှောက်တာ၊ ထိုင်နေတာ၊ အလုပ်လုပ်တာ၊ စားသောက်တာ အစရှိတဲ့ လုပ်နေကျ ကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ ဘာလုပ်နေတယ် ဆိုတာ သိနေတဲ့ သတိနဲ့ လုပ်ဖို့ပါပဲ။ စားနေခိုက်မှာ စားနေတယ်လို့ သိပါတယ်။ တံခါးဖွင့်တဲ့ အခါမှာ တံခါးဖွင့်နေတယ်လို့ သိပါတယ်။ ကိုယ့်ရဲ့ အသိစိတ်ဟာ ကိုယ်လုပ်တဲ့ အပြုအမူနဲ့အတူ ရှိနေပါတယ်။
 
သစ်သီးလေးတစ်ဖဲ့ ကိုယ့်ပါးစပ်ထဲ ထည့်လိုက်ချိန်မှာ သတိလေးနဲ့ သိမှတ်လိုက်ဖို့ပဲ လိုပါတယ်။ "ငါ့ပါးစပ်ထဲ ပန်းသီးတစ်ဖဲ့ ထည့်နေတယ်"လို့ သိမှတ်လိုက်ရုံပါပဲ။ တစ်ခြား နေရာဆီ စိတ်မရောက်ရပါဘူး။ ပန်းသီးကို ဝါရင်း အလုပ်အကြောင်း စဉ်းစားနေတယ်ဆိုရင် သတိရှိတဲ့ စားသုံးမှု မဟုတ်တော့ပါဘူး။ ပန်းသီးဆီ အာရုံစိုက်တယ်ဆိုရင် အဲ့ဒါဟာ သတိပဋ္ဌာန်ပါပဲ။
 
ဆက်ပြီးတော့ နက်နက်နဲနဲ ရှုမြင်နိုင်ပါတယ်။ အရမ်းတိုတောင်းတဲ့ အခိုက်တန့်လေး အတွင်းမှာ ပန်းသီးမျိုးစေ့ကို မြင်ပါမယ်။ လှပတဲ့ ဥယျာဉ်ခြံနဲ့ ကောင်းကင်ကြီး၊ စိုက်ပျိုးတဲ့ တောင်သူ၊ ပန်းသီးခူးဆွတ်သူ စသည်ပေါ့။ အဲ့ဒီ ပန်းသီးထဲမှာ အလုပ်တွေ အများကြီး ပါပါတယ်။
 
Ref: "Mindful Eating" from "How to Eat" by Thich Nhat Hanh

No comments:

Post a Comment