Monday, July 26, 2021

ရွံစရာ နဲ့ ထူးရှယ်ရွံစရာ

 July 22, 2021


-----
လက်ရှိ ကြုံနေကြရတဲ့ အ​ထွေထွေ မြန်မာ့ဒုက္ခဟာ သံဃာကို ပြစ်မှားလို့ ဖြစ်လာတာဆိုတဲ့ သဘောမျိုး ပါတဲ့ အဆိုနဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေ ကြားမိလိုက်တယ်။ အဆိုတစ်ခု အပေါ် ထုံးစံအတိုင်း ဝိုင်းအာကြသူတွေထဲမှာ . . . . .
 
ဓမ္မဗျူဟာလိုမျိုး၊ ဓမ္မရံသီလိုမျိုး လစဥ်ထုတ် ဗဟုသုတတွေ၊ မကြာသေးခင်ကအထိ ခေတ်ကောင်းထခဲ့တဲ့ အထူးတရားပွဲ ဗဟုသုတတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး ဝင်ခင်းတာကတော့ . . . . . သနားစရာပါ။ အရေးမပါဘဲ အရာဝင်ချင်တဲ့ အုပ်စု။
ပိုကြီးတဲ့ စာအုပ်တွေနဲ့ ကိုင်ပေါက်လိုက်မယ် ဆိုတဲ့ အချိုးမျိုးကလည်း သနားစရာပါပဲ။ ငါကွရယ်လို့ အပေါ်က စီးချင်တဲ့ အုပ်စု။
နပ်နပ်ပတ်ပတ် လေ့လာအားနဲ့ မမှားသင့်တာ မမှားအောင် သတိပေးတာ ဆိုရင်တော့ ... .. .. အသိအမှတ် ပြုရပါမယ်။ စေတနာ အုပ်စု။ အုပ်စုတွေ ဒီထက်မက ခွဲလို့ရပါသေးတယ်။ ထားပါတော့။ 
 
ဒီကိစ္စမှာ ဟုတ်တယ်၊ မဟုတ်ဘူး၊ ဘယ်လောက် မှန်တယ်၊ ဘယ်လောက်မှားတယ် အဆုံးအဖြတ်နဲ့ ဝင်မရှည်လိုပါ။ အခြေအနေ အကြောင်းခြင်းရာ မျိုးစုံပါအောင် ထည့်ညှိနိုင်ဖို့ပဲ အကြံပေးပါတော့မယ်။ ဘက်စုံကြည့်ပြီး ကြိုက်ရာယူပါ။ ဘယ်အုပ်စုထဲက ဖြစ်ဖြစ်၊ ဘယ်ဘက်က ရပ်တည်သူ ဖြစ်ဖြစ် သက်ဆိုင်သူတို့ရဲ့ မူလရည်ရွယ်ရာနဲ့ ပတ်သက်လို့ကတော့ ပြောချင်လာတယ်။ 
 
အထူးသဖြင့် အထွေထွေ ဒုက္ခရဲ့ အကြောင်းမျိုးစုံကို ရိုးသားစွာ ရှုမြင်တာမျိုး မဟုတ်ဘဲ ဘာသာရေး အကြောင်းပြချက်နဲ့ တစ်ခြားအကြောင်းကို ဖုံးဖိပေးဖို့ ရည်ရွယ်တာမျိုးဆိုရင်တော့ ... .. .. ရွံပါတယ်။ အလိုတူ အလိုပါ နောက်ကပင့်ပြီး. .. .. . မလုပ်ကြပါနဲ့ ဟဲ့၊ ဘုန်းဘုန်းစကား နားထောင်ကြပါ ဟဲ့ ဆိုတဲ့ ဓာတ်တူနံတူ ဖုံးဖိချင်တဲ့ အတွန်းတွေကိုတော့ ထူးရှယ် ရွံမိပါကြောင်း။
 
🙂
ရှင်အာစာရ
 
စကားကြွင်း -
လက်ရှိ ဖော်နေတဲ့ အဓိပ္ပါယ်မျိုးအတိုင်း) သံဃာကို ပြစ်မှားလို့ ကပ်ဘေးသင့်တယ်ဆိုရင် ဒကာဒကာမအပေါ် ကျေးဇူးကန်းရင်ရော ဘာဘေး သင့်နိုင်ပါသလဲ။ အနာပတ္တိလား။

No comments:

Post a Comment